News

POST TAGGED AS

ဘရာဇီး

ဘရာဇီးနိုင်ငံသမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိလိမ့်မည်ဟု တစ်ပြေးနေသူ လက်ယာစွန်း သမ္မတလောင်း ဂျေယာဘို ဆိုနာရိုသည် ယမန်နေ့က ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုတစ်ခု ပြုလုပ်စဉ် ဓားထိုးတိုက်ခိုက်ခံခဲ့ရကြောင်း၊ ၎င်း၏ ဓားထိုးဒဏ်ရာမှာ ပြင်းထန်လှသော်လည်း စိုးရိမ်ရသည့် အခြေအနေတွင်မရှိဟု ဆေးရုံမှ ကျန်းမာရေးအာဏာပိုင်များက ပြောကြားကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။
ဘရာဇီးနိုင်ငံတွင် အမျိုးသမီးများကို အကြမ်းဖက်မှုနှင့် တိုက်ခိုက်သတ်ဖြတ်မှု ကျူးလွန်သူများကို ရဲတပ်ဖွဲ့က စီမံချက်ဖြင့် ပစ်မှတ်ထားနှိမ်နင်းခဲ့ရာ အမျိုးသား စုစုပေါင်း ၁၀၀၀ ကျော်ခန့် ဖမ်းဆီးထိန်း သိမ်းခံလိုက်ရကြောင်း DW သတင်းဌာနက ရေးသားဖော်ပြသည်။
နယ်စပ်ရှိ ရွှေ့ပြောင်းဒုက္ခသည်စခန်းကို စနေနေ့က တိုက်ခိုက်မှုများရှိခဲ့သော်လည်း ဘရာဇီးသို့ ထွက်ပြေးဝင်ရောက်လာသည့် ဗင်နီဇွဲလားနိုင်ငံသားအရေအတွက် မြင့်တက်လာနေသည်ဟု ဘရာဇီးတာဝန်ရှိသူများက ပြောကြားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
ဘရာဇီးနိုင်ငံတွင် ဒီဇယ်လောင်စာဆီ ဈေးနှုန်းမြင့်တက်မှုကို မကျေနပ်သော ကုန်တင်ကားမောင်းသူများ အင်အားစုက အဝေးပြေးလမ်းမကြီးကို ပိတ်ဆို့ဆန္ဒပြခဲ့ရာ ယခုဆိုလျှင် ခြောက်ရက်တိတိရှိသွားပြီဖြစ်ရာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများ ဖြစ်ပေါ်လျက်ရှိကြောင်း VOA သတင်းဌာနက ရေးသားဖော်ပြသည်။
ဘရာဇီးနိုင်ငံတွင် အဂတိလိုက်စားမှု စွဲချက်ကို အယူခံဝင်ထားသူ သမ္မတဟောင်း လူလာဒါဆီးလ်ဗားအား ထောင်ဒဏ် ၁၂ နှစ် ကျခံစေသည့် အထက်ခုံရုံး၏ ဆုံးဖြတ်ချက်သည် လူလာ၏ နိုင်ငံရေးဘဝကို အဆုံးသတ်သွားစေနိုင်သည်ဟု DW သတင်းတွင် ဖော်ပြထားသည်။