News

POST TAGGED AS

ဘုန်းကြီး

11-May-2018

မိခင် သေဆုံးမှု
ဆိုင်ပေါ်သစ်ပင်လဲကျချိန် သမီးကို ကာကွယ်ပေးရင်း မိခင်သေဆုံး


တောင်ငူ၊ မေ ၁၁

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ဘူတာတောင်ရပ်ကွက်တွင် မေလ ၁၀ ရက်နေ့ ညနေ ၆ နာရီခန့်က လမ်းဘေးဈေးဆိုင်ပေါ် သစ်ပင်လဲကျရာမှ သမီးကိုကာကွယ်သည့် မိခင်ဖြစ်သူ သေဆုံးခဲ့သည်ဟု ဖြူးမြို့မရဲစခန်းမှ စုံစမ်းသိရှိသည်။

“ကလေးက ပွန်းပဲ့ဒဏ်ရာပဲရတယ်။ မိခင်ဖြစ်သူကို ဆေးရုံပို့ခဲ့ပေမဲ့ ဆုံးပါးသွားပါတယ်။ နှလုံးရပ်ပြီး သေဆုံးတယ်လို့သိရတယ်” ဟု ဖြူးမြို့မရဲစခန်းမှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဖြူးမြို့နယ် မြို့ပေါ် ရပ်ကွက်များတွင် မေလ ၁၀ ရက် နေ့ ညနေ ၆ နာရီခန့်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်ရာမှ ဘူတာတောင်ရပ်ကွက်ရှိ ဦးအောင်စိုးဆိုသူ၏ လမ်းဘေးဈေးဆိုင်အနီး လုံးပတ် ပေ ၂၀ အမြင့်ပေ ၅၀ ခန့်ရှိသည့် ညောင်ပင်လဲကျပိမိခဲ့ခြင်းဖြစ်ကြောင်း၊ အခင်းဖြစ်ရာနေရာသို့ ဖြူးမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ နယ်မြေခံရဲတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးဌာနမှတာဝန်ရှိသူများ သွားရောက်ကယ်ဆယ်ခဲ့ရာ ဈေးဆိုင်ပိုင်ရှင်၏ ဇနီးဖြစ်သူ အသက် ၃၅ နှစ် အရွယ် ဒေါ်ဒီပါဝလီ (ခ)ဖြူဖြူဝင်းသည် ၅ နှစ်အရွယ် သမီးဖြစ်သူ မမေကဗျာကို ခန္ဓာကိုယ်ဖြင့်အုပ်မိုးကာကွယ်ပေးလျက် သတိလစ်နေသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ဒဏ်ရာရရှိထားသူ နှစ်ဦးကို ဖြူးဆေးရုံကြီးသို့ ပို့ဆောင်ကုသပေခဲ့သော်လည်း မိခင်ဖြစ်သူသည် ည ၇ နာရီ ၂၅ မိနစ်ခန့်တွင် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဖြူးမြို့မရဲစခန်းမှစုံစမ်းသိရှိရသည်။

R-15



FOLLOW US