News

POST TAGGED AS

ရခိုင်အရေး

12-Sep-2017 tagged as ရခိုင်အရေး
တကယ်တော့ အခုအချိန်ဟာ အစည်းအဝေးတွေထိုင်၊ ဆုံးဖြတ်ချက်တွေ ချမှတ်နေရမယ့်အချိန် မဟုတ်သလို၊ အဆိုတွေတင်သွင်း၊ ပြစ်တင်ရှုတ်ချနေရမယ့်အချိန်လည်းမဟုတ်ပါဘူး။ ဘယ်သူက ဘာမလုပ်ခဲ့လို့၊ ဘယ်သူက ဘယ်လိုမလုပ်လို့ စတဲ့ အငြင်းအခုံတွေဖြစ်ပြီး တစ်ဦးနဲ့တစ်ဦး၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ပြစ်တင်ရှုတ်ချနေရမယ့် အချိန်လည်း မဟုတ်ပါဘူး။
... လူသားချင်းစာနာမှုနဲ့ အကူအညီပေးဖို့နဲ့ တိုက်ခိုက်မှုတွေရပ်ဖို့ လူ့အခွင့်အရေး လှုပ်ရှားတောင်းဆိုသူတွေက တောင်းဆိုဖော်ပြနေကြတဲ့အချိန်ဖြစ်သလို ငွေကြေးချမ်းသာတဲ့ အချို့နိုင်ငံတွေက ဖိအားပေးနေချိန်လည်း ဖြစ်ပါတယ်။
ရခိုင်ပြဿနာ ပြည်မသို့ ယနေ့အထိ ကူးစက်မလာအောင် ပြည်မရှိ မွတ်ဆလင်များ အထူးသတိထား ဆင်ခြင်နေထိုင်သည်မှာ အသိအမှတ်ပြုစရာ ဖြစ်သည်။
ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသည့် အကြမ်းဖက် တိုက်ခိုက်မှုများအတွက် ကန့်ကွက်ရှုတ်ချသည့် ဟောပြောပွဲတစ်ရပ်ကို ကရင်ပြည်နယ် ဘားအံတွင် စက်တင်ဘာလ ၁၀ ရက်နေ့၌ ပြုလုပ်သွားမည်ဖြစ်ပြီး မစိုးရိမ်တိုက်ကျောင်းဆရာတော် ဦးဝီရသူက ဦးဆောင် ဟောပြောသွားမည်ဖြစ်ကြောင်း ကရင်ပြည်နယ် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ထံမှ သိရသည်။
မောင်တောခရိုင်တွင် ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဘင်္ဂါလီလူမျိုးများ ၎င်းတို့ရပ်ရွာတွင် အေးဆေးစွာ ပြန်လည် နေထိုင်နိုင်ရန် နယ်မြေ ရှင်းလင်းနေသည့် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက်မှုကို မလိုလားသည့် ဘင်္ဂါလီ ရပ်မိရပ်ဖများက ပူးပေါင်း ဆောင်ရွက်နေသည်ဟု အမှတ် (၁) နယ်ခြားစောင့် ရဲကွပ်ကဲမှုအဖွဲ့မှူး ရဲမှူးချုပ် သူရစန်းလွင်က ပြောကြားသည်။
07-Sep-2017 tagged as ရခိုင်အရေး
ယခုဆောင်းပါးသည် ရခိုင်ပြည်နယ်တွင်းမှ ဖြစ်ပေါ်နေသော ဘင်္ဂါလီပြဿနာနှင့် ပတ်သက်၍ The Diplomat မဂ္ဂဇင်းပါ ဆောင်းပါးကို ဘာသာပြန်ဆိုထားခြင်း ဖြစ်ပြီး The Voice အနေနှင့် အငြင်းပွားဖွယ်ရာ ဖြစ်သည့် ရိုဟင်ဂျာဆိုသည့် အသုံးအနှုန်းကို သုံးစွဲလိုခြင်း မရှိသော်လည်း မူရင်းဆောင်းပါးအာဘော် ပျက်ယွင်းသွားမည် စိုးသောကြောင့် ဆောင်းပါးတွင် သုံးနှုန်းထားသည့်အတိုင်း ရိုဟင်ဂျာဟု သုံးနှုန်းထားကြောင်းနှင့် ယင်းသည် The Voice ၏ အာဘော်မဟုတ်ပါကြောင်း အထူးဖော်ပြလိုပါသည်။ ( အယ်ဒီတာ)
06-Sep-2017 tagged as ရခိုင်အရေး
ယခင်အစိုးရ လက်ထက်ကပင် ကြီးမားသည့် ပဋိပက္ခဖြစ်ပွားခဲ့သော်လည်း လက်ရှိအစိုးရ လက်ထက်ရောက်မှသာ နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို ပြန်လည် ရုပ်သိမ်းရန် တောင်းဆို တိုက်တွန်းရေး လှုပ်ရှားမှုမျိုးအထိ ဖြစ်ပေါ်လာခြင်းသည် မည်သို့မျှ သွေးရိုးသားရိုး မဖြစ်နိုင်ပေ။
06-Sep-2017 tagged as ရခိုင်အရေး
ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားသော အကြမ်းဖက်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံရသူများကို စိစစ်၍ ပြန်လည်လက်ခံသွားမည်ဖြစ်ကြောင်း အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းက ပြောကြားလိုက်သည်။.
ကမ္ဘာပေါ်မှာ လူဦးရေအများဆုံး ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံရဲ့ ဝန်ကြီးချုပ်မိုဒီဟာ နိုင်ငံတကာ အန်ဂျီအိုအဖွဲ့တွေနဲ့ ဆက်ဆံတဲ့နေရာမှာ အတော်လေး လက်သံပြောင်တယ်လို့ နာမည်ကြီးသူပါ။
05-Sep-2017 tagged as ရခိုင်အရေး
လူမှုကွန်ရက်ပေါ်တွင် နိုင်ငံတကာ မီဒီယာများက ရေးသားဖော်ပြချက်၊ နိုင်ငံတကာမှ ပုဂ္ဂိုလ်များ၏ ထင်မြင်သုံးသပ်ချက်များကို ဆဲရေးတိုင်းထွာနေရုံမျှဖြင့် ပြဿနာများ ပြေလည်မည် မဟုတ်သလို မြန်မာနိုင်ငံ၏ ဂုဏ်သတင်းလည်း မည်သို့မျှ ကျော်စောနိုင်မည် မဟုတ်ကြောင်းနှင့် မောင်တောတွင် တောက်လောင်သော မီးပွားကို အခြား ပြည်နယ်နှင့်တိုင်းဒေသကြီးများဆီသို့ ကူးစက်မှု မရှိစေရန် အားလုံးက သတိတရားကြီးစွာဖြင့် ကာကွယ်ဟန့်တားရမည်