News

POST TAGGED AS

ရန်ကုန်

တောင်ဥက္ကလာပမြို့နယ်၊ အမှတ် (၉) ရပ်ကွက်၊ သူရလမ်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးရှိ မီးကင်းတဲပေါ်တက်အိပ်သည့် အသက် ၈၅ နှစ်အရွယ်အဘိုးအို ပြုတ်ကျကာ ဩဂုတ်လ ၂၈ ရက် ညနေ ၄ နာရီခွဲခန့်က သေဆုံးသွားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
တစ်နိုင်ငံလုံးရှိ တန်ဖိုးနည်းနှင့် တန်ဖိုးသင့်အိမ်ရာဝယ်ယူမည့်သူများကို ၁၅ နှစ် သက်တမ်းရှိ အိမ်ရာချေးငွေများ စတင်ထုတ်ချေးထားပြီဖြစ်ကြောင်း ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အဦဖွံ့ဖြိုးရေးဘဏ် (CHID) ထံမှ သိရသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ လမ်းမကြီးများတွင် တပ်ဆင်ထားသည့် လမ်းညွှန်ဆိုင်းဘုတ်များကို နိုင်ငံတကာအဆင့်မီ လမ်းညွှန်ဆိုင်းဘုတ်များအဖြစ် ယခုနှစ်အတွင်း ပြန်လည်ပြုပြင်တပ်ဆင်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
စင်ကာပူနိုင်ငံအခြေစိုက် Golden Sunland Pte ကုမ္ပဏီက မြန်မာနိုင်ငံတွင် အကျိုးတူကန်ထရိုက်လယ်ယာ (Contract Farming) စနစ်ဖြင့် စပါးစိုက်ပျိုးထုတ်လုပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။
ပဲခူးတိုင်းဒေသကြီး ဆွာရေလှောင်တမံအတွင်းပိုင်း ပြိုကျခြင်းကြောင့် ရန်ကုန်-မန္တလေးကားလမ်းနှင့် ရထားလမ်းရေကျော်နေသဖြင့် ရန်ကုန်-မန္တလေး အသွားအပြန်အဝေးပြေးယာဉ်လိုင်းများနှင့် ရထားများ ဩဂုတ်လ ၂၉ ရက်က ယာယီရပ်နားခဲ့ကြောင်း အဆိုပါ ဌာနများထံမှ သိရသည်။
ရန်ကုန်မြို့ရှိ နိုင်ငံတော်၏ အိမ်တော်များဖြစ်သည့် စိမ်းလဲ့ကန်သာနှင့် အင်းလျားကန်သာရှိ အိမ်တော် ၁၈ လုံးပြင်ရန် နှစ်စဉ် ပြင်ဆင်စရိတ် ကျပ် ၃၁ ဒသမ ၁၅၁ သန်း တောင်းခံရခြင်း၏ အချက်အလက်ကို တိကျသေချာစွာပေးနိုင်ခြင်း မရှိသည်ကို တွေ့ရကြောင်း ငွေစာရင်း ပူးပေါင်းကော်မတီက ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြလိုက်သည်။
ရွှေတိဂုံစေတီတော်၌ လုံးတော်ပြည့် ရွှေသင်္ကန်းမကပ်လှူမီစေတီတော်ကြီး ကိုယ်လုံးတော်ကြံ့ခိုင်ရေးအတွက် လျှပ်စစ်သံလိုက်၊ အသံလှိုင်း၊ X- Ray တိုင်းတာနည်းသုံးနည်းဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ပညာရှင်များက တိုင်းတာစစ်ဆေးမည်ဖြစ်ကြောင်းရွှေတိဂုံဘုရားဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဟာသ သရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရမှု အမှုရုပ်သိမ်းထားခြင်းနှင့်ပတ်သက်၍ အတည်ပြုသင့်၊ မသင့်ကို သြဂုတ်လ ၂၉ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ရှိ တရားခွင် (၆) တွင် နှစ်ဖက်လျှောက်လဲချက် ကြားနာခဲ့သည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် Clean Yangon တို့မှပူးပေါင်း၍ ပထမဆုံးအကြိမ် အမှိုက်လျှော့ချရေးနှင့် စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုဆိုင်ရာ အသိပညာပေး သင်ကြားခြင်း ဆရာဖြစ်သင်တန်းကို စက်တင်ဘာလ ၁ ရက်တွင် အောင်ဖောင်ဒေးရှင်းတွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း Clean Yangon ထံမှ သိရသည်။
ရန်ကုန်မြို့၌ ၁၁ ကြိမ်မြောက် ရွှေဝါရောင်တော်လှန်ရေးအခမ်းအနားကို စက်တင်ဘာလ ၁၈ ရက်၌ ကျင်းပရန် အခမ်းအနားဖြစ်မြောက်ရေး ကော်မတီအဖွဲ့ကို ဩဂုတ်လ ၂၇ ရက်က ဖွဲ့စည်းလိုက်ကြောင်း ဦးပဏ္ဍဝံသ (ခေါ်) ဦးပြည်ကျော်က မိန့်ကြားသည်။