News

POST TAGGED AS

ဗိုလ်ချုပ်ကြေးရုပ်

ကယားပြည်နယ်အစိုးရက လွိုင်ကော်မြို့တွင် စိုက်ထူရန်ပြင်ဆင်နေသည့် ဗိုလ်ချုပ်ကြေးရုပ်ကို ကန့်ကွက်သူများဆိုကာ လေးဦးကို ဩဂုတ် ၁၀ ရက်နေ့က ဖားဆောင်းမြို့နယ်တရားရုံးက ထပ်မံတရားစွဲဆိုထားကြောင်း ဦးဆောင်ကန့်ကွက်နေသူ မောင်မိုးမြာက ပြောကြားသည်။
ကယားပြည်နယ်အစိုးရက ဖွဲ့စည်းထားသော ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် စိုက်ထူရေးကော်မတီကို ဖျက်သိမ်းလိုက်ပြီး ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူရေးနှင့် ပတ်သက်၍ အစိုးရအဖွဲ့ဘက်ကရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ပြောကြားသည်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ဗိုလ်ချုပ်အောင်ဆန်းရင်ပြင်ရှိ ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ဇူလိုင်လ ၂၃ ရက်နေ့ နံနက် ၂ နာရီခန့်က သင်္ဘောဆေးလောင်းကာ ဖျက်ဆီးခံခဲ့ရကြောင်း ယင်းဗိုလ်ချုပ်ကြေးရုပ်တု ဖြစ်မြောက်ရေး ကော်မတီထံမှ သိရသည်။
လွိုင်ကော်မြို့နယ်တွင်ထားရှိရန် ပြင်ဆင်နေသည့် ဗိုလ်ချုပ်ကြေးရုပ်တုကို ကယားပြည်နယ်အတွင်းသို့ သယ်ဆောင်လာနေပြီဆိုသည့် သတင်းများကြောင့် ကရင်နီလူငယ်များက ဇူလိုင် ၉ ရက်နေ့မှ စတင်၍ ညလုံးပေါက် ပိတ်ဆို့စောင့်ဆိုင်းနေကြောင်း ၎င်းတို့ထံမှသိရသည်။
ကယားပြည်နယ် လွိုင်ကော်မြို့တွင် စိုက်ထူရန် ပြင်ဆင်နေသည့် ဗိုလ်ချုပ်ကြေးရုပ်တုနှင့်ပတ်သက်၍ ကန့်ကွက်သူများနှင့် အစိုးရအဖွဲ့တို့ ညှိနှိုင်းဆွေးနွေးပွဲကို ဇူလိုင်လ၂၀ ရက်၌ ပြည်နယ် အစိုးရအဖွဲ့ရုံးတွင် ထပ်မံပြုလုပ်မည်ဖြစ်ကြောင်း ကရင်နီလူငယ်များထံမှ သိရသည်။
ကယားပြည်နယ် လွိုင်ကော်မြို့တွင် ဗိုလ်ချုပ်ကြေးရုပ်ထားရှိမည့်ကိစ္စ ကန့်ကွက်ကြောင်းနှိုးဆော်စာဖြန့်၍ လူငယ်တစ်ဦးကို ယနေ့ထပ်မံ၍ နိုင်ငံတော်ကိုအကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) (ဂ) နှင့် တရားစွဲဆိုလိုက်ရာ တရားစွဲခံရသူ ၁၁ ဦးအထိ ရှိပြီဖြစ်ကြောင်း ကရင်နီလူငယ်များက ပြောဆိုသည်။
ကယားပြည်နယ် အစိုးရအဖွဲ့က လွိုင်ကော်မြို့နယ်အတွင်း ဗိုလ်ချုပ်ကြေးရုပ်တည်မည့်ကိစ္စကို ကန့်ကွက်သည့်လူငယ် ၁၀ ဦး နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)(ဂ) တို့ဖြင့် တရားစွဲဆိုခံရကြောင်း တရားစွဲဆိုခံထားရသူများထံမှ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ဗိုလ်ချုပ်ကြေးရုပ်ကို ပန်းခြံနေရာနှင့် တံတားချဉ်းကပ်လမ်း လမ်းဆုံနေရာတွင် ထားရှိရန်ဟူ၍ သဘောထားကွဲလွဲမှုများ ရှိသည့်အတွက် မဲခွဲဆုံးဖြတ်ခဲ့ရာ တံတားချဉ်းကပ်လမ်း လမ်းဆုံနေရာတွင်ထားရှိရန် မဲအများဆုံးရရှိခဲ့ကြောင်း ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီ ဘဏ္ဍာငွေရှာဖွေရေးကော်မတီ ဥက္ကဋ္ဌ ဦးမင်းဆွေက ပြောကြားသည်။