News

POST TAGGED AS

ရန်ကုန်

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဦးဟန်ထူးနှင့် ၆ ဦးက သရုပ်ဆောင်အောင်ရဲထွေး အသတ်ခံရမှုကို တရားစွဲခံရသူများ၏ မိဘများထံမှ လာဘ်ငွေ ကျပ်သိန်း ၇၂၀ နှင့် တံစိုးလက်ဆောင်များကိုရယူခဲ့ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးက ပြောကြားသည်။
မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေသစ်အရ ကုမ္ပဏီဆိုင်ရာမှတ်ပုံတင်ခြင်းကိစ္စရပ်များကို အီလက်ထရွန်နစ်မှတ်ပုံတင်စနစ် (MyCO) ဖြင့် ဆောင်ရွက်နေပြီဖြစ်ခြင်းကြောင့် ယခင်က လုပ်ငန်းဆောင်ရွက်ရာတွင် ကုမ္ပဏီများကဝန်ကြီးဌာနနှင့် ဘဏ်များသို့ ကုမ္ပဏီဆိုင်ရာ စာရွက်စာတမ်းများကို တင်ပြရသည့်စနစ်ကို ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ အမှတ် (၁၇) ရပ်ကွက်၊ ရာမခေါက်ဆွဲစက်ရုံအနီးတွင် စက်တင်ဘာလ ၁၀ ရက် နံနက် ၁ နာရီခန့်က အမျိုးသမီးတစ်ဦးပါ ခရီးသည်လေးဦးက အငှားယာဉ်မောင်းအမျိုးသားကို သံချွန်နဲ့ထောက်ကာ မော်တော်ယာဉ်ကို လုယက်ထွက်ပြေးသွားကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။
အိမ်ရှင်အမျိုးသမီး၏ ပိုက်ဆံအိတ်ပျောက်ဆုံးမှုနှင့် ပတ်သက်၍ ပုဇွန်တောင်မြို့နယ်၊ ဗန္ဓုလတာဝါရှိ ကိုးလွှာ တိုက်ခန်းပေါ်မှ အသက် ၁၆ နှစ်အရွယ် အိမ်အကူ မိန်းကလေးတစ်ဦး ကိုးလွှာတိုက်ခန်းပေါ်မှ ခုန်ချ အဆုံးစီရင်မှုအပေါ် အမှုမှန်အတိုင်း ပေါ်ပေါက်အောင် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးပေးစေလိုကြောင်း သေဆုံးသူ၏ မိသားစုဝင်များက ပြောကြားသည်။
လက်ရှိ၌ စံချိန်တင်မြင့်တက်နေသော စက်သုံးဆီဈေးနှုန်းများသည် ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်း၌သာ ရှိနေသေးကြောင်း မြန်မာနိုင်ငံ စက်သုံးဆီတင် သွင်းရောင်းချဖြန့်ဖြူးရေးအသင်း အတွင်းရေးမှူး ဒေါက်တာဝင်းမြင့်က ပြောကြားသည်။
ရန်ကုန်-မန္တလေးရထား တိုက်ရိုက်မပြေးနိုင်၍ ဩဂုတ်လ ၃၁ ရက်မှ ယနေ့ထိ တစ်ရက်ဝင်ငွေ ကျပ်သိန်း ၄၇၀ ကျော် ဆုံးရှုံးနေကြောင်း မြန်မာ့မီးရထား၊ (တိုင်း-၇)၊ သွားလာပို့ဆောင်ရေးဌာန အကြီးတန်းတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
10-Sep-2018 tagged as ရန်ကုန်
ပုဇွန်တောင်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ ဗန္ဓုလတာဝါရှိ ကိုးလွှာတိုက်ခန်းပေါ်မှ အသက် ၁၆ နှစ်အရွယ် အိမ်အကူ မိန်းကလေးတစ်ဦးမှာ အိမ်ရှင်အမျိုးသမီး၏ ပိုက်ဆံအိတ် ပျောက်ဆုံးမှုနှင့်ပတ်သက်၍ တိုက်ပေါ်မှခုန်ချကာ မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
အကောက်ခွန်ဦးစီးဌာန၏ ရန်ကုန်ဆိပ်ကမ်းနှင့် မြဝတီနယ်စပ်တို့မှ Delivery Van ယာဉ်များထုတ်ယူခွင့် နောက်ဆုံးရက် ကျော်လွန်သွားသော်လည်း မထုတ်ယူရသေးသည့် ယာဉ်အစီးရေ ၇၅၀ ခန့် ကျန်ရှိကြောင်း ယင်းယာဉ်တင်သွင်းထားသူများထံမှ သိရသည်။
ပန်းဆိုးတန်း-ဒလကူးတို့သင်္ဘောပေါ်နှင့် ဆိပ်ခံတံတားများပေါ်တွင် ဈေးရောင်းချမှုများမရှိစေရေးအတွက် ဈေးသည်ရှင်းလင်းရေးစီမံချက်ကို ဆောင်ရွက်ခဲ့ကြောင်း ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၊ သယ်ယူပို့ဆောင်ရေးဌာနခွဲ၊ ဒုတိယအထွေထွေ မန်နေဂျာ ဦးဝင်းကိုအောင်က ဆိုသည်။
ဒဂုံမြို့နယ် ဦးဝိစာရလမ်းမပေါ် ပြည်သူ့ရင်ပြင်ရှေ့တွင် စက်တင်ဘာလ ၈ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က သမီးရည်စားနှစ်ဦး ရိုက်နှက်လုယက်ခံခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။