News

POST TAGGED AS

ဘုန်းကြီး

14-Aug-2018 tagged as ဘုန်းကြီး
“ဒီတစ်ခါတော့ ငါလူထွက်ပြီး တကယ်ယူမှာပါ။ နင့်ဘဝကိုလည်း ငါဖျက်ဆီးတာ နှစ်ခါရှိပြီ။ သူက လူထွက် ယူမယ်ပြောနေတော့ ကျွန်မလည်း လက်ခံလိုက်မိတယ်။ ကိုယ့်အပျိုရည်လည်း ပျက်ပြီးမှတော့ နောက် အိမ်ထောင်ပြုဖို့ဆိုတာ မလွယ်တော့ဘူး။ အပျိုစင်လုံးဝမှ မဟုတ်တော့တာ”ဟု မအိစန္ဒာက မျက်ရည်ဝဲရင်း ပြောပြသည်။
ပဲခူးတိုင်း ရေတာရှည်မြို့နယ် ဆတ်သေကျေးရွာရှိ နေအိမ်တစ်အိမ်တွင် ဇွန်လ ၂၁ ရက်နေ့ ည ၇ နာရီခွဲခန့်က အိမ်ပေါ်၌ အရက်သောက်စားနေသည့် ဘုန်းကြီးတစ်ပါးကို ယင်းအိမ်ရှင်၏ သားဖြစ်သူက ဓားနှင့်ထိုးသတ်ခဲ့ကြောင်း သာဂရ နယ်မြေရဲစခန်းထံမှ သိရသည်။
“လူဆိုရင်တော့ အဲ့ဒီနေ့ကတည်းက ဓားနဲ့တက်ခုတ်တယ်။ ဘုန်းကြီးဆိုတော့ လုပ်လို့မရဘူးလေ” ဟု ဆယ်နှစ်သမီး၏ မိခင်က မချိတင်ကဲပြောသည်။
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ဥဿာမြို့သစ် ရပ်ကွက်ကြီး (၈) တန်ဖိုးနည်း အိမ်ရာအနီး ဘုန်းတော်ကြီးကျောင်းတစ်ခုတွင် မေလ ၁၂ ရက် ည ၁၀ နာရီခွဲခန့်က အမျိုးသား ၂ ဦးက ဘုန်းကြီးတစ်ပါးကို ရိုက်နှက်လုယက်၍ ပျံလွန်တော်မူသွားကြောင်း ပဲခူးအမှတ် (၃) နယ်မြေရဲစခန်းထံမှ သိရသည်။
ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ် ပေါက်တောကျေးရွာအုပ်စု ဗောဓိကုန်းကျေးရွာ အောင်နန်းတောင် တောရကျောင်းတွင် မေလ ၉ ရက်နေ့ ည ၉ နာရီ ခန့်က အရက်မူးဆဲဆိုနေသည့် ရဟန်းကို တိုက်အုပ်ဘုန်းကြီးက တုတ်ဖြင့်ရိုက်နှက်ပြီး ဓားနှင့်ထိုးသတ်ခဲ့ကြောင်း အုတ်တွင်းမြို့မရဲစခန်းထံမှ သိရသည်။