News

POST TAGGED AS

ရုရှား

စစ်မှုထမ်း ၁၄ ဦးကို တင်ဆောင်လာသော ရုရှားစစ်သုံးဂျက်လေယာဉ်တစ်စင်းသည် မြေထဲပင်လယ်ပေါ်တွင် ပျံသန်းနေစဉ် ရေဒါစနစ်မှ ကွယ်ပျောက်သွားသည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ကြောင်း EPA သတင်းဌာနက ရေးသားဖော်ပြသည်။
18-Sep-2018 tagged as အစိုးရ ရုရှား
ယခင်အပတ်က အဆိပ်ဖြင့် လုပ်ကြံခံရမှုကြောင့် အမြင်အာရုံ၊ အကြားအာရုံနှင့် လမ်းလျှောက်နိုင်စွမ်းတို့ ဆုံးရှုံးသွားခဲ့သော ကရင်မလင် ဆန့်ကျင်ရေးလှုပ်ရှားသူသည် ဂျာမနီနိုင်ငံ မြို့တော်ဘာလင်သို့ ဆေးကုသရန် ရောက်ရှိလာပြီးနောက် အခြေအနေကောင်းလာသည်ဟု အဖော်နှစ်ဦးက တနင်္ဂနွေနေ့တွင် ပြောကြားကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
17-Sep-2018 tagged as ရုရှား
ဆာဂျီစခရီပယ် အားအဆိပ်ခတ်လုပ်ကြံမှုတွင် စုံစမ်းစစ်ဆေးပေးနေသော ဆွစ်ဇာလန်ဓာတ်ခွဲခန်းကို လျှို့ဝှက်ထောက်လှမ်းခဲ့သည့် ရုရှားသူလျှိုနှစ်ဦးကို ယခုနှစ်အစောပိုင်းတွင် ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
17-Sep-2018 tagged as ရုရှား NATO
ရုရှားနိုင်ငံက ဆိုဗီယက်ခေတ်နောက်ပိုင်း အကြီးမားဆုံးစစ်ရေးလေ့ကျင့်မှုအဖြစ် ပြုလုပ်လျက်ရှိသော ဗော့စတော့ ၂၀၁၈ အမည်ရ စစ်ရေးလေ့ကျင့်မှုကြီးနှင့် ပတ်သက်၍ NATO စစ်အုပ်စုက စောင့်ကြည့်လျက်ရှိသော်လည်း အရေးမပါသည့် သဘောမျိုးဖြင့်စောင့်ကြည့်နေခြင်းဖြစ်ကြောင်း DW သတင်းဌာနက ရေးသားဖော်ပြသည်။
13-Sep-2018 tagged as ရုရှား တရုတ်
ရုရှားနိုင်ငံတွင် ဆိုဗီယက်ပြည်ထောင်စု ပြိုလဲသွားပြီးနောက်ပိုင်း အင်အားအကြီးမားဆုံးပုံစံဖြင့် ပြုလုပ်သော ဧရာမစစ်ရေးလေ့ကျင့်မှုကြီးတစ်ရပ်ကို ယမန်နေ့က စတင်ပြီး ဆိုက်ဘေးရီးယားဒေသ တစ်လျှောက်၌ တပ်ဖွဲ့ဝင်အင်အား ထောင်ပေါင်းမြောက်မြားစွာဖြင့် ပြုလုပ်ခဲ့ပြီး ယင်းစစ်ရေးလေ့ကျင့်မှုကြီးတွင် တရုတ်နိုင်ငံ၏ စစ်တပ်လည်းပူးပေါင်းပါဝင်ခဲ့ကြောင်း Time အွန်လိုင်းမဂ္ဂဇင်းက ရေးသားဖော်ပြသည်း။
အနောက်ကမ္ဘာနှင့် ဆက်ဆံရေးကျဆင်းလာချိန်တွင် အိမ်နီးချင်း ရုရှားနှင့် တရုတ်တို့သည် ကုန်သွယ်ရေးသဘောတူညီချက်များ၌ ၎င်းတို့ကိုယ်ပိုင်ငွေကြေးများသုံးစွဲရန် စီစဉ်နေကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က သတင်းထောက်များကို ပြောကြားခဲ့ကြောင်း DW သတင်းဌာနက ဖော်ပြသည်။
12-Sep-2018 tagged as ဆန္ဒပြ ရုရှား
ရုရှားနိုင်ငံတွင် ပင်စင် (အငြိမ်းစား) ယူသည့် အသက်အရွယ်သတ်မှတ်ချက် တိုးမြှင့်ရန် အစိုးရကအစီအစဉ်ရေးဆွဲမှုကို မကျေနပ်၍ ကန့်ကွက်ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ရာယခုအခါ ထိန်းသိမ်းခံရသူ ၈၀၀ ကျော်ခန့်ရှိသွားပြီ ဖြစ်သည်ဟု လူ့အခွင့်အရေးလှုပ်ရှားသူများက ပြောကြားကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။
ရုရှားနိုင်ငံသည် ပြင်သစ်နှင့် အီတလီ စစ်တပ်များ လုံခြုံစွာဆက်သွယ်ရန်အတွက် အသုံးပြုသော ဖရန်ကို အီတာလျံဂြိုဟ်တု၏ ဆက်သွယ်ပို့လွှတ်မှုများကို ကြားဖြတ်ဖမ်းယူရန် ကြိုးစားခဲ့ပြီး ယင်းလုပ်ရပ်သည် သူလျှိုလုပ်ခြင်းဖြစ်သည်ဟု ပြင်သစ်ကာကွယ်ရေးဝန်ကြီး ဖလောရင့်စ် ပါလီက သောကြာနေ့တွင် ပြောဆိုလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
02-Sep-2018 tagged as ရုရှား လေယာဉ်
ရုရှားနိုင်ငံ ဆိုချီမြို့တွင် စနေနေ့ နံနက်ပိုင်းက ခရီးသည်တင်လေယာဉ်တစ်စင်း လေဆိပ်သို့ဆင်းသက်စဉ် ပြေးလမ်းပေါ်တွင် လမ်းချော်ထွက်ကာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာလူ ၁၈ ဦး ဒဏ်ရာရရှိသွားကြောင်း သတင်းဌာနကများက ရေးသားဖော်ပြသည်။
30-Aug-2018 tagged as ရုရှား စစ်ရေး
ဆိုဗီယက်ပြည်ထောင်စုပြိုကွဲသွားပြီးနောက် အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုကြီးတစ်ရပ်ကို လာမည့်စက်တင်ဘာလအတွင်း ကျင်းပပြုလုပ်ရန် စီစဉ်ထားပြီး ယင်းစစ်ရေးလေ့ကျင့်မှုတွင် တရုတ်နှင့် မွန်ဂိုလီးယားစစ်တပ်တို့လည်း ပူးပေါင်းပါဝင်မည်ဖြစ်သည်ဟု ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျီရှိုဂူက ပြောကြားလိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။