POST TAGGED AS

ဘုန်းကြီး

အရက်မူးဆဲဆိုနေသည့် ရဟန်းကို တိုက်အုပ်ဘုန်းကြီးက တုတ်ဖြင့်ရိုက်ပြီး ဓားနှင့်ထိုးသတ်
တောင်ငူ၊ မေ ၁၀

ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ် ပေါက်တောကျေးရွာအုပ်စု ဗောဓိကုန်းကျေးရွာ အောင်နန်းတောင် တောရကျောင်းတွင် မေလ ၉ ရက်နေ့ ည ၉ နာရီ ခန့်က အရက်မူးဆဲဆိုနေသည့် ရဟန်းကို တိုက်အုပ်ဘုန်းကြီးက တုတ်ဖြင့်ရိုက်နှက်ပြီး ဓားနှင့်ထိုးသတ်ခဲ့ကြောင်း အုတ်တွင်းမြို့မရဲစခန်းထံမှ သိရသည်။

ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ဗောဓိကုန်းကျေးရွာ အောင်နန်းတောင်တောရကျောင်းတွင် သီတင်းသုံးနေသော သက်တော် ၄၇ နှစ်အရွယ်ရှိ ဦးသုဇာတ (လူအမည် ဦးစိန်ဝင်း) သည် အရက်သေစာသောက်စားကာ ကျောင်းရှိသံဃာများကို ဆဲဆိုနေသည့်အတွက် သက်တော် ၃၈ နှစ် အရွယ်ရှိ တိုက်အုပ်ဆရာတော် ဦးကုသလက တားမြစ်သည်ကို မနာခံဘဲ ပြန်လည်ရန်ပြုသည့်အတွက် တုတ်နှင့် ရိုက်ကာ ဓားဖြင့်ထိုးသတ်ခဲ့သည့်အတွက် ဦးသုဇာတ ပျံလွန်သွားကြောင်း အုပ်တွင်းမြို့မရဲစခန်းထံမှ သိရသည်။

“ပျံလွန်တော်မူတဲ့ ရဟန်းက တောထွက်ပေါ့။ အရက်မူးပြီး ဆဲဆိုသောင်းကျန်းနေလို့ ပြောတာကို ပုဆိန်နဲ့ ရွယ်တယ်လို့သိရပြီး ကျောင်းထိုင်ဆရာတော်ရဲ့တူ တိုက်အုပ်ဘုန်းကြီးကသတ်တာပါ”ဟု ရင်ခုန်သံရှင်ရေးကူညီမှုအသင်းမှ အရှင်တေဇက မိန့်ကြားသည်။

လူသတ်မှုနှင့် ပတ်သက်၍ ဦးကုသလ (ခ) သန်းဇော်ကို အုတ်တွင်းမြို့မရဲစခန်း က (ပ)၁၈၂/၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်လှစ်ဖမ်းဆီးစစ်ဆေးနေကြောင်း အဆိုပါရဲစခန်းထံမှ သိရသည်။

R-15



FOLLOW US