News

POST TAGGED AS

မိတ္ထီလာ

02-Nov-2017 tagged as မိတ္ထီလာ
မိတ္ထီလာတောင်ကန်အတွင်း၌ တည်ထားသော အန္တကူမိုးကောင်း ဆုတောင်းပြည့် ရေလယ်ဘုရားတွင် တန်ဆောင်မုန်းလပြည့် (ယနေ့) တွင် ၂၅ ကြိမ်မြောက် မီးကြာခွက် ကိုးထောင်မျှောပွဲ ကျင်းပမည်ဖြစ်ကြောင်း ဘုရားဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးထိန်မင်းခိုင်က ပြောကြားသည်။
02-Nov-2017 tagged as မိတ္ထီလာ
မိတ္ထီလာခရိုင်အတွင်းမှ ထွက်ရှိသော နှမ်း (အညို) ကို အိတ်စပို့ (အခွံချွတ်သမား) များ အဝယ်ရပ်ထားသဖြင့် သုံးတင်းဝင် တစ်အိတ်လျှင် ကျပ် ၇၀ဝ၀ ခန့် ဈေးကျသွားကြောင်း မိတ္ထီလာမြို့ခံ ဆီစက်လုပ်ငန်းရှင်များ၊ ကုန်သည်များနှင့် ဆီထွက်သီးနှံပွဲရုံလုပ်ငန်များ၊ ဒေသခံ တောင်သူများထံမှ စုံစမ်း သိရှိရသည်။
01-Nov-2017 tagged as မိတ္ထီလာ
မိတ္ထီလာမြို့မ ၄ ရပ်ကွက် လင်းဇင်းနယ်မြေ ရေလည် အနောက်ကျောင်းဝင်းအတွင်းရှိ အမှတ် (၁) အခြေခံပညာ အလယ်တန်းကျောင်း ကျောင်းဆောင်ဟောင်း၌ အောက်တိုဘာလ ၃၀ ရက်နေ့ ညက လင်မယားချင်း စကားများပြီးနောက် ခင်ပွန်းဖြစ်သူက မိမိကိုယ်ကိုယ် ဓားဖြင့်ထိုး၍ သတ်သေခဲ့ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။
မိတ္ထီလာကန်ရေသည် မြို့ခံလူထုအတွက် အဓိက သောက်သုံးရေ အရင်းအမြစ် ဖြစ်သကဲ့သို့ ဒေသတွင်း လယ်သမားများ၏ စိုက်ပျိုးရေ အရင်းအမြစ်လည်း ဖြစ်ပေသည်။ သို့ရာတွင် မိတ္ထီလာဒေသ၏ သဘာဝ ပတ်ဝန်းကျင် ဂေဟစနစ်များ ပြောင်းလဲလာမှုနှင့် ဒေသခံလူများ၏ နေထိုင်မှု ပုံစံ ပြောင်းလဲလာမှုများကြောင့် မိတ္ထီလာကန်ရေ၏ ညစ်ညမ်းမှုသည်လည်း တစ်နှစ်ထက်တစ်နှစ် ဆိုးရွားလာခဲ့သည်။
29-Oct-2017 tagged as မိတ္ထီလာ
မိတ္ထီလာခရိုင်အတွင်း အောက်တိုဘာ လဆန်းပိုင်းကစ၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဒေသထွက် ငရုတ်သီးများ အရည်အသွေး ကျဆင်းခဲ့သော်လည်း ဈေးကောင်းရနေကြောင်း မိတ္ထီလာမြို့မ ဈေးကြီးရှိ ငရုတ်ပွဲရုံများနှင့် ဒေသခံ တောင်သူများထံမှ စုံစမ်းသိရှိရသည်။
မိတ္ထီလာမြို့နယ်အတွင်း တိုးပွားလာသော လူဦးရေနှင့်အညီ သန့်ရှင်းသော သောက်သုံးရေ လုံလောက်စွာ ဖြန့်ဖြူးပေးနိုင်ရန် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ JICA ချေးငွေဖြင့် တိုးချဲ့ဆောင်ရွက်မည်ဖြစ်ကြောင်း ယင်းမြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဒေါ်နီလာဝင်းက ပြောကြားသည်။
22-Oct-2017 tagged as မိတ္ထီလာ Disaster
မန္တလေးတိုင်းအတွင်း၌ အောက်တိုဘာ လဆန်းပိုင်းကစ၍ မိုးသည်းထန် စွာ ရွာသွန်းနေမှုကြောင့် သာစည်မြို့နယ် အတွင်းရှိ ကျေးရွာ ၁၈ ရွာ ရေကြီးရေလျှံမှုများနှင့် ရင်ဆိုင်နေရကာ လူဦးရေ သုံးထောင်ကျော် သောက်သုံးရေ အရေးပေါ် လိုအပ်နေကြောင်း ယင်းမြို့ဒေသခံ အရပ်ဘက် လူမှုရေး အဖွဲ့အစည်းများထံမှ သိရသည်။
20-Oct-2017 tagged as မိတ္ထီလာ
မိတ္ထီလာတက္ကသိုလ်တွင် ပညာသင်ယူနေသော ဥပဒေဘာသာ အထူးပြု (အဝေးသင်) ကျောင်းသားများအတွက် သရုပ်ပြတရားခွင်ကို ယင်းတက္ကသိုလ်၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပရာ ခန်းမ၌ အောက်တိုဘာလ ၁၉ ရက်နေ့ မွန်းလွဲပိုင်းက ပြလုပ်ခဲ့ကြောင်း အဆိုပါ သရုပ်ပြတရားခွင်ဖြစ် မြောက်ရေးတွင် ပါဝင်သော တရားလွှတ်တော်ရှေ့နေ ဦးသက်နိုင်စိုးက ပြောကြားသည်။
17-Oct-2017 tagged as မိတ္ထီလာ
မိတ္ထီလာမြို့ သီရိမင်္ဂလာ (ခ) ရပ်ကွက်ရှိ ထီးသုံးဆင့် ရွှေမြင်မိလေး မျက်နှာဘုရား ဂေါပကအဖွဲ့က ဦးဆောင်ကျင်းပမည့် ၃၂ ကြိမ်မြောက် တန်ဆောင်တိုင် ဝင်္ကပါပွဲတော်တွင် ရုပ်သေးပြဇာတ်များ ထည့်သွင်းထားကြောင်း ယင်းဂေါပကအဖွဲ့ဒုတိယဥက္ကဋ္ဌ ဦးသောင်းနိုင်က ပြောကြားသည်။
13-Oct-2017 tagged as မိတ္ထီလာ
ယာဉ်ကြောပိတ်ဆို့မှုများကို ဖြေရှင်းနိုင်ရန်အတွက် မိတ္ထီလာမြို့မဈေး အရှေ့ဘက်ရှိ နံနက်ခင်း ကုန်စိမ်းဈေးတန်း (ဒေသအခေါ် ရှစ်နာရီဈေး) ကို သီရိမင်္ဂလာရပ်ကွက်ရှိ ပုလဲကန်မြေနေရာတွင် ပြောင်းရွှေ့ဖွင့်လှစ်ရန် စီစဉ်နေကြောင်း ယင်းမြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်နီလာဝင်းက ပြောကြားသည်။