News

POST TAGGED AS

မင်္ဂလာဒုံ

ထန်းတပင်တွင် သားက အဖေကို ဓားဖြင့်ထိုးသတ်
တောင်ငူ၊ ဇွန် ၉

ပဲခူးတိုင်း တောင်ငူခရိုင် ထန်းတပင်မြို့နယ် နတ်ရွာတွင် ဇွန်လ ၇ ရက်နေ့ ညနေ ၆ နာရီခန့်က သားအဖနှစ်ယောက် အရက်အတူသောက်စားကြရာမှ ဖခင်ဖြစ်သူကို သားက ဓားဖြင့်ထိုးသတ်ခဲ့ကြောင်း ထန်းတပင် မြို့မရဲစခန်းထံမှ သိရသည်။

“သားဖနှစ်ယောက်က အရင်ကလည်း မတည့်ဘူး။ အခင်းဖြစ်နေ့က တစ်ယောက် တစ်ခွန်းစကားများရာက သားက ဓားနဲ့ထိုးသတ်ပြီး ထွက်ပြေးတာပါ။ အခင်းဖြစ်ပြီး နောက်နေ့ ညနေပိုင်းမှာ ပြန်မိတယ်”ဟု ထန်းတပင်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ထန်းတပင်မြို့နယ် နတ်ရွာနေ ဦးအောင်ရွှေ (၅၄ နှစ်) နှင့် သားဖြစ်သူ ခွန်အောင်သိန်းလေး (၁၈ နှစ်) တို့ နှစ်ဦးသည် အရက်သောက်စားပြီး ရွာလယ်လမ်းမတွင် စကားများရန်ဖြစ်ရာမှ သားက ဖခင်ကို ကြက်သွန်လှီးဓားဖြင့် ထိုးသတ်ခဲ့ကြောင်း ထန်းတပင်မြို့မရဲစခန်းထံမှ သိရသည်။

အဆိုပါအမှုနှင့်ပတ်သက်ပြီး ခွန်အောင်သိန်းလေးကို ထန်းတပင်မြို့မ ရဲစခန်းက (ပ) ၇၀/၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် ဖမ်းဆီးအမှုဖွင့်လှစ်ထားကြောင်း အဆိုပါရဲစခန်းထံမှ သိရသည်။

R-15



FOLLOW US