News

POST TAGGED AS

လုယက်မှု

သာကေတမြို့နယ်၊ ကန်သာယာလမ်းတွင် ခရီးသည်၏ လက်ဝတ်ရတနာများ ပါသည့်အိတ်ကို ယူဆောင်မောင်းပြေးသည့် အငှားယာဉ်မောင်းအမျိုးသားကို ဖမ်းမိခဲ့ကြောင်း ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။
လှိုင်သာယာမြို့နယ်၊ အမှတ် (၃) ရပ်ကွက်ရှိ ပီမိုးနင်းလမ်းတွင် ခိုးမှု၊ လုယက်မှုများ ကျူးလွန်ထားကြောင်း သတင်းရရှိထားသည့် အမျိုးသားသုံးဦးကို ဖမ်းဆီးစစ်ဆေးရာမှ ပြစ်မှု ၉ မှု ကျူးလွန်ခဲ့သည်ကို စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
ချမ်းအေးသာစံမြို့နယ် သင်္ဂဇာချောင်းဘေး၌ ချိန်းတွေ့သည့် သမီးရည်းစားစုံတွဲ ဇန်နဝါရီလ ၇ ရက်နေ့ ည ၈ နာရီခန့် အချိန်က မော်တော်ဆိုင်ကယ်နှင့် လက်ကိုင်ဖုန်း လုယူခံခဲ့ရကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။
08-Jan-2018 tagged as ပြည် လုယက်မှု
ပြည်မြို့ နဝဒေးလမ်းအတိုင်း ဆိုင်ကယ်မောင်းနှင်လာသော ညီအစ်မနှစ်ဦးထံမှ ပိုက်ဆံအိတ်ကို ဆိုင်ကယ်ဖြင့် အမျိုးသားနှစ်ဦးက လုယက်ခဲ့ရာ အဆိုပါညီအစ်မနှစ်ဦးက လိုက်လံဖမ်းဆီးခဲ့သဖြင့် လုယက်သူအမျိုးသားနှစ်ဦး ဆိုင်ကယ်ထားပြီး ထွက်ပြေးခဲ့ရကြောင်း ပြည်မြို့မရဲစခန်းတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဒဂုံမြို့နယ် ပြည်လမ်း တော်ဝင်စင်တာရှေ့မှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ကျပ် ၁၅၀၀ ဖြင့် လိုက်ပို့ဆောင်ခိုင်းသည့် ခရီးသည်အမျိုးသမီးတစ်ဦးကို ဓားဖြင့်ထောက်ကာ လက်ကိုင်ဖုန်း၊ ငွေနှင့် ရွှေနားဆွဲတစ်ရန် လုယက်သွားသည့် အငှားယာဉ်ပေါ်မှ အမျိုးသားလေးဦးကို ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
30-Dec-2017 tagged as လုယက်မှု
ကျောက်ဆည်မြို့ ဆင်နှစ်ကောင်ရပ်ကွက်ရှိ ကျောက်ဆည်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးစာရေးမ၏ နေအိမ်အတွင်းသို့ မြစ်သားမြို့နယ်ရဲတပ်ဖွဲ့မှ ရဲတပ်သားတစ်ဦးက ဝင်ရောက်ကာ ဓားထောက်လုယက်ခဲ့ကြောင်း ကျောက်ဆည်မြို့မရဲစခန်းထံမှ သိရှိရသည်။
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်၊ ရန်ကုန်-မန္တလေးလမ်း (စက်ဘီး/ဆိုင်ကယ်လမ်း)၊ ILBC ကျောင်းရှေ့တွင် ဒီဇင်ဘာလ ၁၆ ရက်နေ့က ပိုက်ဆံအိတ်လုယူ ထွက်ပြေးမှုဖြစ်ပွားခဲ့ရာ လုယက်သူ နှစ်ဦးကို ချက်ချင်း ဖမ်းဆီးနိုင်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
လှိုင်သာယာမြို့နယ်အတွင်း အမျိုးသမီးနှင့် ကလေးငယ်များတွင် ဝတ်ဆင်ထားသည့် ရွှေဆွဲကြိုးများကို ဆွဲဖြုတ် လုယူထွက်ပြေးနေသည့် လူငယ်အဖွဲ့ကို ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
03-Dec-2017 tagged as လုယက်မှု
တောင်ဥက္ကလာပမြို့နယ်၊ မိုးဆွေလမ်းတွင် လမ်းလျှောက်နေသော အမျိုးသမီးနှစ်ဦးထံမှ ပိုက်ဆံအိတ်ကို မော်တော်ဆိုင်ကယ်စီး၍ လုယူထွက်ပြေးသူများကို ရပ်ကွက်နေသူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ရာ တစ်ဦးဖမ်းမိခဲ့ပြီး နှစ်ဦးမှာ လွတ်မြောက်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
13-Nov-2017 tagged as လုယက်မှု
စမ်းချောင်းမြို့နယ်၊ စမ်းချောင်း (တောင်) ရပ်ကွက်၊ မြင့်မိုရ်လမ်းပေါ်တွင် နိုဝင်ဘာလ ၈ ရက် ည ၉ နာရီခွဲခန့်က အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦး၏ ဦးခေါင်းကို ခဲဖြင့်ထုပြီး ဖုန်းလုယူထွက်ပြေးသည့် အမျိုးသားကို ဖမ်းမိထားကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။