News

POST TAGGED AS

လုပ်ငန်း

ကာစီနိုလောင်းကစားကို နိုင်ငံခြားသားသာ သီးသန့်ကစားခွင့်ရရန် လောင်းကစားဥပဒေကို ပြန်လည်ပြင်ဆင်၍ ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်ပြီဖြစ်သည်။
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအနေနှင့် ပြည်တွင်းဘုရားဖူးလုပ်ငန်းတွင် ရထားနှင့်ရေကြောင်းခရီးမှ သင်္ဘောများဖြင့် ဘုရားဖူးပို့ဆောင်ခြင်းကို ပြည်တွင်းဘုရားဖူးနှင့်ခရီးသွားဝန် ဆောင်မှုအသင်းနှင့် ပူးပေါင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင့်သွင်က ပြောကြားသည်။
မြန်မာနိုင်ငံတွင် တည်ထောင်ထားသော ပြည်တွင်းပြည်ပကုမ္ပဏီများနှင့် စီးပွားရေးလုပ်ငန်း အဖွဲ့အစည်းများအနေနှင့် လုပ်ငန်းဆောင်ရွက်သည့်အခါ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အစိုးရအဖွဲ့များကိုလည်းကောင်း၊ ပုဂ္ဂလိကကဏ္ဍအတွင်းရှိ ကုမ္ပဏီများနှင့် အဖွဲ့အစည်းများ အချင်းချင်းလည်းကောင်း အဂတိလိုက်စားမှုများ မပြုလုပ်ရန် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ကြေညာသည်။
ရွှေတူးဖော်ခွင့်မရပ်ဆိုင်းခင်အထိ တူးဖော်ပြီးသော ဖြုန်းအိတ်များကို ရွှေသန့်စင် ထုတ်လုပ်ခွင့်ပြုပေးရန် တိုင်းရင်းသားရွှေလုပ်ငန်းရှင်များက နိုင်ငံတော်အစိုးရထံ တောင်းဆိုထားကြောင်း ရမည်းသင်းမြို့နယ် မိုးထိမိုးမိဒေသခံ ရွှေတူးဖော်ထုတ်လုပ်သူများ အခွင့်အရေးဆိုင်ရာ ကော်မတီဝင်များက ပြောကြားသည်။
ဆက်သွယ်ရေးလုပ်ငန်းတစ်ခု ဖြစ်သည့် Amara Communications ၏ Ananda 4G Broadband ဝန်ဆောင်မှုသည် ရန်ကုန်မြို့တွင် ၂၅ မြို့နယ်သာ ကွန်ရက်လွှမ်းခြုံထားနိုင်သေးကြောင်း အဆိုပါကုမ္ပဏီထံမှ သိရသည်။
ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်က အရည်အသွေးညံ့ ဆောက်လုပ်ရေးပစ္စည်းများ သုံးစွဲကာ ဆောက်လုပ်ခဲ့သည့် ကုမ္ပဏီနှစ်ခုကို ဆောက်လုပ်ခွင့် ရပ်နားစေခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးက ပြောသည်။
ပြည်တွင်း လက်လီလက်ကား လုပ်ငန်းဈေးကွက်သို့နိုင်ငံခြားသားပိုင် ကုမ္ပဏီ၊ မြန်မာနိုင်ငံသားနှင့် နိုင်ငံခြားသား ပေါင်းစပ်ထားသည့် ဖက်စပ်ကုမ္ပဏီများကို လုပ်ငန်းလုပ်ကိုင်ခွင့် စတင်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။
ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ ပြည်တွင်း၊ ပြည်ပမှ တင်သွင်း၊ တင်ပို့သည့် လုပ်ငန်းများအနေနှင့် ၂၀၁၈ ခုနှစ် မေလမှစတင်၍ လုပ်ငန်းလိုင်စင်နှင့် မှတ်ပုံတင်လက်မှတ်များ စတင်လျှောက်ထားရမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာနထံမှ သိရသည်။
စည်ပင်သာယာရေးကော်မတီ၏ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ်လုပ်ငန်း လိုင်စင်စီအဟောင်းများကို၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ် အပိုင်း ၁၊ ပထမခြောက်လအတွက် လုပ်ငန်းလိုင်စင် ၈၄ ခုကို သက်တမ်းတိုးစနစ်ဖြင့် မတ်လ ၁၄ ရက်နေ့က လုပ်ကိုင်ခွင့်ပြုချထားပေးခဲ့ကြောင်း ဟင်္သာတမြို့နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။
မြန်မာနိုင်ငံ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ အပါအဝင် ထိုင်း၊ တရုတ်၊ လာအိုနိုင်ငံတို့ ပူးပေါင်းချိတ်ဆက်ကာ ခရီးသွားလုပ်ငန်း မြှင့်တင်မည်ဖြစ်ရာ ထိုင်းနိုင်ငံ၊ ချင်းရိုင်မြို့ Wieng Inn Riverside Resort တွင် မတ် ၁၄ ရက်မှစတင်ပြီး ယင်းလေးနိုင်ငံမှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့သည်။