News

POST TAGGED AS

ဗုံးသီး

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ ဝမ်မိုင်ရွာအနီးရှိ ကျိုင်းတုံနည်းပညာတက္ကသိုလ်တွင် စက်တင်ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းက ကျောင်းသားအိပ်ဆောင်သစ် ဆောက်လုပ်ရန် မြေကျင်းတူးဖော်ရာမှ ဗုံးသီးဟောင်းများ တွေ့ရှိခဲ့ကြောင်း ကျိုင်းတုံမြို့မရဲစခန်းမှူး ဒုရဲမှူးသန်းထွန်းအောင်က ပြောကြားသည်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းယုမြို့ မြို့မရပ်ကွက် ထေရဝါဒဗုဒ္ဗသာသနာပြုကျောင်း အနောက်ဘက်ရှိ နမ့်လွေချောင်းကမ်းပါးတွင် စက်တင်ဘာ ၁၃ ရက်က စစ်ကျန်ဗုံးသီးဟောင်း ၇ လုံးတွေ့ရှိကြောင်း ကျိုင်းတုံမြို့ ပြည်နယ်ဒုတိယ ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
လှည်းကူးမြို့နယ်၊ ကြို့ကုန်းတောင်ကျေးရွာတွင် မေလ ၉ ရက် ညနေ ၄ နာရီဝန်းကျင်က ဗုံးသီးဟောင်းတစ်လုံး ပေါက်ကွဲမှုကြောင့် အသက် ၅၁ နှစ် အရွယ်ရှိ အမျိုးသားတစ်ဦးမှာ ဦးခေါင်း ပွင့်ထွက်၊ ခြေလက်များ ပြတ်ထွက်ပြီး အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်၊ နားဆိုင်းကျေးရွာတွင် မေလ ၇ ရက်နေ့က ဗုံးသီးဟောင်းကို ဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ကာ ကလေးငယ်တစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း လားရှိုးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။
မိတ္ထီလာမြို့နယ် မြာကျေးရွာအုပ်စု ရှမ်းတဲကျေးရွာတွင် သစ်ငုတ်တူးရာမှ စစ်လက်ကျန် ဗုံးသီးဟောင်း ၁၃ လုံး ဧပြီ ၃ ရက်နေ့က တွေ့ရှိခဲ့ကြောင်း ယင်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။
01-Apr-2018 tagged as မြိတ် ဗုံးသီး
မြိတ်မြို့ ကလွင်နယ်မြေ တတ္ကသိုလ် ရပ်ကွက် ကုန်းမြင့်သာယာလမ်းတွင် မတ်လ ၃၁ ရက်နေ့ နံနက်ပိုင်းက အိမ်သာတွင်းမြေတူးရာမှ ဗုံးသီးအဟောင်း ၄၀ လုံးကျော် တွေ့ရှိခဲ့ကြောင်း ယင်းနယ်မြေ အုပ်ချုပ်ရေးမှူး ဦးရန်နိုင်စိုးထံမှ သိရသည်။