News

POST TAGGED AS

မန္တလေး

မန္တလေးမြို့အတွင်းနဲ့ ဝန်းကျင်ဒေသမှာ ဖြစ်ပေါ်နေတဲ့ ဒီဖြစ်စဉ်ဖြစ်ရပ်တွေဟာ အခုလို နည်းပညာ မြင့်မားလာပြီး လူတိုင်းကိုယ်စီ Social Media ဖြစ်တဲ့ Facebook သုံးစွဲနေကြတဲ့ကာလမှာ အခြား တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ၊ နိုင်ငံရပ်ခြားတွေအထိ ပျံ့နှံ့နေပြီး ဒီအပေါ် စိုးရိမ်စိတ်၊ မြို့ခံလူထုအတွက် ကိုယ်ချင်းစာစိတ်တွေလည်း ဖြစ်ကြရရင်း ပြင်ပကနေ အခုလို အပြုသဘော ဝေဖန်ထောက်ပြ အကြံပေးနေကြတာကိုလည်း နားစိုက်ထောင်သင့်နေပါပြီ။
03-Sep-2018 tagged as ဈေး မန္တလေး
မန္တလေးမြို့ဈေးချိုတော် အနီးတစ်ဝိုက်ရှိ လမ်းများပေါ်တွင် ဈေးဆိုင်များ၊ ပွဲရုံများအနေနှင့် စည်းကမ်းမဲ့ အရောင်းအဝယ်မပြုလုပ်နိုင်ရန်နှင့် ကုန်တင်ကုန်ချ လုပ်ငန်းများဆောင်ရွက်နိုင်ရန် လမ်းဧရိယာ သတ်မှတ်သည့် မျဉ်းများရေးဆွဲမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။
ကျောက်ဆည်မြို့အတွင်း မူးယစ်ဆေးဝါး ကျော်စောနေရာတစ်ခုဖြစ်သည့် လက်ပံကျေးရွာကို ရဲတပ်ဖွဲ့က ဒုတိယအကြိမ်မြောက်အဖြစ် စက်တင်ဘာလ ၂ ရက်နေ့က ထပ်မံစီးနင်းခဲ့ကြောင်း ကျောက်ဆည်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဝင်းသိန်းက ပြောကြားသည်။
ရထားလမ်းရေကျော်ကာ တာပေါင်များ ပျက်စီးခဲ့၍ နှစ်ရက်ကြာရပ်နားထားသည့် ရန်ကုန်-မန္တလေး ရထားများကို ဩဂုတ်လ ၃၁ ရက်က ပြန်လည်ပြေးဆွဲခဲ့ကြောင်း မြန်မာ့မီးရထား (တိုင်း-၇) သွားလာပို့ဆောင်ရေး၊ တိုင်းမန်နေဂျာ ဦးဇော်လွင်က ပြောကြားသည်။
ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး၏ အမြဲတမ်းအတွင်းဝန်လည်းဖြစ်၊ ညွှန်ကြားရေးမှူးချုပ်လည်းဖြစ်သူ ဦးကိုကိုနိုင်ထံမှ အထွေထွေလျော်ကြေး နစ်နာကြေး ကျပ်သိန်း၂၀,ဝ၀၀ ရလိုမှုဖြင့် ၎င်းဌာနမှပင် အငြိမ်းစားယူသွားသည့် အရာရှိဟောင်းကြီးတစ်ဦးက မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တွင် ယနေ့အမှုဖွင့် တရားစွဲဆိုခဲ့သည်။
မန္တလေးမြို့တော်၏ အထင်ကရနေရာများအနက် တစ်ခုပါဝင်သည့် မနော်ရမ္မံကစားကွင်းရှေ့တွင် ဩဂုတ်လ ၂၉ ရက်နေ့ ည ၁၀ နာရီခန့်အချိန်က အမျိုးသားတစ်ဦး၏ လည်ပင်းကို ဓားဖြင့်လှီးကာ ဆိုင်ကယ်လုယူထွက်ပြေးမှု ဖြစ်သွားခဲ့သည်။
မန္တလေးကုန်စည်ဒိုင်၌ ယခုရက်ပိုင်းအတွင်း ကျပ်သိန်း ၁၁၆၀ ကျော် လိမ်လည်မှုတစ်ခုဖြစ်ခဲ့ကြောင်း ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်း - မန္တလေး ကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ ဦးချွန်က ပြောကြားသည်။
လစ်လပ် မဲဆန္ဒနယ်မြေများအတွက် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲဝင် လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေနှင့် စက်တင်ဘာလ ၃ ရက်နေ့မှစ၍ မဲဆွယ်စည်းရုံးခွင့်ရမည်ဖြစ်ကြောင်း မန္တလေးတိုင်း ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။
ပဲခူးတိုင်းဒေသကြီး ဆွာရေလှောင်တမံအတွင်းပိုင်း ပြိုကျခြင်းကြောင့် ရန်ကုန်-မန္တလေးကားလမ်းနှင့် ရထားလမ်းရေကျော်နေသဖြင့် ရန်ကုန်-မန္တလေး အသွားအပြန်အဝေးပြေးယာဉ်လိုင်းများနှင့် ရထားများ ဩဂုတ်လ ၂၉ ရက်က ယာယီရပ်နားခဲ့ကြောင်း အဆိုပါ ဌာနများထံမှ သိရသည်။
မန္တလေးတောင်ခြေတွင်ရှိပြီး မင်းတုန်းမင်း တည်ဆောက်ခဲ့သော သုမ္မာဇရပ်တန်းမှ ဇရပ်တစ်ဆောင်ကို ဩဂုတ်လ ၂၇ ရက်နေ့ညဦးပိုင်းအချိန်တွင် ကားတစ်စီးက အရှိန်ဖြင့်ဝင်တိုက်မိခဲ့ရာ ရှေးဟောင်းကျွန်းတိုင်တစ်လုံးကျွတ် ထွက်ခဲ့ကြောင်း နန်းတော်ရှေ့နယ်လုံးဆိုင်ရာ လူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။