News

POST TAGGED AS

မွန်ပြည်နယ်

ကျိုင်းတုံတွင် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသည့် လူငယ်တစ်ဦး ဖမ်းမိ


ကျိုင်းတုံ၊ စက်တင်ဘာ ၇

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ အမှတ် (၁) ရပ်ကွက် မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာန ရုံးရှေ့တွင် စက်တင်ဘာ ၆ ရက် မွန်းလွဲပိုင်းက မူးယစ်ဆေးဝါးများ ရောင်းဝယ်သုံးစွဲနေသည့် လူငယ်တစ်ဦးကို ဖမ်းဆီးရမိကြောင်း ကျိုင်းတုံခရိုင် မှုခင်းနှိမ်နင်းရေးဌာနစု တာဝန်ခံ ရဲအုပ်ညီဝင်းကျော်က ပြောကြားသည်။

“မိုး/ဇလရုံးရှေ့မှာ အဲဒီကောင်လေးကိုတွေ့လို့ စစ်ဆေးရှာဖွေကြည့်တော့ ဘောင်းဘီရှည်အိတ်ကပ်ထဲကနေ စိတ်ကြွဆေးပြား ၆၀၀ ကို ဖမ်းဆီးရမိခဲ့တာပါ”ဟု ၎င်းက ဆိုသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အန်ထော်နီ (၂၃ နှစ်)ကို မယ (ပ) ၁၇၉/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉ (က) ဖြင့် အရေးယူထားကြောင်း ကျိုင်းတုံမြို့မရဲစခန်းထံမှ သိရသည်။

R-16




FOLLOW US