News

POST TAGGED AS

ရှစ်လေးလုံး

တပ်မတော်ပိုင် မြဝတီရုပ်မြင်သံကြားက စက်တင်ဘာလ ၁၈ ရက် ညပိုင်းက ထုတ်လွှင့်ခဲ့သည့် ရှစ်လေးလုံး ကာလသမိုင်းရုပ်သံသည် တစ်ဖက်သတ်ဆန်စွာ လိုရာဖော်ပြခဲ့ခြင်းဖြစ်ကြောင်း SNLD ပါတီနှင့် ရခိုင်အမျိုးသားပါတီအပါအဝင် နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးလေ့လာ သုံးသပ်သူများက ဝေဖန်လိုက်ကြသည်။
၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် စစ်တပ်ကအာဏာသိမ်းလိုက်ခြင်းဖြင့် ဆန္ဒပြသူများ၏ အိပ်မက်များနှင့် မျှော်လင့်ချက်များ ရုတ်ခြည်း အဆုံးသတ်သွားခဲ့သည်။ ဒီမိုကရေစီရေး ဆန္ဒပြမှုများကို စစ်တပ်ကရက်ရက်စက်စက်အင်အား သုံးနှိမ်နင်းခဲ့သည်။ လူထောင်ချီအသတ်ခံရပြီး အမြောက်အမြား အဖမ်းခံရသည်။ ကျောင်းသားအများအပြား အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
မန္တလေးမြို့တွင် ကျင်းပသော ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ နှစ် ၃၀ ပြည့်အခမ်းအနားသို့ တက်ရောက်လာသော တောင်သူလယ်သမားအရေး လှုပ်ရှားဆောင်ရွက်သူ ဦးအေးသိန်းကို ရဲတပ်ဖွဲ့က ဩဂုတ်လ ၈ ရက်တွင် ဖမ်းဆီးခဲ့ကြောင်း တောင်သူလယ်သမားအရေး လှုပ်ရှားဆောင်ရွက်သူ ဦးမျိုးဝင်းက ပြောကြားသည်။
ဧရာဝတီတိုင်းဒေသကြီး၏မြို့တော် ပုသိမ်မြို့တွင် ရှစ်လေးလုံးဒီမိုကရေစီ အရေးတော်ပုံ အထိမ်းအမှတ်တစ်ခုထား ရှိရေးအတွက် နိုင်ငံရေးသမားများက တောင်းဆိုခဲ့ကြောင်း ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ နှစ် ၃၀ ပြည့် ပုလဲရတု အခမ်းအနားကျင်းပရေးကော်မတီထံမှ သိရသည်။
ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမအနီး နံရံများတစ်ဝိုက်တွင် ကျောင်းသားများကိုယ်စားပြု အနီရောင်အောက်ခံပေါ်တွင် အဝါဖြင့် ရေးဆွဲထားသော ခွပ်ဒေါင်းအလံများကို နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးတွေ့မြင်ရခြင်းဖြစ်သည်။ ရဲရဲနီနေသည့် ကျောင်းသားသမဂ္ဂ ခွပ်ဒေါင်းအလံတို့သည် မြန်မာနိုင်ငံ၏ သက်တမ်းအရင့်ဆုံးဖြစ်သည့်အပြင် သမိုင်းခြေရာများစွာရှိသည့် ရန်ကုန်တက္ကသိုလ်အဓိပတိလမ်းတစ်လျှောက် ညီညာစွာ နေရာယူလျက် တလူလူလွင့်နေကြသည်။
08-Aug-2018 tagged as ရှစ်လေးလုံး
အမှန်တကယ်သာ အဲ့ဒီတုန်းက အစိုးရတစ်ရပ်အနေနဲ့ ပြည်သူတွေကို စီးပွားရေး အကျပ်အတည်းမဖြစ်အောင်၊ စက်မှုနိုင်ငံဖြစ်အောင်၊ ပြည်ပနဲ့ ကူးသွားကူးလာလုပ် ပညာတွေသင် တံခါးဖွင့်ဝါဒကျင့်သုံးပြီး ကိုယ့်နိုင်ငံသားတွေ ကမ္ဘာနဲ့ရင်ပေါင်တန်းနိုင်အောင်၊ ကိုယ့်နိုင်ငံသားတွေ အလုပ်အကိုင် အခွင့်အလမ်းတွေ အများကြီးရပြီး တစ်နေ့တာဝင်ငွေ တိုးတက်ရရှိနေအောင်၊ ကျွဲ၊ နွားတွေ၊ အထွက်နှုန်းနည်းပြီး ရာသီဥတု၊ ပိုးမွှားဒဏ် မခံနိုင်တဲ့ ခေတ်နောက်ကျတဲ့ မျိုးစေ့တွေသုံးနေရတဲ့ လက်မှုလယ်ယာစနစ်ကနေ စက်မှုလယ်ယာစနစ်ဖြစ်အောင် ကြံဆောင်လုပ်ဆောင်ပေးခဲ့ရင် ဒီလိုအဖြစ်မျိုးတွေ ဖြစ်လာနိုင်မယ် မထင်ပါဘူး
06-Aug-2018 tagged as ရှစ်လေးလုံး
ကျယ်ပြန့်သော အာဏာနိုင်ငံရေးနယ်ပယ်၊ စီးပွားရေးနယ်ပယ်၊ ပညာရေးလောက မဆိုထားနှင့် မိမိတို့ နိုင်ငံရေးပါတီတစ်ခုအတွင်း၊ အသင်းအဖွဲ့တစ်ခုအတွင်းတွင်ပင် ရှစ်လေးလုံး အရေးတော်ပုံကြီးက အဓိကတောင်းဆိုခဲ့သော ဒီမိုကရေစီစနစ်၏ ရေခံမြေခံ အချက်အလက်များနှင့် မညီသေးဘဲ ယခင် အာဏာရှင်စနစ်များနှင့် သံတူကြောင်းကွဲ ဖြစ်နေခြင်းကို ရှစ်လေးလုံးအရေးတော်ပုံတွင် စွန့်လွှတ်အနစ်နာခံခဲ့သူများကို အားနာစိတ်ဖြင့် ပြုပြင်ကြစေလိုကြောင်း
ကိုယ့်နောက်မှ တစ်ပါတီအာဏာရှင်စနစ်ကိုဖယ်ရှားခဲ့တဲ့ ဥရောပနိုင်ငံတွေအားလုံး ဒီနေ့ ဒီအချိန်မှာ စီးပွားဖွံ့ဖြိုးပြီး တည်တည်ငြိမ်ငြိမ် ဖြစ်နေပြီ။ ယူဂိုဆလားဗီးယားလို ပြည်တွင်းစစ်သွေးချောင်းစီးလို့ အစိတ်စိတ်ကွဲသွားတဲ့ ခွဲထွက်နိုင်ငံတွေတောင် တည်ငြိမ်သွားပြီ။ ခရိုအေးရှားဆို ဒီနှစ် ကမ္ဘာ့ဖလားဗိုလ်လုပွဲတောင် ရောက်သွားသေး။ ဂေါ်ဗာချက်ဗ်အလွန် သမ္မတယဲ့လ်ဆင်လက်ထက်မှာ ကသောင်းကနင်းဖြစ်ခဲ့တဲ့ ရုရှားကလည်း အခု ပူတင်လက်ထက်မှာ တော်တော်လေးငြိမ်ပြီး စစ်အေးခေတ်တုန်းကလို အမေရိကန်ကို ပါဝါချင်းပြန်ယှဉ်နိုင်တဲ့ အနေအထား ရောက်သွားပြီ။
ရန်ကုန်တက္ကသိုလ်တွင် ပထမဆုံး ကျင်းပမည့် ရှစ်လေးလုံးအရေးတော်ပုံ နှစ် ၃၀ ပြည့် ပုလဲရတုအခမ်းအနားကို ယနေ့ စတင်ကျင်းပမည်ဖြစ်ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ရန် မသေချာကြောင်း အခမ်းအနားဖြစ်မြောက်ရေး စီစဉ်နေသူများထံမှ သိရသည်။
ရှစ်လေးလုံးလူထုအရေးတော်ပုံ နှစ် ၃၀ ပြည့်မည့် ဩဂုတ်လ ၈ ရက်အမီ မန္တလေးမြို့တွင်းလမ်းလေးခု၌ LED မီးလုံးများထွန်းညှိနိုင်ရန် လုပ်ဆောင်နေကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးခိုင်မြင့်က ပြောကြားသည်။