News

POST TAGGED AS

မူးယစ်ဆေးဝါး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် စက်တင်ဘာလ ၉ ရက်နေ့ ညနေ ၅ နာရီခန့်က ခရီးသည်တင်ယာဉ်တစ်စီးပေါ် လိုက်ပါလာသည့် အမျိုးသမီးတစ်ဦးထံမှ မိန်းမကိုယ်အတွင်းဝှက်၍ သယ်ဆောင်လာသည့် မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်တပ်ဖွဲ့စု (၅) ကလေးမြို့မှသိရသည်။
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ ရွှေပြည်စိုး ကျေးရွာတွင် နေအိမ်အတွင်း မူးယစ်ဆေးဝါး အကြွေးစာရင်းနှင့်အတူ မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချနေသူတစ်ဦးနှင့် ကွင်းဆက် တရားခံ ၄ ဦးကို စက်တင်ဘာ ၇ ရက်က မူးယစ်အထူးအဖွဲ့မှ ဖမ်းဆီးလိုက်သည်။
မွန်ပြည်နယ်တွင် ၈ လအတွင်း မူးယစ်းဆေးဝါးအမှုပေါင်း ၂၃၀ မှုကျော် ဖမ်းဆီးရမိခဲ့သည်ဟု မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ အမှတ် (၁) ရပ်ကွက် မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာန ရုံးရှေ့တွင် စက်တင်ဘာ ၆ ရက် မွန်းလွဲပိုင်းက မူးယစ်ဆေးဝါးများ ရောင်းဝယ်သုံးစွဲနေသည့် လူငယ်တစ်ဦးကို ဖမ်းဆီးရမိကြောင်း ကျိုင်းတုံခရိုင် မှုခင်းနှိမ်နင်းရေးဌာနစု တာဝန်ခံ ရဲအုပ်ညီဝင်းကျော်က ပြောကြားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ မိုင်းရယ်မြို့တွင် စက်တင်ဘာလ ၄ ရက်နေ့က ၂၂ ဘီးမော်တော်ယာဉ်နှစ်စီးဖြင့် သယ်ဆောင်လာပြီး မူးယစ်ဆေးဝါးချက်လုပ်ရာ၌ အသုံးပြုသည့် ထိန်းချုပ်ဓာတုဆေးဝါးများနှင့် ကဖင်းအိတ်များကို ဖမ်းဆီးရမိခဲ့ကြောင်း လားရှိုးခရိုင်ရဲတပ်ဖွဲ့ထံမှ သိရသည်။
06-Sep-2018 tagged as မူးယစ်ဆေးဝါး
Golden City အိမ်ရာတွင် မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိထားသူ အဆိုတော် ရွှေထိုက်နှင့် ၎င်း၏ခင်ပွန်းကို ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးတွင် စက်တင်ဘာလ ၆ ရက် (ယနေ့ ) က မူးယစ်ဆေးဝါး ရောင်းချသည့်ပုဒ်မဖြင့် စတင် တရားစွဲဆိုလိုက်သည်။
ချမ်းမြသာစည်မြို့နယ်အတွင်းရှိ အစိုးရဝန်ထမ်းများနှင့် ကုမ္ပဏီဝန်ထမ်းများအတွက် မြို့ပြနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနက ရောင်းချပေးထားသော မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ရာ တိုက်ခန်းတစ်ခုတွင် နေထိုင်သူများထံမှ စိတ်ကြွဆေးပြား လေးသောင်းကျော် စက်တင်ဘာလ ၃ ရက်နေ့ မွန်းလွဲပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
ကရင်ပြည်နယ်အတွင်း မူးယစ်ဆေး အလွဲသုံးစားမှုလျှော့ချနိုင်ရေးအတွက် လူငယ်မှ လူငယ်သို့ပညာပေးခြင်း စနစ်အဖြစ် လူငယ်အချင်းချင်း မူးယစ်ဆေးဝါး လျှော့ချနိုင်ရေး လုပ်ဆောင်မည်ဖြစ်ကြောင်း ကရင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဇော်မင်းက ပြောကြားသည်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ဩဂုတ်လ ၂၈ ရက်နေ့ ညနေ ၃ နာရီခွဲခန့်က ကျိုင်းတုံ-မိုင်းခတ်လမ်း မြို့အဝင် နောင်ဖာရဲကင်းရှေ့၌ အမျိုးသားကြီးတစ်ဦးထံမှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း ကျိုင်းတုံမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ဇင်မင်းလတ်က ပြောကြားသည်။
30-Aug-2018 tagged as မူးယစ်ဆေးဝါး
“ကျောင်းသားကတ်ပါမှ ဝင်ခွင့်ရမယ်လို့ သတ်မှတ်လိုက်တာကို လူတွေအနေနဲ့ အာဏာရှင်ဆန်တယ်လို့ မြင်ချင်မြင်မယ်”