News

POST TAGGED AS

ယဉ်ကျေးမှု

ပုဂံဒေသခံများ၏ တောင်းဆိုချက်များဆောင်ရွက်ပေးရန် အဂတိတိုက်ဖျက်ရေးကော်မရှင်ထံ တင်ပြ
မန္တလေး၊ ဩဂုတ် ၆

ပုဂံဒေသခံများ၏ တောင်းဆိုချက်များကို နိုင်ငံတော်သမ္မတအပါအဝင် သက်ဆိုင်ရာဝန်ကြီးဌာနများထံ တင်ပြထားသော်လည်း ၂ နှစ်ကျော်ကြာသည့်အချိန်အထိ တစ်စုံတစ်ရာ ဖြေရှင်းဆောင်ရွက် ပေးခြင်းမရှိသဖြင့် ဩဂုတ်လ ၆ ရက်က နေပြည်တော်ရှိ အဂတိတိုက်ဖျက်ရေး ကော်မရှင်ထံ ထပ်မံတင်ပြခဲ့ကြောင်း Save Bagan အဖွဲ့ထံမှ သိရသည်။

“ဒေသခံပြည်သူတွေရဲ့ကိုယ်စား ကျွန်တော်တို့အဖွဲ့က အဂတိကော်မရှင်ကို တိုင်ကြားပါတယ်။ ပြီးခဲ့တဲ့ ဇွန်လပထမပတ်အတွင်းမှာ ကျွန်တော်တို့ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီးတော့ တောင်းဆိုခဲ့တယ်။ ဒါပေမဲ့ ခုချိန်ထိ တစ်စုံတစ်ရာဖြေ ရှင်းဆောင်ရွက်ပေးခြင်းမရှိတဲ့အတွက် တင်ပြရခြင်းဖြစ်ပါတယ်”ဟု Save Bagan အဖွဲ့ တာဝန်ရှိသူ ဦးမျိုးဆက်စံက ပြောကြားသည်။

တောင်းဆိုရာတွင် ပုဂံယဉ်ကျေးမှုနယ်မြေတွင် ဥပဒေနှင့်မညီညွတ်သည့် ခေတ်သစ်အဆောက်အအုံများနှင့် ခြံခတ်သိမ်းပိုက်ထားသည့် နေရာများကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ပေးရန်၊ တားဆီးပိတ်ပင်ခံထားရသည့် ဒေသခံများ၏ စီးပွားရေး၊ အလုပ်အကိုင်အခွင့်အလမ်းများကို ဥပဒေနှင့်အညီ အမြန်ဆုံး လမ်းဖွင့်ဆောင်ရွက်ရန်အပါအဝင် အချက် ၈ ချက်ပါဝင်သည်။ 

တောင်းဆိုချက်များနှင့် ပတ်သက်၍ ခြံဝင်းများ၊ ဟိုတယ်ဝင်းများအတွင်း ရောက်ရှိနေသည့် ဘုရားများကို အများပြည်သူဖူးမြော်နိုင်ရန် ဆောင်ရွက်ခြင်း၊ လမ်းညွန်ဆိုင်းဘုတ် စိုက်ထူခြင်းများ ပြုလုပ်ပေးခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ပုဂံဌာနခွဲ၊ အရာရှိတစ်ဦးက ပြောကြားသည်။

ဒေသခံများထံမှ လက်မှတ်ပေါင်း ၈၀၃၆ ကျော် ကောက်ခံရရှိခဲ့ပြီး ၂၀၁၆ ခုနှစ် ဩဂုတ်လ ၂၄ ရက်ရက်စွဲဖြင့် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံသို့ ပေးပို့ခဲ့သေးသည်။ 

M-05



FOLLOW US