POST TAGGED AS

မိတ္ထီလာ

မိတ္ထီလာဒေသထွက် ကုလားပဲဈေးပြန်တက်
မိတ္ထီလာ၊ ဇူလိုင် ၂၂

မိတ္ထီလာဒေသထွက် ကုလားပဲကို ရန်ကုန်ဝယ်လက်များ အဝယ်လိုက်လာသဖြင့် ယခုသီတင်းတစ်ပတ်အတွင်း သုံးတင်းဝင်တစ်အိတ်လျှင် ကျပ်ငါးထောင်ဝန်းကျင် ဈေးပြန်တက်လာကြောင်း ဒေသခံပွဲရုံများနှင့် ပဲကြိတ်ခွဲစက် လုပ်ငန်းရှင်များက ပြောဆိုသည်။

“ရန်ကုန်ဘက်က အိတ်စပို့သမားတွေ ဝယ်နေတယ်လို့သိရတယ်။ အရင်လတွေမှာ ကုလားပဲဈေးက တစ်တင်းကို နှစ်သောင်းလောက်အထိ ကျသွားတာ။ နယ်ဘက်တွေမှာ တောင်သူက မရောင်းသေးဘဲထားတဲ့ ကုလားပဲလက်ကျန်တွေ အများကြီးရှိတယ်”ဟု မိတ္ထီလာမြို့မှ မိသားစုပွဲရုံလုပ်ငန်းရှင် ဦးမောင်လွင်က ပြောကြားသည်။

မိတ္ထီလာဒေသထွက် ကုလားပဲဈေးမှာ ယခင်က သုံးတင်းဝင်တစ်အိတ်လျှင် V2 အမျိုးအစား ၆၃,၀၀၀ ကျပ်၊ ထိုင်ဝမ်နှင့် ၉၂၉ အမျိုးအစားမှာ ၆၂,၀၀၀ ကျပ်ခန့်သာ ရှိခဲ့သော်လည်း ဇူလိုင်လ ၂၂ ရက်နေ့ ပေါက်ဈေးမှာ V2 အမျိုးအစားသည် ၆၈,၅၀၀ ကျပ်၊ ထိုင်ဝမ်နှင့် ၉၂၉ အမျိုးအစားများမှာ ၆၇,၅၀၀ ကျပ် ပေါက်ဈေးရှိကြောင်း မိတ္ထီလာကုန်စည်ဒိုင်ထံမှ သိရသည်။ 

မိတ္ထီလာခရိုင်မှာ ပြီးခဲ့တဲ့မတ်လနဲ့ ဧပြီလတွေမှာ ပဲစင်းငုံပြီးတော့ ကုလားပဲထွက်တယ်။ ဈေးက တစ်တင်းကို နှစ်သောင်းခွဲကနေ နှစ်သောင်းလောက်အထိ ပြုတ်ကျသွားတော့ တောင်သူတွေအခက်တွေ့ကုန်တယ်။ အခုမှ ဈေးကနည်းနည်း ပြန်တက်လာတာပါ။ ပဲစင်းငုံကလည်းရှုံးခဲ့ပါတယ်”ဟု သာစည်မြို့နယ်မှ ပဲစိုက်တောင်သူ ဦးလှဦးက ပြောကြားသည်။ 

R-01



FOLLOW US