News

POST TAGGED AS

မိုးကြိုးထိမှန်

တနင်္သာရီတိုင်းတွင် စက်တင်ဘာလ ၂၂ ရက်က မိုးကြိုးပစ်ခံရခြင်းကြောင့် လူလေးဦး သေဆုံးကာ တစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း တိုင်းဒေသကြီး ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနထံမှ သိရ သည်။
ပဲခူးတိုင်း ကျောက်တံခါးမြို့နယ် ပဲနွယ်ကုန်းမြို့ ဂွေးကုန်းကျေးရွာအနီး လယ်ကွက်တစ်ခုတွင် ဇူလိုင် ၂၂ ရက်နေ့ နံနက် ၁၀ နာရီခန့်က စပါးစိုက်နေသူများထံသို့ မိုးကြိုးပစ်ချခံခဲ့ရသည့်အတွက် အမျိုးသမီးတစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပဲနွယ်ကုန်းနယ်မြေရဲစခန်းထံမှ သိရသည်။
တိုက်ကြီးမြို့နယ်၊ လိမ္မော်ခြံကျေး ရွာအုပ်စု၊ ပိုက်လုံးစုကျေးရွာတွင် ဇူလိုင်လ ၄ ရက် ည ၇ နာရီခန့်က ဂျိုးဖြူသံပိုက်လုံးကို မိုးကြိုးပစ်ရာအနီးတွင် လမ်းလျှောက်နေသူ အသက် ၇ နှစ်နှင့် ၉ နှစ်အရွယ် ကလေးငယ်ဦး သံစထိမှန်ပြီး အသက် ၉ နှစ် အရွယ်ကလေး သေဆုံးသွားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှသိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ခမ်းပတ်မြို့တွင် ဇွန်လ ၉ ရက် နေ့နံနက် ၃ နာရီခန့်က မိုးကြိုးထိမှန်မှုကြောင့် အသက်၂၅ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီးတစ်ဦးမှာ ဒဏ်ရာရရှိခဲ့ကြောင်း ခမ်းပတ်မြို့နယ်မြေရဲစခန်းထံမှ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့နယ်တွင် မေလ ၂၈ ရက်နေ့ နံနက်ပိုင်းက မိုးကြိုးပစ်ခံရမှုကြောင့် နွား ၁၆ ကောင် တစ်ပြိုင်နက်တည်း သေဆုံးခဲ့ကြောင်း အထက်ပြစ်ဆိုင် ကျေးရွာဒေသခံများက ပြောကြားသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဝါးခယ်မမအူပင်နှင့် လပွတ္တာမြို့နယ်များတွင် မေလ ၂ ရက်နေ့နှင့် မေလ ၃ ရက်နေ့က မိုးကြိုးပစ်ခံရသဖြင့်​ အမျိုးသား ၃ ဦး ​သေဆုံးခဲ့​​ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်​။
ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ညောင်ပင်သာ ကျေးရွာအုပ်စု ကျေးရွာချင်းဆက် လမ်းမပေါ်တွင် ဧပြီ ၃ ရက်နေ့ ညနေပိုင်းက ဆိုင်ကယ်မောင်းနှင်လာသူ အမျိုးသမီးတစ်ဦးသည် မိုးကြိုးထိမှန်၍ သေဆုံးခဲ့ကြောင်း ညောင်ပင်သာနယ်မြေ ရဲစခန်းထံမှ သိရသည်။