News

POST TAGGED AS

လူမှုကွန်ရက်

06-Sep-2018 tagged as လူမှုကွန်ရက်
VK ဆိုတာ VKontakte ရုရှားဘာသာစကားအရ ဆက်သွယ်ခြင်း (In Contact) ဟု အဓိပ္ပာယ်ရပါတယ်။ VK လူမှုကွန်ရက် သုံးစွဲသူ ရုရှားနိုင်ငံတွင် သန်းပေါင်း ၆၀ ကျော်ရှိပြီး အခြားကမ္ဘာ့နိုင်ငံများမှ သုံးစွဲသူပေါင်း သန်း ၄၆၀ ကျော် ရှိပါတယ်။ VK ကို ၂၀၀၆ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ကစပြီး စတင်အသုံးပြုခဲ့တာဖြစ်ပြီး ကမ္ဘာ့ဘာသာစကား ၈၆ မျိုးအထိ အသုံးပြုလို့ရကြောင်း စာရေးသူ လေ့လာမိပါတယ်။
မန္တလေးမြို့အတွင်းနဲ့ ဝန်းကျင်ဒေသမှာ ဖြစ်ပေါ်နေတဲ့ ဒီဖြစ်စဉ်ဖြစ်ရပ်တွေဟာ အခုလို နည်းပညာ မြင့်မားလာပြီး လူတိုင်းကိုယ်စီ Social Media ဖြစ်တဲ့ Facebook သုံးစွဲနေကြတဲ့ကာလမှာ အခြား တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ၊ နိုင်ငံရပ်ခြားတွေအထိ ပျံ့နှံ့နေပြီး ဒီအပေါ် စိုးရိမ်စိတ်၊ မြို့ခံလူထုအတွက် ကိုယ်ချင်းစာစိတ်တွေလည်း ဖြစ်ကြရရင်း ပြင်ပကနေ အခုလို အပြုသဘော ဝေဖန်ထောက်ပြ အကြံပေးနေကြတာကိုလည်း နားစိုက်ထောင်သင့်နေပါပြီ။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် ပြည်ထောင်စုအဆင့်နှင့်တိုင်း အစိုးရအဖွဲ့တို့ကို အကြည်ညိုပျက်စေရန် လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် ရေးသားသူများကို ဆက်သွယ်ရေးဥပဒေ ဖြင့်အရေးယူမည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ မကွေးတိုင်းက ဩဂုတ်လ ၁၃ ရက်နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည်။
တကယ်ဆို လိုင်းပေါ်မှာတင်တဲ့အခါပဲဖြစ်ဖြစ်၊ အပြင်မှာ ပြောတဲ့ ဆိုတဲ့အခါပဲဖြစ်ဖြစ် ကိုယ်တန်ဖိုးထားတဲ့ စံနှုန်းတွေအတိုင်းသာ ပြောဆို ရေးသား၊ သုံးနှုန်းသင့်ပါတယ်။ တစ်ဖက်လူကို လှောင်တဲ့ပြောင်တဲ့ကိစ္စတွေ၊ ထိခိုက်နစ်နာသွားလောက်အောင် ဝေဖန်ပုတ်ခတ်မှုတွေ၊ တစ်ဖက်လူရဲ့ ကိုယ်ခန္ဓာနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ်၊ အပြောအဆို၊ အပြုအမူနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ် အလွန်အမင်း ပြစ်တင် ရှုတ်ချ ရယ်ပွဲဖွဲ့မှုတွေကို တတ်နိုင်သမျှ ရှောင်ရှားသင့်ပါတယ်။
လူမှုကွန်ရက်တွင် လုပ်ကြံဖန်တီးထားသည့် သတင်းတုများနှင့် အမုန်းစကား ဖြန့်ဝေမှုများကို အရေးယူနိုင်ရန် ပြည်ထဲရေးဝန်ကြီးဌာနနှင့် နားလည်မှုစာချွန်လွှာ MoU လက်မှတ်ထိုးရန် မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီက စီစဉ်နေကြောင်း ကောင်စီအတွင်းရေးမှူး ဦးသီဟစောက ပြောကြားသည်။
24-Jul-2018 tagged as လူမှုကွန်ရက်
ငါးပိနှင့် ငံပြာရည်များတွင် လူသေ အသားများဖြင့် ထုတ်လုပ်ရောင်းချနေသည်ဟူသည့် သတင်းဖြန့်ချိမှုမှာ မဟုတ်မှန်ကြောင်း ငါးပိ ငါးခြောက်၊ ငံပြာရည် ထုတ်လုပ်ရောင်းချသူများအသင်း အတွင်းရေးမှူး ဦးထွန်းစိန်က ပြောကြားသည်။
မောင်တောမြို့၌ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားသည်ဟု ကောလာဟလသတင်း လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ဖြန့်ဝေခဲ့သော အလွတ်တန်းသတင်းထောက် ကိုမြတ်သူထွန်း (ခ)ဖိုးသီဟကို ဇွန်လ ၁၂ ရက်က ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၈ (က) ဖြင့် အမှုဖွင့်လိုက်ကြောင်း မြောက်ဦးမြို့မ ရဲစခန်းမှူး ဒုရဲမှူးအောင်သူရက ပြောကြားသည်။
တိုက်ကြီးမြို့နယ်၊ အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်ရှိန်က လူမှုကွန်ရက်စာမျက်နှာ ဖေ့စ်ဘွတ်ခ်အကောင့်နှစ်ခုဖြစ်သည့် Myo Min Min အကောင့်နှင့် ဘရန်စိုင်း အကောင့်နှစ်ခုကို ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် တိုက်ကြီးမြို့မ ရဲစခန်းတွင် တိုင်ကြားထားကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။
မည်သည့် စစ်ပွဲ တိုက်ပွဲတွင်ဖြစ်စေ အပြစ်မဲ့ ပြည်သူများ သေဆုံးရခြင်း၊ အိုးပစ်၊ အိမ်ပစ် ထွက်ပြေးတိမ်းရှောင်ရခြင်း၊ နှစ်ဖက် လက်နက်ကိုင်စစ်သည်များ သေဆုံးရခြင်း စသည့် မည်သည့် အနုတ်လက္ခဏာအကျိုးဆက်မျိုးကိုမဆို ဖြစ်ပေါ်စေသူမှန်သမျှ တစ်နည်းအားဖြင့် စစ်ပွဲဖန်တီးသူမှန်သမျှကို အခြေခံ လူသားစိတ်ရှိသူတိုင်း ဆန့်ကျင်ခြင်းမှာ သဘာဝကျသည်။
မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံတွင်သာမက ကမ္ဘာအရပ်ရပ်တွင်ပါ တစ်နေ့တခြား အသုံးများတွင်ကျယ်လာသော ဖေ့စ်ဘွတ်ခ် အပါအဝင် လူမှုကွန်ရက်များသည် သုံးတတ်လျှင်ဆေး၊ မသုံးတတ်လျှင် ဘေးကြုံရနိုင်သည့်အတွက် သက်ဆိုင်ရာ အစိုးရတို့က အခြေခံ လူ့အခွင့်အရေးကို မထိခိုက်စေသော ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများဖြင့် စောင့်ကြပ်၊ ထိန်းညှိ၊ အကာအကွယ်ပေး၊ လိုအပ်ပါက အရေးယူခြင်းတို့ဖြင့် တုံ့ပြန်လာကြရသည်။