News

POST TAGGED AS

ဘာသာရေး

နိုင်ငံတကာဆက်ဆံရေး တိုးတက်ရန် UEHRD လုပ်ငန်းအဖွဲ့အသစ် ထပ်မံဖွဲ့စည်း
ရန်ကုန်၊ မတ် ၃

ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး ဖွံ့ဖြိုးရေး စီမံကိန်း (UEHRD) က နိုင်ငံတကာ ဆက်ဆံရေးကဏ္ဍကို တာဝန်ယူမည့် နိုင်ငံတကာ ဆက်ဆံရေး လုပ်ငန်းအဖွဲ့ အသစ်ကို ဖေဖော်ဝါရီ လကုန်ပိုင်းက စတင် ဖွဲ့စည်းလိုက်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်ထံမှ သိရသည်။

UEHRD လုပ်ငန်းအဖွဲ့များသည် ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် ဆောက်လုပ်ရေးကဏ္ဍမှ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးရေး ကဏ္ဍအထိ လုပ်ငန်းအဖွဲ့ ကိုးဖွဲ့ဖွဲ့စည်းထားပြီး လုပ်ငန်းအဖွဲ့များ၏ ဆောင်ရွက်ချက်များကို နိုင်ငံတကာ အသိုင်းအဝိုင်းထံ ထိထိရောက်ရောက် အသိပေးနိုင်ရေးအတွက် လုပ်ငန်းအဖွဲ့သစ်ကို ထပ်မံ ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း ယင်းအသင်းချုပ်ထံမှ သိရသည်။

နိုင်ငံတကာ ဆက်ဆံရေးလုပ်ငန်းအဖွဲ့ကို ပြည်သူ့လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေး ကော်မတီအဖွဲ့ဝင် ဒေါ်ပြုံးကေသီနိုင်က ဦးဆောင်မည်ဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ ဒေါက်တာ ထွန်းသူရသက် (CEO- Myanmar Information Technology Pte Ltd.) နှင့် ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များက တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကုန်သည်စက်မှုအသင်း ချုပ်ထံမှ သိရသည်။

UEHRD လုပ်ငန်းအဖွဲ့အသစ်အနေနှင့် လုပ်ငန်းများ စတင်လုပ်ဆောင် နိုင်ရေးအပါအဝင် အခြားလုပ်ငန်းအဖွဲ့ များနှင့် ထိထိရောက်ရောက် ချိတ်ဆက် ဆောင်ရွက်နိုင်ရေးအတွက် ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းရှိ ကုန်သည်စက်မှု အသင်းချုပ်တွင် ညှိနှိုင်း ဆွေးနွေးခဲ့ကြပြီး လုပ်ငန်းတိုးတက်မှု အခြေအနေများနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကိုလည်း ဆွေးနွေးခဲ့ကြကြောင်း ယင်းအသင်းချုပ်ထံမှ သိရသည်။

UEHRD ကို ဆောက်လုပ်ရေးနှင့် အခြေခံ အဆောက်အဦ တည်ဆောက်ရေး လုပ်ငန်းအဖွဲ့၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းအဖွဲ့၊ စီးပွားရေးဇုန်များ ဖွံ့ဖြိုးရေးအဖွဲ့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးအဖွဲ့၊ အလုပ်အကိုင် ဖန်တီးရေးနှင့် အသက်မွေးဝမ်းကျောင်း သင်တန်းများ စီစဉ်ဖွင့်လှစ်ရေးအဖွဲ့၊ ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့၊ အသေးစား ငွေကြေးထောက်ပံ့မှုအဖွဲ့၊ ရေနှင့် လျှပ်စစ်မီး တပ်ဆင်ရေးအဖွဲ့၊ ဘဏ္ဍာငွေ စုဆောင်းရေးလုပ်ငန်းအဖွဲ့ စသည့် ပုဂ္ဂလိကလုပ်ငန်းအဖွဲ့ ၉ ဖွဲ့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

J-11



FOLLOW US