News

POST TAGGED AS

ရခိုင်ပြည်နယ်

ရခိုင်ပြည်နယ်အတွင်း ခရိုင်ငါးခု၌ တတိယအကြိမ်မြောက်အဖြစ် ပြုလုပ်မည့် လူထုတွေ့ဆုံပွဲများကို ပြည်ထောင်စုအစိုးရက ကျင်းပခွင့်မပြုကြောင်း ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ဒုတိယခေါင်းဆောင် ဒေါ်စောမြရာဇာလင်းက ပြောကြားသည်။
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်နှင့် မအီကြားတွင် မတ် ၄ ရက်နေ့ ည ၁၀ နာရီကျော်က ခရီးသည်တင်ယာဉ်တစ်စီး ချောက်ထဲထိုးကျခဲ့ခြင်းကြောင့် ခရီးသည် ငါးဦးသေဆုံးပြီး ၁၁ ဦးသည် အတွင်းလူနာအဖြစ် ကုသမှုခံယူနေရကြောင်း အမ်းမြို့နယ် ပြည်သူ့ဆေးရုံမှ စုံစမ်းသိရှိရသည်။
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်အတွင်းမှ အမျိုးသား ၁၉ ဦး၊ အမျိုးသမီး ၁၃ ဦးတို့ကို တရုတ်နိုင်ငံ၌ အလုပ်လုပ်ရမည်ဟုဆိုကာ သွေးဆောင်ဖြားယောင်း ခေါ်ဆောင်သူတစ်ဦးကို တောင်ကုတ်မြို့နယ်တွင် မတ် ၃ ရက်နေ့ ညနေပိုင်းက ဖမ်းဆီးရမိကြောင်း အဆိုပါမြို့နယ် ရဲမှူးကိုကိုဦးက ပြောကြားသည်။
ရခိုင်ပြည်နယ် အမ်းမြို့တွင် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကြောင့် လျော်ကြေးပေးရေးအတွက် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ပိုက်လိုင်း စီမံကိန်းကုမ္ပဏီ CNPC တို့ဘက်မှ သီးနှံလျော်ကြေး တွက်ချပေးရေးကော်မတီနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမရှိသဖြင့် တောင်သူများမှာ လျော်ကြေးအပြည့်အဝ မရရှိသေးကြောင်း ပိုက်လိုင်းရေးရာ စောင့်ကြည့်လှုပ်ရှားရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
စစ်တွေမြို့တွင် မိုင်းပေါက်ကွဲမှုကြောင့် သံသယရှိသဖြင့် ဖမ်းဆီးခံထားရသော ရခိုင်အမျိုးသားကောင်စီ (ANC) မှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်နှင့် လူမှုရေးဌာနတာဝန်ခံ ဦးနိုင်စိုးကို အမြန်ဆုံး ပြန်လွှတ်ပေးရေးအတွက် ရခိုင်အမျိုးသားကောင်စီက ဖေဖော်ဝါရီ ၂၇ ရက်က တောင်းဆိုထားသည်။
ရခိုင်ပြည်နယ်တွင် ဖြစ်ပျက်နေသည့် အခြေအနေကို အောက်ခြေအထိ သတင်းယူခွင့်မရပါက အစိုးရအနေနှင့် ပဋိပက္ခ ဖြေရှင်းရန် ခက်ခဲလိမ့်မည်ဖြစ်ကြောင်း ရိုက်တာသတင်းထောက် ကိုဝလုံး (ခ)ကိုသက်ဦးမောင်က ပြောကြားသည်။
ယခုနှစ်တက္ကသိုလ်ဝင် စာမေးပွဲဖြေမည့် ကမန်တိုင်းရင်းသား ကျောင်းသား၊ ကျောင်းသူများ၏ ခုံအမှတ်နှင့်နာမည်စာရင်း ထုတ်ပြန်ရာတွင် နာမည်၏နောက်၌ “ဘင်္ဂါလီ”ဟု အမည်တပ်ထားသည့် ကိစ္စနှင့်ပတ်သက်၍ နိုင်ငံတော်အတိုင်ပင်ခံရုံးသို့ စာပေးပို့ထားကြောင်း ကမန်တိုင်းရင်းသား လူမှုကွန်ရက်ထံမှ သိရှိရသည်။
စစ်တွေမြို့ ပြည်တော်သာရပ်ကွက် ရှိ ပြည်နယ်အစိုးရအဖွဲ့မှ အတွင်းရေးမှူး ဦးတင်မောင်ဆွေ၏အိမ်နှင့် ပြည်နယ် တရား လွှတ်တော်ရုံးရှေ့၊ ပြည်နယ်မြေစာရင်း ဦးစီးဌာနရုံးရှေ့တို့တွင် ဖေဖော်ဝါရီလ ၂၄ ရက် နံနက် ၄ နာရီ ၁၀ မိနစ်က လက်လုပ်မိုင်း ဆက်တိုက် ပေါက်ကွဲခဲ့သဖြင့် စစ်တွေမြို့တွင် လုံခြုံရေး တိုးမြှင့်ထားကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူးထံမှ သိရသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေနေအိမ်နှင့် ပြည်နယ်တရားလွှတ်တော်ရုံးတို့တွင် ယနေ့နံနက် ၄ နာရီကျော်အချိန်က လက်လုပ်မိုင်းဖေါက်ခွဲမှုများ ဖြစိပွားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
“ကျွန်တော်တို့က ရခိုင်ပြည်နယ်မှာ လူထုထောက်ခံမှု အများဆုံး ရထားတဲ့ပါတီ။ ရခိုင်လူထုရဲ့ခံစားချက်ကို ကျွန်တော်တို့သိတယ်။ ဒီလို နေရာပြန်ချထားတဲ့ကိစ္စ၊ ဖွံ့ဖြိုးရေး ဆောင်ရွက်တဲ့ကိစ္စတွေမှာ ကျွန်တော်တို့ပါတီနဲ့ တိုင်ပင်သင့်တယ်။ ဘင်္ဂါလီတွေကို နေရာပြန်ချတဲ့နေရာမှာ ရခိုင်တွေရဲ့လုံခြုံရေး စိုးရိမ်စရာတွေရှိနေတယ်”ဟု ပြောသည်။