News

POST TAGGED AS

မူးယစ်ဆေးဝါး

08-Aug-2018 tagged as မူးယစ်ဆေးဝါး
မင်္ဂလာဒုံ စက်မှုဇုန်ဝင်းအတွင်း လွန်ခဲ့သည့်သုံးနှစ်ကျော်က ကွန်တိန်နာယာဉ်တစ်စီးပေါ်မှ ကျပ်ဘီလီယံ ၁၄၀ နီးပါးရှိသော စိတ်ကြွဆေးပြားများ စံချိန်တင် ဖမ်းဆီးရမိမှုနှင့်ပတ်သက်၍ ကုလားတန်မြစ်ဝှမ်းဒေသ ဖွံ့ဖြိုးရေးကုမ္ပဏီပိုင်ရှင် မင်းဦးခိုင် အပါအဝင် ၁၀ ဦးကို မြောက်ပိုင်းခရိုင်တရားရုံးက ယနေ့ မွန်းလွဲပိုင်းတွင် မူး/စိတ် ပုဒ်မ ၂၀ (က)/ ၂၁ ဖြင့် စွဲချက်တင် အမိန့်ချမှတ်လိုက်သည်။
ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ ဆန်ဆိုင်း (ခ) ရပ်ကွက်တွင် ယနေ့ (ဩဂုတ် ၄ ရက်) နံနက် ၃ နာရီခွဲခန့်က ခိုးဝင်ထိုင်းနိုင်ငံသားတစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၆၀၀ ဖမ်းဆီးရမိကြောင်း ကျိုင်းတုံမြို့ ပြည်နယ်ဒုတိယ ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
မင်္ဂလာဒုံ စက်မှုဇုန်တွင် လွန်ခဲ့သည့် သုံးနှစ်ခန့်က ကွန်တိန်နာယာဉ်တစ်စီးပေါ်မှ ကျပ်ဘီလီယံ ၁၄၀ နီးပါးရှိ စိတ်ကြွဆေးပြားများ စံချိန်တင်ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ တရားစွဲဆိုထားသူ ၁၀ ဦးကို လာမည့် ဩဂုတ်လ ၈ ရက်နေ့တွင် စွဲချက် တင်သင့် မတင်သင့် အမိန့်ချမှတ်မည်ဖြစ်ကြောင်း မြောက်ပိုင်းခရိုင်တရားရုံးထံမှ သိရသည်။
“စီရင်ချက်၊ ရှလီကျန်းနှင့် ဟောင်ကျန်းရီတို့ နှစ်ဦးအား ကွင်းလယ်ကိုထုတ်ပြီး ချက်ချင်းပစ်သတ်စေ”ဟု စီရင်ချက်ကို ဖတ်ပြလိုက်သည်။ ထိုနေ့က မူးယစ်ဆေးဝါးပြစ်မှုအတွက် ချက်ချင်းပစ်သတ်ခံရသူ တရားခံနှစ်ဦးအပြင် အခြား ၆ ဦးလည်းရှိသေးသည်။ သူတို့က အခြားပြစ်မှုများကြောင့်ဖြစ်ပြီး ဟိုင်းကောင် အားကစားကွင်းအတွင်း ထိုနေ့က သေဒဏ်စီရင်ခြင်းခံရသူမှာ ၈ ဦးဖြစ်သည်။
24-Jul-2018 tagged as မူးယစ်ဆေးဝါး
မူးယစ်ဆေးဝါး နှိမ်နင်းရေးလုပ်ဆောင်ရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်အောက်မှ ရဲအရာရှိ ၄၄ ဦးကို မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့သို့ ဇူလိုင်လ ၂၃ ရက်နေ့က ပြောင်းရွှေ့ပေးလိုက်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
တောင်ငူမြို့နယ် မိုးကောင်းကျေးရွာအုပ်စု မိုးကောင်းရွာနေ အမျိုးသားတစ်ဦးထံမှ စိတ်ကြွဆေးပြား ၁၀၀ ကျော် ဖမ်းဆီးရမိခဲ့ကြောင်း တောင်ငူ အမှတ် ၃ နယ်မြေရဲစခန်းထံမှ စုံစမ်းသိရှိရသည်။
ဧရာဝတီတိုင်း ဖျာပုံမြို့တွင် ဇူလိုင် ၁၁ ရက်နေ့က WY စာတန်းပါ စိတ်ကြွမူးယစ်ဆေးပြား ၂၆၀၀ ကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း ဖျာပုံမြို့မရဲစခန်းထံမှ သိရသည်။
မလေးရှားမူးယစ်အမှု၏ ကွင်းဆက်တရားခံဆိုသည့် အောင်လွင် (ခ) ထားဝယ်ကြီးကို ဇူလိုင်လ ၁၂ ရက်နေ့က ထားဝယ်ခရိုင် တရားရုံးတွင် စတင်တရားစွဲဆိုလိုက်သည်။
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မများဖြင့် တရားစွဲဆိုခံရသူ ဩစတြေးလျနိုင်ငံသား မစ္စတာ ရော့ဒန်ကလေ အပါအဝင် ၇ ဦးကို ဇူလိုင်လ ၁၂ ရက်နေ့က အနောက်ပိုင်းခရိုင် တရားရုံးတွင် ဒုတိယအကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့သော်လည်း အမှုကို မစစ်ဆေးဖြစ်သေးကြောင်း ယင်းတရားရုံးထံမှ သိရသည်။
လူဦးရေ ထူထပ်လှသည့် ရန်ကုန် တိုင်းဒေသကြီးတွင် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ လူသတ်မှု၊ လုယက်မှု၊ မုဒိမ်းမှုများ ပါဝင်သော အမှုကြီးပေါင်း ၃၀၀ နီးပါးအထိ ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။