News

POST TAGGED AS

ရန်ကုန်

ရန်ကုန်မြို့၏ အကြီးဆုံးလက်ကားဈေးကွက်ဖြစ်သော ရွှေဘုံသာလမ်းရွှေလက်ကားဈေးကွက်မှ လေပတ်ကားလုပ်သူများကို အထူးစုံစမ်းစစ်ဆေးရေးဌာန (စသုံးလုံး) က ဖမ်းဆီးစစ်ဆေးမှုကြောင့် ယနေ့ စက်တင်ဘာ ၂၅ ရက်တွင် ယင်းရွှေဈေးကွက် ရပ်ဆိုင်းနေကြောင်း ရွှေလုပ်ငန်းရှင်များထံမှ သိရှိရသည်။
24-Sep-2018 tagged as ရန်ကုန် ကညန
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကညနရုံးများ၌ အောက်တိုဘာလ ၁ ရက်မှစ၍ ယာဉ်မှန်၊ မမှန်စစ်ဆေးခံမည့် မော်တော်ယာဉ်များကို တစ်ရက်လျှင် ၁၀ စီး တိုးမြှင့်စစ်ဆေးပေးမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (မြင်သာ) တိုင်းဦးစီးမှူး ဦးလျန်ကျင့်မန်က ပြောကြားသည်။
ဈေးကစားသူများကို အရေးယူမည်ဟု ပြောဆိုပြီးနောက်ပိုင်း ဆက်တိုက်ကျဆင်းလာသော အမေရိကန်ဒေါ်လာဈေးသည် ယနေ့ (စက်တင်ဘာလ ၂၄ ရက်) တွင် ဆက်လက်ကျဆင်းလျက်ရှိကြောင်း ငွေကြေးဈေးကွက်အတွင်းမှ သိရသည်။
မူးယစ်ဆေးဝါးကင်းစင်သော နိုင်ငံတစ်ခုသို့ ရောက်ရှိလာစေရန် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးလုပ်ငန်းစဉ်များအား ယခင်ထက် ပိုမိုထိရောက်အောင် လုပ်ဆောင်လာနိုင်ရန် ရန်ပုံငွေလိုအပ်ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ (ဗဟို) စီမံကိန်းဌာနမှ ဌာနမှူး ရဲမှူးကြီးဇော်လင်းထွန်းက ပြောကြားခဲ့သည်။
ရန်ကုန်အခြေပြုပြေးဆွဲသည့် အဝေးပြေးယာဉ်လိုင်းများသည် ဆီဈေးမြင့်တက်နေခြင်းကြောင့် ခရီးစဉ်လမ်းကြောင်းအချို့တွင် လက်မှတ်ခ ကျပ် ၁၀၀၀ မှ ၂၀၀၀ ခန့်အထိ တိုးကောက်မှုများ ရှိနေကြောင်း ခရီးသည်များထံမှသိရသည်။
ရက်ပေါင်း ၅၀ နီးပါးပိတ်ထားရသည့် ရန်ကုန်-မန္တလေး မီးရထားခရီးစဉ်များ စက်တင်ဘာလ ၂၀ ရက်နေ့ မွန်းလွဲ ပိုင်းမှစတင်၍ ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း မြန်မာ့မီးရထားလုပ်ငန်းထံမှ သိရသည်။
ရန်ကုန်တိုင်းအစိုးရအဖွဲ့ အစီအစဉ်ဖြင့် မဲနှိုက်ရောင်းချသည့်တန်ဖိုးနည်းနှင့် တန်ဖိုးသင့်အိမ်ရာ ဝယ်ယူခွင့်ရရှိသော်လည်း လာရောက်ဝယ်ယူခြင်းမရှိသူ ၁၄၂ ဦးခန့်ရှိကြောင်း အိမ်ရာစီမံကိန်းများရောင်းချရေး ကြီးကြပ်မှုကော်မတီထံမှ သိရသည်။
ရန်ကုန်မြို့တော်တွင် တရားဥပဒေ စိုးမိုးရေးကို ထိရောက်စွာဆောင်ရွက်နိုင်ရန် မြို့နယ်၌ ရုံးဆင်းထိုင်မည်ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့သည်။
ဆီဈေးမြင့်တက်မှုဒဏ်ကြောင့် အဝေးပြေးယာဉ်လိုင်းများ ရေရှည်ရပ်တည်ရန် အခက်အခဲများရှိနေပြီး ခရီးစဉ်တစ်ကြောင်းလျှင် လက်မှတ်ခ ကျပ် ၅၀၀ တိုးကောက်ရန် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA ထံ တင်ပြမည်ဖြစ်ကြောင်း အဝေးပြေးယာဉ်လိုင်းလုပ်ငန်းရှင်များအဖွဲ့ (အောင်မင်္ဂလာအဝေးပြေး) ထံမှ သိရသည်။
20-Sep-2018 tagged as ရန်ကုန် ဆန်
အမြင့်ဈေးဖြင့်ငြိမ်နေသော ဆန်ဈေးနှုန်းများသည် ယခုအခါ ဆက်လက်မြင့်တက်ကြောင်း ရန်ကုန်မြို့၏ အဓိက ဆန်ဈေးကွက်များဖြစ်သည့် ဘုရင့်နောင်နှင့် ဝါးတန်းဆန်ဈေးကွက်များအတွင်းမှ သိရသည်။