News

POST TAGGED AS

ပဲခူး

30-Aug-2018 tagged as ပဲခူး ရေတမံ
ပဲခူးတိုင်း ရေတာရှည်မြို့နယ် ဆွာမြို့အတွင်းရှိ ဆွာချောင်းရေလှောင်တမံသည် ဩဂုတ်လ ၂၉ ရက်နေ့ နံနက် ၄ နာရီ ခန့်က ကျိုးပေါက်ခဲ့ခြင်းကြောင့် ယင်းတမံအနီးရှိ ရွာ ၂၃ ရွာမှ လူ ငါးသောင်းလေးထောင်ကျော် အရေးပေါ် ပြောင်းရွှေ့ခဲ့ရပြီး သုံးဦးပျောက်ဆုံးနေကြောင်း ပဲခူးတိုင်း သယံဇာတ သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ စောညိုဝင်းက ပြောကြားသည်။
ပဲခူးတိုင်း ရွှေကျင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် ယင်းမြို့နယ်ပညာရေးမှူးတို့ တစ်ဦးကိုတစ်ဦး ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အပြန်အလှန်အမှုဖွင့်ထားခြင်းကို တစ်လကျော်ကာလအကြာတွင် ကျေအေးလိုက်ကြောင်း ရွှေကျင်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။
ပဲခူးတိုင်း ရေတာရှည်မြို့နယ် သာဂရ-ကိုးပင်လမ်းပေါ်တွင် ဩဂုတ် ၃ ရက် နေ့ နံနက် ၉ နာရီခန့်က အမျိုးသမီးတစ်ဦး ဆိုင်ကယ်ပေါ်မှ ပြုတ်ကျပြီးသေဆုံးခဲ့ကြောင်း သာဂရနယ်မြေရဲစခန်းထံမှ သိရသည်။
“ကျွန်းသာယာရပ်ကွက်မှာ ရေဘေး ကယ်ဆယ်ရေးစခန်း ၅ ခုလောက်ရှိတယ်။ အိမ်ထောင်စု ၁၂၀၀ လောက်ရှိတယ်။ ကနေ့မှ ရေဘေးကယ်ဆယ် ရေးအထောက်အပံ့တွေရတယ်။ ရေပြန်ကျတယ်ဆိုပေမယ့် အိမ်ဘယ်လို ပြန်လို့ရဦးမှာလဲ” ဟု ကျွန်းသာယာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်က ပြောကြားသည်။
“ရေဘေးစခန်းအချို့လည်း ရေထပ်ကြီးလို့ အဲဒီနေရာကနေ တခြားနေရာကို ပြောင်းရွှေ့နေရတာတွေ ဘားအံမှာ ဖြစ်နေတယ်”ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
အကယ်ဒမီ သရုပ်ဆောင်သီဟတင်စိုးကို မုဒိမ်းမှုဖြင့် လီဆယ်တိုင်ကြားခဲ့သည့် အိမ်အကူမခင်မာမြင့်မှာ ပဲခူးမြို့တွင် အလားတူမုဒိမ်းမှုပုဒ်မဖြင့် အောင်နိုင်ထွန်းကို တရားစွဲဆိုထားမှုအား ဇူလိုင် ၂၅ ရက် (ယနေ့) ပဲခူးမြို့နယ် တရားရုံးတွင် စစ်ဆေးခဲ့ရာ တရားလိုပြသက်သေဖြစ်သူ မှုခင်းဆရာဝန်က သုက်ပိုးမတွေ့ရှိခဲ့ကြောင်း ရုံးတော်ရှေ့တွင် ထွက်ဆိုခဲ့သည်။
ပဲခူးတိုင်း ရွှေကျင်မြို့နယ်နှင့် မဒေါက်မြို့များတွင် ဇူလိုင် ၂၃ ရက်နေ့ ညနေပိုင်းမှစတင်ပြီး စစ်တောင်းမြစ်ရေ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိခဲ့သည့်အတွက် လူနေအိမ်ခြေ ၂၀၀ ကျော် ရေဝင်ပြီး နစ်မြုပ်နေကြောင်း ရွှေကျင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်လှလှဝင်းက ပြောကြားသည်။
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ် ဆွာမြို့ ဆံတော်ပို့ကျေးရွာအုပ်စု၊ ဇဝင်းကျေးရွာတွင် ဇွန်လ ၁ ရက် ညနေ ၅ နာရီခန့်က လင်မယားချင်းစကားများရာမှ ဇနီးက ခင်ပွန်းကို ဓားဖြင့်ခုတ်သတ်ခဲ့ကြောင်း ရေတာရှည်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
31-May-2018 tagged as ပဲခူး
ပဲခူးတိုင်း ပဲခူးမြို့ရှိ အခြေခံပညာ မူလတန်းလွန်ကျောင်းများ၌ ၂၀၁၈-၁၉ ပညာသင်နှစ် ကျောင်းဖွင့်ရာသီအတွင်း ရောင်းသူမဲ့ စာရေးကိရိယာဆိုင်များ ဖွင့်လှစ်ရောင်းချမည်ဖြစ်ကြောင်း ယင်းဆိုင်များဖွင့်ရန် လုပ်ဆောင်နေသူ ဦးကျော်မျိုးဦးက ပြောကြားသည်။
ပဲခူးတိုင်း ဝေါမြို့နယ် ရန်ကုန်-မော်လမြိုင် ကားလမ်းအနီးရှိ ချမ်းမြသာစည်ရပ်ကွက်နေ ဝေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွေး၏ နေအိမ်ရှေ့တွင် WY စာတန်းပါ မူးယစ်ဆေးဝါးများကို မေလ ၇ ရက် ည ၉ နာရီခန့်က ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ကြောင်း ဝေါမြို့မရဲစခန်းထံမှ သိရသည်။