News

POST TAGGED AS

လိုင်စင်

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်ရှိ ဆိုင်ကယ်အရောင်းပြခန်းနှင့် ဆိုင်ကယ်ပွဲစားတန်းများမှ ရောင်းချသူများကို ယာဉ်လိုင်စင်၊ အရောင်းလိုင်စင် ပြုလုပ်ပြီးမှရောင်းချရန် ဇူလိုင်လ ၃၁ ရက်က မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၌ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ထိန်းသိမ်းရေးကော်မတီက ထပ်မံခေါ်ယူကာ အသိပေးလိုက်သည်။
ကားနဲ့ပတ်သက်လို့ လုပ်ငန်းလုပ်မယ်ဆိုရင် လုပ်ငန်းလိုင်စင်အမျိုးအစား ငါးခုရှိပါတယ်။ အဲဒါတွေကတော့ “က”၊ “ခ”၊ “ဂ”၊ “ဃ” နဲ့ “င” ဆိုပြီးဖြစ်ပါတယ်။
မွန်ပြည်နယ် ၁၀ မြို့နယ်ရှိ ပရဟိတ လူမှုကယ်ဆယ်ရေး အဖွဲ့အစည်းများ အသုံးပြုနေသည့် အရေးပေါ်လူနာတင်ယာဉ်များအနက် လိုင်စင်မရှိသော လူနာတင်ယာဉ်များကို ဖမ်းဆီးမည်ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ဇူလိုင်လ ၁၀ ရက်က ပြုလုပ်သည့် မွန်ပြည်နယ်အစိုးရအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ဆိုင်ကယ်လိုင်စင် လျှောက်ထားမှုများကို လုပ်ဆောင်ပေးနေသော်လည်း လိုင်စင်လာရောက်လျှောက်ထားသူ နည်းပါးနေကြောင်း ဗန်းမော်ခရိုင် ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာနမှ ဦးစီးမှူး ဦးဇော်မျိုးဝင်းက ပြောသည်။
ရန်ကုန်လိုင်စင်ဖြင့် မော်တော်ယာဉ်တင်သွင်းခွင့်ကို ကနဦးက ဇွန်လအတွင်း ပြန်လည်ပေးအပ်မည်ဆိုထားခြင်းကို ဆိုင်းငံ့လိုက်ခြင်းကြောင့် ယာဉ်အိုယာဉ်ဟောင်း စလစ်ဈေးနှုန်းများ ပြန်လည်မြင့်တက်ကြောင်း မော်တော်ယာဉ်ဈေးကွက်အတွင်းမှ သိရသည်။
လယ်ယာမြေကို အခြားနည်းသုံးစွဲခွင့်ပြုသည့် လန ၃၉ လိုင်စင်မရှိဘဲ ငါးကန်၊ ပုစွန်ကန်တူးဖော်သူများကို ဒဏ်ကြေးကျပ် ၁၀ သိန်း ကောက်ခံလျက်ရှိပြီး ယင်းဒဏ်ကြေးကို ဖြေလျှော့ကောက်ခံပေးရန် စီစဉ်လျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဒေါက်တာထွန်းလွင်က ပြောကြားသည်။
ရန်ကုန်လိုင်စင် (ရန်ကုန်ကားတင် သွင်းခွင့်လက်မှတ်- YVQC) ကို ဇွန်လမှစတင်၍ ပြန်လည် ပေးအပ်မည်ဟု မေလ ၂၄ ရက်နေ့က ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး အသင်းဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရက မော်တော်ယာဉ်တင်သွင်းခွင့် ပြန်လည်ပေးအပ်မည့် အစီအစဉ်ကို အခွန်ဥပဒေအတွင်းသို့ ထည့်သွင်းရန် စီစဉ်လျက်ရှိကြောင်း မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးအသင်းထံမှ သိရသည်။
ပြည်တွင်းကျောက်ထုတ်လုပ်ခွင့် လိုင်စင်သက်တမ်းကို လက်ရှိတစ်နှစ်မှ သုံးနှစ်ကာလအထိ တိုးမြှင့်သတ်မှတ်ပေးရန် အစိုးရထံ တင်ပြတောင်းဆိုထားကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။
ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ ပြည်တွင်း၊ ပြည်ပမှ တင်သွင်း၊ တင်ပို့သည့် လုပ်ငန်းများအနေနှင့် ၂၀၁၈ ခုနှစ် မေလမှစတင်၍ လုပ်ငန်းလိုင်စင်နှင့် မှတ်ပုံတင်လက်မှတ်များ စတင်လျှောက်ထားရမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာနထံမှ သိရသည်။