News

POST TAGGED AS

မကွေး

06-Sep-2018 tagged as မကွေး
မကွေးခရိုင် တောင်တွင်းကြီးမြို့တွင် စက်တင်ဘာလ ၄ ရက်နေ့က ဆိုင်ကယ်စီးလာသူ အမျိုးသားနှစ်ဦးထံမှ လောက်လေးခွနှင့် လောက်စာလုံးများ ဖမ်းဆီးရမိခဲ့ကြောင်း မကွေးတိုင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
မကွေးတိုင်းဒေသကြီးတွင် ၂၀၁၆ မှ ၂၀၁၈ ခုနှစ်အထိ သုံးနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားနှုန်း များပြားလာပြီး ထိုရောဂါကြောင့် သေဆုံးသည့် လူဦးရေလည်း တိုးပွားလာကြောင်း ယင်းတိုင်းကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။
04-Sep-2018 tagged as ဈေး မကွေး
မကွေးတိုင်း မင်းဘူးမြို့ရှိ ဈေးဟောင်းနေရာတွင် ကျပ်သိန်း ၂ သောင်းကျော် ကုန်ကျမည့် ဈေးအသစ်တစ်ခု ပြန်လည်တည်ဆောက်မည်ဖြစ်ကြောင်း အဆိုပါဈေး ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးမစ်ကီးက ပြောကြားသည်။
မကွေးခရိုင်အတွင်း မှုခင်းများ လျော့နည်းပပျောက်စေရန်ရည်ရွယ်ပြီး လင်းယုန်စစ်ဆင်ရေးကို စက်တင်ဘာလအတွင်း ပြုလုပ်မည်ဖြစ်ကြောင်း မကွေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် မဲဇလီပင်ကျေးရွာတွင် ဩဂုတ်လ ၃၀ ရက်နေ့က ငွေကျပ် ၆၀၀၀ ပျောက်ဆုံးသဖြင့် ဖခင်ဖြစ်သူက အမြွှာသားသမီးနှစ်ဦးကို ရိုက်နှက်မေးမြန်းရာမှ သမီးငယ်ဖြစ်သူ သေဆုံးခဲ့ကြောင်း မကွေးခရိုင် ရဲတပ်ဖွဲ့ထံမှသိရသည်။
မ​ကွေးတိုင်း​ဒေသကြီး တောင်​တွင်းကြီးမြို့ တောင်​ပြင်​ (၂) ရပ်​ကွက်​ မြို့နယ်​တရားရုံး​ရှေ့တွင်​ သြဂုတ်လ ၃၁ ရက် နံနက်​ ၄ နာရီအချိန်​ခန့်​က ကုန်တင်ကားနှင့်​ ဆိုင်​ကယ်​တိုက်​မိ၍ ဆိုင်​ကယ်​စီးနင်းသူ တပ်မတော်သား တပ်ကြပ်ကြီးတစ်ဦး သေဆုံးသည်ဟု တောင်တွင်းကြီးမြို့မရဲစခန်းမှ သိရှိရသည်။
မကွေးတိုင်း မကွေးမြို့တွင် စက်မှုဇုန်တစ်ခုတည်ဆောက်ပေးရန် ယင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြတောင်းဆိုမည်ဖြစ်ကြောင်း မကွေးတိုင်းကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးစိန်အေးအောင်က ပြောကြားသည်။
26-Aug-2018 tagged as မကွေး
မကွေးတိုင်း ရေနံချောင်းမြို့တွင် ဩဂုတ်လ ၂၄ ရက် ညနေ ၆ နာရီခွဲခန့်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယင်းမြို့အတွင်း စီးဆင်းသည့် သစ်တစ်ပွေချောင်း (ခ) နောင်ရိုးချောင်းကို ဖြတ်သန်းသွားသည့် ဆိုင်ကယ်နှင့် အမျိုးသားနှစ်ဦး ရေစီးတွင်မျောပါခဲ့ရာ တစ်ဦးသေဆုံးခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများထံမှ သိရသည်။
24-Aug-2018 tagged as မုဒိမ်း မကွေး
မကွေးတိုင်း ရေနံချောင်းမြို့နယ် လေးတိုင်စင်ကျေးရွာအုပ်စုတွင် အသက် ၁၄ နှစ်အရွယ် သတ္တမတန်း ကျောင်းသူတစ်ဦးတွင် ကိုယ်ဝန် ၇ လရှိမှ မိခင်ဖြစ်သူက သိရှိသည့်အတွက် ဩဂုတ်လ ၂၂ ရက်နေ့က မုဒိမ်းမှုဖြင့် အမှုဖွင့်လှစ်ခဲ့ကြောင်း ယင်းနယ်မြေရဲစခန်းထံမှ သိရသည်။
မကွေးတိုင်းဒေသကြီးအတွင်းရှိ လူငယ် ၁၅၀၀ အတွက် သင်တန်းများပို့ချကာ အလုပ်အကိုင်ရရှိစေရန် လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း အလုပ်အကိုင်ကျွမ်းကျင်မှု စီမံကိန်းမန်နေဂျာ ဒေါ်ငြိမ်းငြိမ်းအိက ပြောကြားသည်။