News

POST TAGGED AS

ဘုတလင်

ပြည်သူ့စစ်တစ်ဦးနေအိမ်ကို သေနတ်ဖြင့် အချက် ၃၀ ခန့် ပစ်ခတ်သည့် အမျိုးသားကို ဖမ်းမိ
ကျိုင်းတုံ၊ ဇူလိုင် ၂၈

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ် ပူနားကိုရွာတွင် ဇူလိုင် ၂၇ ရက်နေ့ နံနက် ၁၁ နာရီခန့်က ပြည်သူ့စစ်တစ်ဦး၏ နေအိမ်ကို သေနတ်ဖြင့် အချက် ၃၀ ခန့် ပစ်ခတ်သည့် အမျိုးသားကို ဖမ်းဆီးရမိခဲ့ကြောင်း မိုင်းတွမ်း နယ်မြေရဲစခန်းထံမှ သိရသည်။

ပြည်သူ့စစ်အဖွဲ့ဝင် ဦးယားပါလို (၄၃ နှစ်) သည် နေအိမ်၌ရှိနေစဉ် တစ်ရွာတည်းနေ အရပ်သား ဦးကျရှဲမှ M-16 သေနတ်ဖြင့် အချက် ၃၀ ပစ်ခတ်ခဲ့ရာ လူကိုထိမှန်ခြင်း မရှိသော်လည်း ပြတင်းပေါက်၊ အိပ်ခန်းနှင့် အဝတ်ဗီရိုတို့ကို ထိမှန်ခဲ့၍ ပျက်စီးဆုံးရှုံးခဲ့ကြောင်း ယင်းနယ်မြေရဲစခန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အသက် ၄၈ နှစ်အရွယ် ဦးကျရှဲကို (ပ) ၁၁/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၇/၄၂၇ ဖြင့် အရေးယူထားပြီး စစ်ဆေးနေကြောင်း မိုင်းတွမ်းနယ်မြေရဲစခန်းထံမှ သိရသည်။

R-16



FOLLOW US