News

POST TAGGED AS

ယာဉ်စည်းကမ်း

မန္တလေးမြို့တော်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာရေးလှုပ်ရှားမှုကို မနော်ရမ္မံကစားကွင်းအနီး လူထုဟစ်တိုင်ကွင်းရှေ့တွင် စက်တင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းကပြုလုပ်ခဲ့သည်။
ရန်ကုန်တိုင်းအစိုးရမှ တည်ဆောက်ထားသည့် ယာဉ်ထိန်းချုပ်ရေးစင်တာ Traffic Control Center မှာ ယနေ့အချိန်အထိ မြို့တွင်းသွားလာနေသည့် မော်တော်ယာဉ်များ၏ စည်းကမ်းဖောက်ဖျက်မှုအပေါ် အရေးမယူသေးကြောင်း Traffic Control Center ရုံးတွင် တာဝန်ထမ်းဆောင်နေသည့် အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။
မွန်ပြည်နယ်တွင် မော်တော်ယာဉ် မတော်တဆမှုများ ပိုများလာသည့်အတွက် ပြည်နယ်အစိုးရက အထူးစီမံချက်ဖြင့် ဖမ်းဆီးအရေးယူသွားမည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။
ရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိသော စတစ်ကာ၊ လိုက်ကာနှင့် ကြော်ငြာများ တပ်ဆင်သည့် အငှားယာဉ်များကို ဖေဖော်ဝါရီ ၁ ရက်မှစ၍ စစ်ဆေးကာ လုပ်ငန်းလိုင်စင် ဖျက်သိမ်းမည်ဖြစ်ပြီး မြို့နယ်အလိုက် ရဲတပ်ဖွဲ့နှင့် ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့တို့က စောင့်ကြည့်အရေးယူရန် စီစဉ်ထားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
18-Jan-2018 tagged as ယာဉ်စည်းကမ်း
ရန်ကုန်မြို့တွင်း ခရီးသွားပြည်သူများကို သယ်ယူပို့ဆောင်ရာတွင် မ.ထ.သ စနစ်ထက် YBS စနစ်တွင် ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၅၀ ရာခိုင်နှုန်း လျော့ကျခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA ထံမှ သိရသည်။
ရန်ကုန်မြို့တွင်း စည်းကမ်းမဲ့ ရပ်နားသည့် မော်တော်ယာဉ်များကို ကရိန်းဖြင့်ဆွဲ၍ ဖမ်းဆီးရာတွင် ယာဉ်၏ ကိုယ်ထည်ပျက်စီးပါက ကရိန်းဝန်ဆောင်မှုကုမ္ပဏီက ပေးလျော်ရမည်ဖြစ်ကြောင်း လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားခဲ့သည်။
05-Nov-2017 tagged as ယာဉ်စည်းကမ်း
ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်တွင် စည်းကမ်းမဲ့ ယာဉ်ရပ်နားခြင်းကို ထိထိရောက်ရောက် လက်တွေ့အရေးယူနိုင်ရေး မူဝါဒ ချမှတ်ဆောင်ရွက်ရန် လွှတ်တော်တွင် တင်ပြမည်ဖြစ်ကြောင်း ပန်းဘဲတန်း မြို့နယ်မဲဆန္ဒနယ် အမှတ် (၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောကြားသည်။
မွန်ပြည်နယ် မြို့နယ်များမှ ယာဉ်လုပ်ငန်းများထိန်းသိမ်းကြီးကြပ်ရေး ကော်မတီ(ယထက)များ စည်းမျဉ်းစည်း ကမ်းမလိုက်နာပါက သက်ညှာမည် မဟုတ် ဘဲ ဥပဒေနှင့်အညီ အရေးယူမည်ဟု မွန် ပြည်နယ် ဝန်ကြီးချုပ်က သတိပေး ပြောဆို လိုက်သည်။
ထို့အပြင် ယခုကိစ္စသည် စက်တင်ဘာလ ၁ ရက်နေ့ နောက်ပိုင်း မလိုက်နာသူများ/ မှားယွင်း အချက်ပြသူများကို အရေးယူရမည့်ကိစ္စ မဟုတ်ပါ။ စက်တင်ဘာလ ၁ ရက်နေ့ နောက်ပိုင်းတွင် မှားယွင်း အချက်ပြမှု လုံးဝ မရှိသင့်သည့်/ လုံးဝ မရှိရတော့မည့် ကိစ္စသာ ဖြစ်ပါသည်။ ထို့ကြောင့် စက်တင်ဘာလ ၁ ရက်နေ့တွင် မြန်မာတစ်နိုင်ငံလုံး တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ပြောင်းလဲနိုင်ရေးအတွက် တာဝန်ရှိအဖွဲ့စည်းများအနေနှင့် ယခုမှပင် စတင်၍ အစီအမံများ ချမှတ်ဆောင်ရွက်သင့်ပြီ ဖြစ်ပါသည်။