News

POST TAGGED AS

ရထား

မန္တလေး-ပုဂံခရီးစဉ် အမြန်ရထားတစ်စင်း တိုးချဲ့ပြေးဆွဲ
မန္တလေး၊ ဩဂုတ် ၎

မန္တလေး-ပုဂံခရီးစဉ်အတွက် အမြန်ရထားတစ်စင်း ဩဂုတ်လ ၁ ရက်နေ့က စတင်ကာ တိုးချဲ့ပြေးဆွဲနေကြောင်း မြန်မာ့မီးရထား (မန္တလေး) ထံမှ သိရသည်။

ယခင်က မန္တလေး-ပုဂံ အစုန်၊ အဆန် ခရီးစဉ်ကို အမြန်ရထားတစ်စင်းဖြင့်သာ ပြေးဆွဲခဲ့ရာမှ ယခုအခါ မန္တလေးဘူတာနှင့် ပုဂံဘူတာတို့မှ ညစဉ် ၉ နာရီတွင် အမြန်ရထားတစ်စင်းစီဖြင့် စတင်ပြေးဆွဲပေးနေကြောင်း မန္တလေးဘူတာကြီးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ခရီးသည်တွေ တိုးလာဖို့အတွက် တိုးမြှင့်လိုက်တာပါ။ အခုဆို ဘုရားဖူးသွားရင် တစ်ရက်လောက်အချိန်ပေးတာနဲ့တင် ပုဂံမှာ ညမအိပ်ဘဲ ပြန်လာနိုင်မယ်”ဟု ၎င်းက ရှင်းပြသည်။

ယခင်က မန္တလေးဘူတာမှ ည ၈ နာရီတွင်ထွက်ခွာ၍ ပုဂံဘူတာသို့ နံနက် ၅ နာရီ အချိန်ခန့်တွင် ရောက်ရှိသောရထားသည် နံနက် ၇ နာရီတွင် ပုဂံမှမန္တလေးသို့ ပြန်လည်ထွက်ခွာသည့် အမြန်ရထားတစ်စင်းသာ ရှိခဲ့သည်။

ယခုကဲ့သို့ တိုးချဲ့လိုက်သောခရီးစဉ်သည် အချိန်မပေးနိုင်သော နိုင်ငံခြားခရီးသွားဧည့်သည်များအတွက် တည်းခိုခန်းစရိတ်လည်း သက်သာနိုင်ကြောင်း မန္တလေးမြို့ခံ ဧည့်လမ်းညွှန်တစ်ဦးဖြစ်သူ ဦးစိုးဝင်းက ပြောကြားသည်။

“ကောင်းတယ်။ ပြည်ပကဝင်လာတဲ့ ကျောပိုးအိတ်ခရီးသွားတွေအတွက် ပိုအဆင်ပြေမယ်”ဟု ၎င်းက ပြောဆိုသည်။

ယင်းခရီးစဉ်အတွက် လက်မှတ်ခနှုန်းထားများမှာ ရိုးရိုးတန်း ၁၄၅၀ ကျပ်၊ အထူးတန်း ၂၄၀၀ ကျပ်နှင့် အိပ်စင်အတွက် ၄၀၀၀ ကျပ် ကျသင့်ကြောင်း မြန်မာ့မီးရထား (မန္တလေး) ထံမှ သိရသည်။

M-08



FOLLOW US