News

POST TAGGED AS

ဘဏ္ဍာရေး

အစိုးရ၏ အသက် ၈၀ အရွယ် ဝန်ကြီးသစ်
ရန်ကုန်၊ မေ ၂၈

NLD အစိုးရအဖွဲ့တွင် လစ်လပ်နေသော စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ရာထူးနေရာ၌ အသက် ၈၀ အရွယ် ဘဏ်လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးကို ခန့်အပ်ရန် နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ အမည်စာရင်း တင်သွင်းလိုက်ပြီဖြစ်သည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၏ စစ်ဆေးမေးမြန်းခြင်းခံခဲ့ရပြီးနောက် ရာထူးမှ နုတ်ထွက်ခဲ့သူ ဝန်ကြီးဟောင်း ဦးကျော်ဝင်း၏ နေရာတွင် ဘဏ်လောကတွင် နှစ်ပေါင်း ၃၀ ကျော် လုပ်ကိုင်ခဲ့သူ ဦးစိုးဝင်းကို ခန့်အပ်ရန် မေ ၂၈ ရက်နေ့က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တင်သွင်းခဲ့ခြင်းဖြစ်သည်။

“ဘဏ်လောကမှာ ဦးစိုးဝင်းကို မသိသူ တော်တော်ရှားပါတယ်။ ဘဏ်လုပ်ငန်းပညာရှင်လို့လည်း ပြောလို့ရပါတယ်။ အရင်တည်းကလည်း ဘဏ္ဍာအခွန်လုပ်ငန်းတွေနဲ့ ရင်းနှီးတဲ့သူဖြစ်တဲ့အတွက် ဝန်ကြီးဖြစ်လာမယ်ဆိုတော့ စီးပွားရေးလောကနဲ့ ပတ်သက်လို့ တော်တော်လေးကောင်းပါတယ်”ဟု ကမ္ဘောဇဘဏ်၏ အကြီးတန်း အကြံပေးအရာရှိ ဦးသန်းလွင်က မှတ်ချက်ပေးသည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး အဖြစ်အဆိုပြုခံရသူ ဦးစိုးဝင်းမှာ National Westminster Bank နဲ့ The Bank of England တို့မှာ ဘဏ်လုပ်ငန်းကို လေ့လာသင်ယူခဲ့သူဖြစ်ပြီး မြန်မာ့စီးပွားရေး ဘဏ်၊ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်တွင် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်သို့ ဦးဆောင်ညွန့်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

“MEB မှာ အလုပ်စဝင်တယ်ဆိုပေမဲ့ သူအကြာဆုံး လုပ်ခဲ့တာကတော့ MFTB ( မြန်မာနိုင်ငံခြား ကုန်သွယ်မှုဘဏ်) မှာပဲ ဘဏ်ဝန်ထမ်း စစ်စစ်ကနေ ဝန်ကြီးဖြစ်တာ သူပထမဆုံး၊ “မြောက်ဒဂုံ မြို့နယ် (၅၀) ရပ်ကွက် နေထိုင်သူ အငြိမ်းစာဘဏ် ဝန်ထမ်းတစ်ဦးက ဆိုသည်။

မြန်မာ့ရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ်ရေး ဘဏ်ဦးဆောင်ညွှန်ကြားရေးမှူးအဖြစ် အငြိမ်းစားယူပြီးနောက်တွင် နိုင်ငံတကာအကြံပေးကုမ္ပဏီ Deloitte Touche ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အစုစပ်ပိုင်ရှင် ဖြစ်လာခဲ့ခြင်းကြောင့် Deloitte ဦးစိုးဝင်းရယ်လို့ လူသိများလာသူဖြစ်သည်။

မော်လမြိုင်တွင် မွေးဖွားခဲ့သူ ဦးစိုးဝင်းသည် ဇနီးဖြစ်သူ ဒေါ်မာမာဆွေနှင့် သားလေးဦးထွန်းကားခဲ့ပြီး ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် မစိုးရိမ်ကျောင်းလမ်းတွင် နေထိုင်လျက်ရှိသည်။ 

J-13



FOLLOW US