News

POST TAGGED AS

မကွေး

မကွေးမြို့နယ်အတွင်း အုပ်ချုပ်ရေးမှူးရွေးသည်ကို မကျေနပ်သဖြင့် ဇွန်လ ၈ ရက်နေ့ည ၈ နာရီခန့်က မကွေးခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ ဒေသခံ ၂၀၀ ကျော်စုဝေးကာ ပြန်လည်ရွေးချယ်ပေးရန် တောင်းဆိုခဲ့ကြသည်။
မကွေးမြို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာ (ကညန) ရုံးအရှေ့ လမ်းပေါ်တွင် ကျူးကျော်နေထိုင်သည့် အိမ် ၂၇ လုံး ဖယ်ရှားခြင်းကို ရက်အကန့်အသတ်မရှိ ဆိုင်းငံ့လိုက်ကြောင်း မကွေးတိုင်းအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
မကွေးတိုင်း စည်ပင်သာယာရေးဥပဒေကို အသစ်ပြန်လည်ရေးဆွဲရန် ဂန့်ဂေါမြို့နယ်၌ မေလ ၉ ရက်နေ့မှ ၂၄ ရက်နေ့အထိ လူထုသဘောထားလက်မှတ် ကောက်ခံခဲ့ရာ လက်မှတ်တစ်သောင်းနီးပါးအထိရရှိကြောင်း ယင်းတိုင်းစည်ပင်သာယာရေး ဥပဒေ ပြင်ဆင်ရေး ကော်မတီ (ဂန့်ဂေါ) ထံမှ သိရသည်။
မကွေးတိုင်းဒေသကြီး၌ နိုင်ငံကူးလက်မှတ် (Passport) ပြုလုပ်သူ ပြီးခဲ့သည့်နှစ်ကထက် နှစ်ဆကျော်တိုးလာကြောင်း မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့ရုံးခွဲ (မကွေး) ထံမှသိရသည်။
21-May-2018 tagged as တံတား မကွေး
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ပုသိမ်-မုံရွာ လမ်းမကြီးပေါ်တွင် မုန်းချောင်းကိုဖြတ်ပြီး တည်ဆောက်ထားသည့် မဲဇလီဘေလီကြိုးတံတားမှာ ကြံ့ခိုင်မှု နောက်ဆုံးအဆင့်ဖြစ်သည့် အဆင့်(၅) သို့ ရောက်ရှိနေသဖြင့် ယာဉ်သွားလာမှု ကန့်သတ်လိုက်ကြောင်း အဆိုပါတိုင်းအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မကွေးတိုင်းဒေသကြီး မကွေးမြို့ ကုန်းလမ်းပို့ဆောင်ရေးရုံးအနောက်ဘက် လမ်းမပေါ်ရှိ ကျူးကျော်အိမ် ၂၇ လုံးကို ရက် ၂၀ ကျော်အတွင်း ကိုယ်တိုင်မဖယ်ရှားပါက အစိုးရက အင်အားသုံးဖယ်ရှားမည်ဖြစ်ကြောင်း ယင်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။
မကွေးတိုင်း မြို့သစ်မြို့နယ် ရွှေပန်းပင်အုပ်စု ရိုးကူးတဲတိုက်တွင် မေလ ၉ ရက် ညနေပိုင်းက ငွေစက္ကူအတုတန်ဖိုး သုံးသိန်းလျှင် အစစ်တန်ဖိုးတစ်သိန်းဖြင့် လဲလှယ်ရောင်းချပေးနေသူ အမျိုးသားများကို ဖမ်းဆီးရမိကြောင်း ဒန့်ဒလွန်ပင် နယ်မြေရဲစခန်းထံမှ သိရသည်။
၂၀၁၈-၁၉ ပညာသင်နှစ်တွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများအပါအဝင် မူလတန်းအဆင့်ကျောင်းသား၊ ကျောင်းသူများအတွက် ကျပ်သန်းပေါင်း ရှစ်ရာကျော် တန်ဖိုးရှိ သင်ထောက်ကူပစ္စည်းများ ထောက်ပံ့မည်ဖြစ်ကြောင်း အဆိုပါ တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။
10-May-2018 tagged as မကွေး မြေယာ
မကွေးတိုင်းဒေသကြီးအတွင်း သိမ်းဆည်းခံခဲ့ရသည့်မြေများမှ ၁၀ ရာခိုင်နှုန်းခန့်သာ မူလပိုင်ရှင်များ ပြန်လည်ရရှိကြောင်း ယင်းတိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီထံမှ သိရသည်။
မကွေးမြို့နယ် မကြီးကန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်နှစ်ဦးက ဝင်ရောက်စွက်ဖက်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးကို ဖိအားများပေးခဲ့သည်ဟု ရာအိမ်မှူးများနှင့် ရပ်မိရပ်ဖများ၏အဆိုအရ သိရသည်။