News

POST TAGGED AS

ရုရှား

ဒမတ်စကတ်အနီးမှ သူပုန်များထိန်းချုပ်ထားသော အရှေ့ဂုတ်တားနယ်မြေအများစုကို အစိုးရတပ်များက ပြန်လည်သိမ်းယူနိုင်ခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာက စနေနေ့တွင် ကြေညာလိုက်ကြောင်း DW သတင်းတွင် ဖော်ပြထားသည်။
ဆာလစ်ဗျူရီအဆိပ် လုပ်ကြံမှုပြဿနာ တင်းမာမှုကြောင့် မျက်မှောက်ခေတ်ကာလတွင် လှံလှံချင်း၊ ဓားဓားချင်း အကြီးမားဆုံး လက်တုံ့ပြန်မှုအဖြစ် နိုင်ငံပေါင်း ၂၃ နိုင်ငံမှ သံတမန်များကို ရုရှားက နှင်ထုတ်လိုက်သည်ဟု AFP သတင်းတွင် ဖော်ပြထားသည်။
အီးယူသည် အဖွဲ့နယ်နိမိတ်အတွင်း စစ်ရေးလှုပ်ရှားမှုများ ချောမွေ့စေရန်နှင့် စစ်ဘက်ဆိုင်ရာ အသုံးပြုမှုတွင် ပိုမို သင့်လျော်မည့် အခြေခံအဆောက်အဦများ လုပ်ဆောင်ရန် လိုလားနေသည်ဟု DW သတင်းတွင်ဖော်ပြထားသည်။
အင်္ဂလန်တောင်ပိုင်း ဆာလစ်ဗျူရီတွင် ရုရှားသူလျှိုဟောင်း ဆာဂျီစခရီပယ်နှင့် သမီးဖြစ်သူ ယူလီယာတို့ အဆိပ်ဖြင့် လုပ်ကြံတိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး ရုရှားသံတမန်လေးဦးကို နှင်ထုတ်မည်ဟု ဂျာမန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားလိုက်ပြီး အခြားအီးယူအဖွဲ့ဝင် ၁၅ နိုင်ငံကလည်း အလားတူလုပ်ဆောင်ရန် ကြေညာခဲ့ကြသည်ဟု DW သတင်းတွင် ဖော်ပြထားသည်။
ရုရှားနိုင်ငံတွင် ဆီဘာရီးယန်းပြည်နယ်ရှိ ကျောက်မီးသွေးထွက်ရှိသည့် မြို့တစ်မြို့ဖြစ်သော ကမ်မာရိုဗိုမြို့တွင် ဈေးဝယ်နှင့် ဖျော်ဖြေရေးစင်တာကြီးတစ်ခု မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၆၄ ဦး သေဆုံးပြီး ၁၀ ဦးကျော် ပျောက်ဆုံးလျက်ရှိသည်ဟု အာဏာပိုင်များ၏ ပြောကြားချက်ကို BBC သတင်းဌာနက ရေးသားဖော်ပြသည်။
တနင်္ဂနွေနေ့က ရုရှားသမ္မတရွေးပွဲတွင် ဗလာဒီမာပူတင်က ထောက်ခံမဲ ၇၆ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိသွားသည်ဟု DW သတင်းတွင် ဖော်ပြထားသည်။
ဗြိတိန်နိုင်ငံအတွင်းရှိ ရုရှားသံရုံး ဝန်ထမ်း ၂၃ ဦးကို နှင်ထုတ်ခဲ့သည့်ဖြစ်ရပ်အပေါ် လက်တုံ့ပြန်သည့်အနေနှင့် ရုရှားကလည်း ဗြိတိန်သံတမန်များကို လက်တုံ့ပြန် နှင်ထုတ်သွားမည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးက ပြောကြားသွားခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြထားသည်။
အင်္ဂလန်တောင်ပိုင်း ဆာလစ်စဗျူရီတွင် ရုရှားသူလျှိုဟောင်းတစ်ဦးနှင့် သမီးဖြစ်သူတို့ အာရုံကြောအဆိပ်ဖြင့် လုပ်ကြံခံရမှုတွင် မော်စကိုက တာဝန်ရှိသည်ဟု အမေရိကန်က ယုံကြည်ကြောင်း ဗုဒ္ဓဟူးနေ့က လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးတွင် အမေရိကန်သံအမတ်ကြီး နစ်ကီဟာလေက ပြောကြားလိုက်ကြောင်း DW သတင်းတွင် ဖော်ပြထားသည်။
ဗြိတိန်တောင်ပိုင်း ဆာလစ်ဗျူရီတွင် ရုရှားသူလျှိုဟောင်း ဆာဂျီစကရီပယ်နှင့် သမီးဖြစ်သူတို့အား အဆိပ်ဖြင့်လုပ်ကြံမှုနောက်ကွယ်တွင် ရုရှားပါဝင်ပတ်သက်နိုင်ခြေများသည်ဟု ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေက တနင်္လာနေ့တွင် ပါလီမန်သို့ ပြောကြားလိုက်ကြောင်း DW သတင်းတွင် ဖော်ပြထားသည်။
ဗြိတိန်နိုင်ငံတွင် နေထိုင်နေသော ရုရှားသူလျှိုဟောင်းတစ်ဦးသည် အမျိုးအမည်မသိသောအရာနှင့် တွေ့ထိမိပြီးနောက် ဆိုးဆိုးဝါးဝါး ဖျားနာလျက်ရှိသည် ဟု DW သတင်းတွင် ဖော်ပြထားသည်။