News

POST TAGGED AS

ရခိုင်အရေး

ကျွန်တော်တို့သည် ကမ္ဘာ့ စာ၊ နယ်၊ ဇင်း လောကသို့ ထိုးဖောက် ဝင်ရောက်နိုင်ကြမည်ဖြစ်ပြီး ကမ္ဘာ့ပြည်သူများနှင့် ကမ္ဘာ့ခေါင်းဆောင်များ အနေနှင့် မြန်မာပြည်သူတွေ အကြောင်း၊ မြန်မာ့လူ့အဖွဲ့အစည်းအကြောင်း၊ မြန်မာ့ယဉ်ကျေးမှုအကြောင်း၊ မြန်မာ့နိုင်ငံရေးသမိုင်းနှင့် လက်ရှိဖြစ်ပေါ်နေသော လူမျိုးရေး၊ ဘာသာရေး အကြောင်းပြ နိုင်ငံရေး ပြဿနာများနှင့် ယင်းနိုင်ငံရေး ပြဿနာများကို ပြည်သူနှင့် အစိုးရတို့ မည်သို့ ဖြေရှင်းကြသည်ဆိုသည့် အကြောင်းများကို ထဲထဲဝင်ဝင် သိမြင်နိုင်ကြမည်ဖြစ်ကာ မလိုသူများ ပြောသမျှ ယုံကြည်ရသည့်အဖြစ်မှ မြန်မာ့အကြောင်း မြန်မာပြောမှ ယုံကြည်ရသည့်အဖြစ်ကို ရောက်လာမည်
အကြမ်းဖက်ခံဒေသတွေမှာ ပြန်လည် နေရာချထားရေးနဲ့ ထူထောင်ရေး လုပ်ငန်းတွေကို ဆက်လက် ဆောင်ရွက်ကြရမယ့် တာဝန်ရှိသူတွေက ဒေသခံလူနည်းစု တိုင်းရင်းသားတွေဆီမှာ စူးစူးနစ်နစ် စိမ့်ဝင်နေတဲ့ အဲဒီအကြောက်တရားတွေကို အလေးအနက်ထား နားထောင်ဖို့ လိုပါတယ်။
03-Oct-2017 tagged as ရခိုင်အရေး
မကြာသေးခင်ရက်ပိုင်းကတင် ပြည်တွင်းမှာကျင်းပမယ့် နိုင်ငံတကာ ဂီတပွဲတော်တစ်ခုမှာ ဖျော်ဖြေဖို့ စီစဉ်ထားတဲ့ နာမည်ကျော် ပြည်ပ အနုပညာရှင်တွေဟာ ဘင်္ဂါလီပြဿနာ အကြောင်းပြချက်နဲ့ မြန်မာပြည်ကိုလာဖို့ ငြင်းဆန်ခဲ့ကြပါတယ်။ တိုင်းပြည်အနေနဲ့ ပုံရိပ်ကျဆင်းမှုနဲ့အတူ နောက်ထပ် ဒီလိုဖြစ်ရပ်မျိုးတွေ ထပ်မံကြုံတွေ့ရဖွယ် ရှိနေပါသေးတယ်။
ရခိုင်ပြည်နယ် အမ်းမြို့နယ်တွင် ဆူပူမှုဖြစ်စေရေးအတွက် လှုံ့ဆော်ရန် ကျပ်ငါးသိန်းပေးကာ မကွေးတိုင်းဘက်သို့ လာရောက် စည်းရုံးမှုရှိကြောင်း မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက ပြောကြားသည်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ ဘင်္ဂါလီ ဒုက္ခသည်များနှင့်ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်များ ယနေ့ တွေ့ဆုံဆွေးနွေးကြကာ ရခိုင်ကိစ္စအပေါ် ကုလသမဂ္ဂ အကြီးအကဲ အန်တိုနီယို ဂူတာရက်စ်၏ ရှင်းလင်း ပြောဆိုမှုများကို နားထောင်ကြမည်ဖြစ်ကြောင်းနှင့် လုံခြုံရေးကောင်စီ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသော ပြင်သစ်နိုင်ငံက ရခိုင်ရေးရာ ကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနန်ကို လာမည့် အောက်တိုဘာလတွင် ကောင်စီသို့ လာရောက်ပြီး အဆိုပါ ကော်မရှင်၏ အစီရင်ခံစာနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပေးရန် ဖိတ်ကြားလိုက်ကြောင်း သတင်းဌာနများက ရေးသားဖော်ပြသည်။
27-Sep-2017 tagged as ရခိုင်အရေး
ရခိုင်ပြည်နယ် ပဋိပက္ခသည် မြန်မာနိုင်ငံ မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းဒေသများမှ ကာလရှည် လက်နက်ကိုင် တိုက်ခိုက်မှုများအသွင် တင်းပြည့် ကျပ်ပြည့် ပုန်ကန်ထကြွမှုမျိုးအဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားမည်လော။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ဩဂုတ်လက စတင်ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုများနှင့် ပတ်သက်၍ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရှနန်က အစွန်းရောက်သမားတို့၏ ထောင်ချောက်ထဲသို့ မရောက်ရှိသွားအောင် အထူးဂရုစိုက်ရမည်ဖြစ်သည်ဟု သတိပေးပြောကြားလိုက်ကြောင်း CNA သတင်းဌာနက ရေးသားဖော်ပြသည်။
ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်တွေထဲမှာ ဘင်္ဂလားဒေ့ရှ်ကို ခိုးဝင်နေတဲ့လူတွေကို ပြန်လက်ခံဖို့နဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ ပေးတာကို လက်ခံစေဖို့ပါလိမ့်မယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဒီလူတွေကို ပြန်လက်ခံရင် ဘင်္ဂလားဒေ့ရှ်ကလူတွေ မြန်မာပြည်ကို ထပ်ပြီးခိုးဝင်ကြမလားဆိုတဲ့ စိုးရိမ်စိတ်ဟာ တာဝန်ရှိသူတွေ အပါအဝင် တစ်နိုင်ငံလုံးမှာ ရှိနေပါတယ်။
တိုင်းရင်းသား လူမျိုးများက ခြိမ်းခြောက်ခံနေရပြီဟု ယူဆကြပြီး ၎င်းတို့၏ ယဉ်ကျေးမှုနှင့် ဝိသေသလက္ခဏာကို ထိန်းသိမ်းရန် ကြိုးပမ်းကြခြင်းသာဖြစ်သည်။ အလားတူ ဥပဒေများ အစ္စလာမ်နိုင်ငံ အများအပြားတွင် ရှိသော်လည်း မည်သူမျှ ထိုအကြောင်း မပြောကြ။
အခြားနိုင်ငံများက မိမိနိုင်ငံ လုံခြုံရေးအတွက် တိုက်ချင်းပစ် ဒုံးကျည်များ၊ အဏုမြူဗုံးများ ထုတ်လုပ်ရန် ကြိုးစားနေသည့်အချိန်တွင် ကျွန်တော်တို့က မိမိနယ်စပ်ဒေသ လုံခြုံရေးအတွက် ကျေးရွာများ ပြင်ဆင်ဖွဲ့စည်းရန်နှင့် ခြံစည်းရိုး ခတ်ဖို့တော့ ကြိုးစားသင့်သည်ဟု ထင်မြင်ယူဆပါသည်။