News

POST TAGGED AS

မိတ္ထီလာ

မိတ္ထီလာဒေသထွက် ကြက်သွန်နီအသစ် အဝင်များနေသောကြောင့် ဈေးဆက်တိုက်ကျနေကြောင်း မိတ္ထီလာ ကုန်စည်ဒိုင်ထံမှ သိရသည်။
မိတ္ထီလာခရိုင် မလှိုင်မြို့နယ် ထမ္မကြီးကျေးရွာအနောက်ဘက်ရှိ သင်္ချိုင်းကုန်းအနီးတွင် ဧပြီလ ၁၇ ရက်နေ့က အသက် ၃၆ နှစ်အရွယ် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးခဲ့ကြောင်း ယင်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။
မိတ္ထီလာမြို့နယ် မြာကျေးရွာအုပ်စု ရှမ်းတဲကျေးရွာတွင် သစ်ငုတ်တူးရာမှ စစ်လက်ကျန် ဗုံးသီးဟောင်း ၁၃ လုံး ဧပြီ ၃ ရက်နေ့က တွေ့ရှိခဲ့ကြောင်း ယင်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။
မိတ္ထီလာဒေသထွက် ကြက်သွန်နီအသစ် အဝင်များနေသောကြောင့် ဈေးဆက်ကျနေကြောင်း မိတ္ထီလာကုန်စည်ဒိုင်နှင့် တောင်သူများထံမှ သိရသည်။
01-Apr-2018 tagged as မိတ္ထီလာ
မိတ္ထီလာမြို့နယ် အနောက်ဖက် မုန်တိုင်ဆည်အနီးကို ဖြတ်သန်းသွားသော မိတ္ထီလာ-ကျောက်​ပန်း​တောင်းကားလမ်း သရက်​ပင်​တံတား​တွင် ယနေ့ ဧပြီလ (၁) ရက် နံနက် ( ၄:၃၀) အချိန်က ၁၀ ဘီးကား တစ်စီး တံတားအောက်သို့ ပြုတ်ကျ ခဲ့ရာ ကားပေါ် တွင် လိုက်ပါလာသော လူနှစ်ဦး သေဆုံးခဲ့ကြောင်း ရန်အောင်မြင် နာရေးကူညီမှု အသင်းမှ စုံစမ်းသိရှိ ရသည်။
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် အနောက်ဖက် မုန်တိုင်ကျေးရွာအနီးတွင် မတ်လ ၂၉ ရက်နေ့က မကွေးမှ မိတ္ထီလာသို့ မောင်းလာသော ၂၂ ဘီးကားတစ်စီးပေါ်တွင် ပိတောက်သား ၁၄ တန်ကျော် တင်ဆောင်လာသည်ကို ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း မိတ္ထီလာခရိုင်မှုခင်း နှိမ်နင်းရေးဌာနစိတ်မှ အဖွဲ့ခေါင်းဆောင် ရဲအုပ်တင်ထွန်းအောင်က ပြောကြားသည်။
မိတ္ထီလာမြို့ မြင်တော်ကန်သုသာန်၌ မတ်လ ၂၈ ရက်နေ့က သက်တမ်းလွန်ဆေးဝါးများနှင့် ခွင့်ပြုချက်မရှိဘဲ တင်သွင်းရောင်းချသော ဆေးဝါးများကို ပထမဆုံးအကြိမ် မီးရှို့ဖျက်ဆီးခဲ့ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန (မိတ္ထီလာခရိုင်) ဦးစီးအရာရှိ ဒေါက်တာကျော်သန်းရွှေက ပြောကြားသည်။
26-Mar-2018 tagged as သေနတ် မိတ္ထီလာ
မိတ္ထီလာမြို့ ဝန်ဇင်းရပ်ကွက်၌ မတ် လ ၂၄ ရက်နေ့က ခဲဘောသီးထည့်၍ ပစ်ခတ်ရသည့် လက်လုပ်သေနတ်ကိုင်ဆောင်သူ အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ယင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။
ဟင်းခတ် အမွှေးအကြိုင် ထုတ်လုပ်ရာတွင် ကုန်ကြမ်းအဖြစ်အသုံးပြုသော နံနံစေ့ကို သာစည်နှင့်ပျော်ဘွယ်မြို့နယ်တို့မှ ဒေသခံတောင်သူများ စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ယခုနှစ်တွင် ဈေးနိမ့်နေသောကြောင့် အခက်ကြုံနေကြောင်း ဒေသခံတောင်သူများထံမှ စုံစမ်းသိရှိရသည်။
မိတ္ထီလာမြို့ ရတနာမာရ်အောင် ရပ်ကွက်တွင်နေထိုင်သည့် အသက် ၁၂ နှစ်အရွယ် မိန်းကလေးတစ်ဦး မတ်လ ၁၉ ရက်နေ့က မုဒိမ်းကျင့်ခံခဲ့ရကြောင်း ယင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်ကြီးက ပြောကြားသည်။