News

POST TAGGED AS

မီးလောင်မှု

မိတ္ထီလာခရိုင် မလှိုင်မြို့နယ် ခုနစ်ချက်ကျေးရွာမှ အသက် ၇၀ ကျော်အရွယ် အမျိုးသားတစ်ဦးသည် စက်တင်ဘာလ ၁၅ ရက်ညနေပိုင်းက မီးဖိုတဲတွင် ထမင်းအိုးတည်ခဲ့ပြီး ဓမ္မာရုံ၌ကျင်းပသည့် လျှပ်စစ်မီးရရှိရေး အစည်းအဝေးသွားနေစဉ် မီးဖိုတဲနှင့် လူနေအိမ်တို့ မီးလောင်ဆုံးရှုံးခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးရုံးနှင့် ရွာခံများထံမှ စုံစမ်းသိရှိရသည်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းခတ်မြို့နယ် ဖာလန်ကော်ကျေးရွာအုပ်စု တောင်သုံးလုံးရွာတွင် ယနေ့ (စက်တင်ဘာ ၅ ရက်) နံနက် ၁၀ နာရီခန့်က ဆိုလာမီးမှတစ်ဆင့် မီးလောင်မှုဖြစ်ပေါ်ခဲ့ကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။
လသာမြို့နယ်၊ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးဝင်းရှိ ကင်ဆာဓာတ်ရောင်ခြည်ဌာနတွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်၍ လျှပ်စစ်ဌာနမှ နေ့စားဝန်ထမ်း အမျိုးသားတစ်ဦးကို ရာဇသတ်ကြီး ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။
ကယ်လီဖိုးနီးယားပြည်နယ်တွင် ဆယ်စုတစ်စုအတွင်း အကြီးမားဆုံး တောမီးလောင်မှုတွင် ပြင်းထန်သောလေကို အံတုကာ ငြှိမ်းသတ်နေကြသော မီးသတ်သမားများက တောင်ပေါ်နေဒေသခံ ထောင်ပေါင်းများစွာကို မီးလမ်းကြောင်းပေါ်မှ ကယ်ထုတ်ခဲ့ရသည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင် ဇူလိုင်လ ၂၉ ရက်နေ့ ညနေပိုင်းက ရေနံစိမ်းချက်လုပ်ပြီးသား ဒီဇယ်များကို ဆီသယ်ယာဉ် တစ်စီးထဲသို့ ထည့်ရာမှ ရှော့ခ်ဖြစ်၍ ဆီသယ်ယာဉ်နှစ်စီး မီးလောင်ခဲ့ရာ အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း မုံရွာခရိုင်၊ မီးသတ်ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။
ကယ်လီဖိုးနီးယားမြောက်ပိုင်း တောမီးလောင်မှုကြောင့် သေဆုံးသူငါးဦးတွင် ကလေးငယ်နှစ်ဦးနှင့် ၎င်းတို့၏အဘွားတို့ ပါဝင်သည်ဟုသတင်းများအရ သိရှိရကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
ဂရိနိုင်ငံအနှံ့အပြားတွင် တောမီးများလောင်ကျွမ်းမှုကြောင့် အနည်းဆုံးလူ ၂၀ ခန့် သေဆုံးခဲ့ပြီး ဒေသအာဏာပိုင်များက နိုင်ငံတကာအကူအညီကို တောင်းခံထားသည်ဟု အစိုးရကပြောကြားလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
တရုတ်နိုင်ငံ စီချွမ်ပြည်နယ်ရှိ စက်မှုဇုန်တစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ၁၉ ဦး သေဆုံးပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
ကင်ညာနိုင်ငံ၏ မြို့တော် နိုင်ရိုဘီရှိ ဈေးတစ်ခုတွင် မီးလောင်ကျွမ်းမှုတစ်ရပ် ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၅ ဦးသေဆုံးခဲ့ပြီး ၇၀ ကျော်ခန့် ဒဏ်ရာရရှိသွားကြောင်း အာဏာပိုင်များ၏ ပြောကြားချက်ကို BBC သတင်းဌာနက ကိုးကားဖော်ပြသည်။
ဝမ်းတွင်းမြို့နယ်ကို ဖြတ်သန်းသွားသည့် ရန်ကုန်-မန္တလေးကားလမ်း မိုင်တိုင်အမှတ် ၃၆၈/ဝ နှင့် ၃၆၈/၁ ကြား ဘုရားဖြူကျေးရွာအုပ်စု ရွာရှည်ကျေးရွာအနီးတွင် ဇွန် ၂၀ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်က ဂါလန် ၁၈၀၀ ဆံ့ ဆီဘောက်ဆာယာဉ်တစ်စီး မီးလောင်ခဲ့ကြောင်း မိတ္ထီလာခရိုင်မီးသတ်တပ်ဖွဲ့နှင့် ဒေသခံများထံမှသိရသည်။