News

POST TAGGED AS

ရင်းနှီးမြှုပ်နှံ

အမေရိကန် ဒေါ်လာလဲနှုန်းများ မြင့်တက်နေခြင်းကြောင့် ပြည်ပမှတင်သွင်းရသည့် မလိုအပ်သည့်သွင်းကုန်များ လျှော့ချရန် စီစဉ်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။
တောင်ကိုရီးယားနိုင်ငံအခြေစိုက် Daewoo မော်တော်ယာဉ်ကုမ္ပဏီက ပြည်တွင်း၌ ခရီးသည်တင်မော်တော်ယာဉ်များ တပ်ဆင်ထုတ်လုပ်ရောင်းချခြင်းနှင့် ပြုပြင်ခြင်းလုပ်ငန်းများ လုပ်ကိုင်မည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အနောက်ဘက် လီဒိုလမ်းမကြီးဘေး နမ်ကျင်ဒေသတွင် ပြည်နယ်အစိုးရက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် စီးပွားရေးဇုန်တစ်ခု တည်ထောင်ရာတွင် ကချင်ပြည်သူလူထုကို ကိုယ်စားပြုသည့် ကချင်နိုင်ငံရေး အစုအဖွဲ့များနှင့် ပူးပေါင်းဆွေးနွေးပြီးမှ အကောင်အထည်ဖော်ဆောင်ရွက်သင့်ကြောင်း ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) က ဩဂုတ်လ ၂၃ ရက်နေ့က သဘောထားကြေညာချက် ထုတ်ပြန်သည်။
ရခိုင်အရေးကိစ္စပြီးလျှင် ယနေ့ခေတ်ကာလတွင် အားလုံး၏ စိတ်ဝင်စားမှုကို ရရှိထားသည့်ကိစ္စမှာ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) ဖြစ်ပြီး မြန်မာအစိုးရအနေနှင့်လည်း အဆိုပါရင်းနှီးမြှုပ်နှံမှုကိစ္စကို အရေးအကြီးဆုံးအဖြစ် သတ်မှတ်ထားသည်ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ဩဂုတ်လ ၁ ရက်နေ့တွင် အသက်ဝင်မည့် အသစ်ပြန်လည်ရေးဆွဲထားသော မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေသစ်တွင် လယ်ယာစိုက်ပျိုးလုပ်ငန်းများ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ရာခိုင်နှုန်းပြည့် ခွင့်ပြုထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန် ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က ပြောကြားသည်။
ထိုင်းနိုင်ငံအခြေစိုက် မြန်မာ CP Livestock ကုမ္ပဏီလီမိတက်က ပြည်တွင်း၌ ဝက်နှင့် ဝက်သားပေါက် မွေးမြူရောင်းချခြင်းလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
သီလဝါအထူးစီးပွားရေးဇုန်ကို တည်ဆောက်နေသော မြန်မာသီလဝါ အထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီ (MTSH) က ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် နယ်စပ်စက်မှုဇုန်များတွင် ရင်းနှီးမြှုပ်နှံရန်စီစဉ်ထားကြောင်း အဆိုပါကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးအောင်စိုးသာက ပြောကြားသည်။
ဝိုင်နှင့် ယမကာလုပ်ငန်းတွင် ကမ္ဘာ့ ဒုတိယအကြီးဆုံး လုပ်ငန်းဖြစ်သော ပြင်သစ်အခြေစိုက် Pernod Ricard က ပြည်တွင်းကုမ္ပဏီသုံးခု ပေါင်းစပ်ထားသည့် AMDC ကုမ္ပဏီနှင့်ပူးပေါင်းကာ ပြည်တွင်း ယမကာလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီထံမှ သိရသည်။
မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အဓိက ဝင်ရောက်နေသော စင်ကာပူနိုင်ငံနှင့် နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရေးနှင့် အပြန်အလှန် အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်ကို ယခုနှစ်အတွင်း ချုပ်ဆိုနိုင်မည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။
လက်လီလက်ကားလုပ်ငန်းများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ခွင့်ပြုပေးမည်ဟု ထုတ်ပြန်ထားပြီးဖြစ်သော်လည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြည်တွင်းလုပ်ငန်းရှင်များနှင့် ထပ်မံဆွေးနွေးမှုများ လုပ်ဆောင် မည်ဖြစ်သည့်အတွက် ခေတ္တဆိုင်းငံ့ထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။