News

POST TAGGED AS

ပဲခူးတိုင်း

ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ် ကန်တော်ကျေးရွာရှိ စစ်တောင်းမြစ်ကမ်းပါးနှင့် နီးကပ်နေသည့် လူနေအိမ်ခြေ အလုံး ၃၀ ခန့်သည် မတ်လ တတိယပတ်ခန့်မှစတင်ပြီး မြစ်ကမ်းပါးပြိုကျမှုများကြောင့် အရေးပေါ်ပြောင်းရွှေ့မှုများ ပြုလုပ်နေကြရကြောင်း အဆိုပါဒေသခံများထံမှ သိရသည်။
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ဆွာမြို့၌ မတ်လ ၂၆ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က တောမီးလောင်ရာမှ ထာဝရဘိုးဘွားရိပ်သာ၏ အဆောင်နှစ်ခု မီးကူးစက်လောင်ကျွမ်းခဲ့ရာ အဘိုးအိုသုံးဦး မီးလောင်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း ဆွာမြို့နယ်မြေရဲစခန်းထံမှ သိရသည်။
ပဲခူးတိုင်း​ ပဲခူးမြို့နယ်​ ဗိုလ်​ကုန်းအမှတ်​ ၁၈ ရပ်​ကွက်​ မဟာစည်​ဘုန်းကြီး​ကျောင်းနှင့် အ​သောက​ကျောင်းလမ်းကြားတွင်​ မတ်​လ ၂၅ ရက်​​နေ့ ညပိုင်းက သမီးရည်းစားနှစ်ဦး ဆိုင်ကယ်ရပ်၍ စကားပြောနေစဉ် အမျိုးသားနှစ်ဦးက ပိုက်ဆံလာရောက်လုယက်ရာမှ မရသဖြင့် အမျိုးသားကို ဓားဖြင့်ထိုးသတ်ပြီး ထွက်ပြေးသွားကြောင်း ယင်းမြို့မရဲစခန်းထံမှ သိရသည်။
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် တောင်သူစုကျေးရွာအနီး အခြေစိုက်ကာ ပဲခူးမြို့ပေါ်ရပ်ကွက်၊ ကျေးရွာများအတွက် ပရဟိတလုပ်ငန်းများ လုပ်ကိုင်ကူညီဆောင်ရွက်ပေးနေသည့် ကလျာဏမိတ္တ လူမှုကူညီရေးအသင်းကို ယင်းတိုင်းအစိုးရက ဖယ်ရှားပေးရန် ညွှန်ကြားချက်ကို လက်မခံကြောင်း အဆိုပါအသင်းထံမှ သိရသည်။
ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ပြည်မြို့နယ်တွင် ယခုဘဏ္ဍာနှစ်အတွင်း အခွန်ငွေကျပ်သန်းပေါင်း ၃၀၀၀ ကျော် ကောက်ခံရရှိခဲ့ကြောင်း ပြည်မြို့နယ် ပြည်တွင်းအခွန်များ ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်စိုးက ပြောကြားသည်။
ပဲခူးတိုင်း တောင်ငူခရိုင်အတွင်းရှိ မြို့နယ် ၆ ခုမှ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများကို တောင်​ငူမြို့နယ် ​ကေတု အထူးကု​ဆေးရုံကြီးတွင် မတ်လ ၃၀ ရက်​​မှ ဧပြီလ ၁ ရက်​​နေ့အထိ Smile Train အဖွဲ့နှင့် ​ဒေသခံဆရာဝန်​များပါဝင်​သည့်​ အဖွဲ့များမှ အခမဲ့ခွဲစိတ်ကုသပေးမည်ဖြစ်ကြောင်း အဆိုပါဆေးရုံကြီးမှ တာဝန်​ရှိသူ ​ဒေါက်​တာစိုးဟန်​က ပြောကြားသည်။
ပဲခူးတိုင်း တောင်ငူမြို့နယ်နှင့် အုတ်တွင်းမြို့နယ်အကြား ဖြတ်သန်းစီးဆင်းနေသည့် ခပေါင်းချောင်းကူးတံတား အသစ်ဆောက်လုပ်ရန် ကျေးရွာ ၁၀ ရွာခန့်က ယာယီ တံတားဖြတ်သန်းခအဖြစ် ကောက်ခံစုဆောင်းထားသည့် ကျပ်သိန်း ၁၇၀ ခန့်ကို စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ကိုယ်ကျိုးရယူ သုံးစွဲထားသည့်အတွက် ဒေသခံများ အခက်ကြုံနေရသည့်အတွက် ပြန်မပေးပါက ဆန္ဒထုတ်ဖော်မည်ဖြစ်ကြောင်း စော်ဘွားကျေးရွာမှ ဦးမင်းမင်းက ပြောကြားသည်။
ပဲခူးတိုင်း အုတ်တွင်းမြို့နယ် အနောက်ဘက် ပေါက်တောကျေးရွာအုပ်စု အမှတ် ၂၀၄ တပ်ရင်းပိုင် ပေါက်တောကြိုးဝိုင်း အကွက်အတွင်း ဝင်ရောက်မီးရှို့၍ အိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့သည်ဟုဆိုကာ အမျိုးသားနှစ်ဦးကို အမှုဖွင့်ထားကြောင်း အဆိုပါရဲစခန်းထံမှ သိရသည်။
ပဲခူးတိုင်း တောင်ငူမြို့နယ်တွင် ယခုနှစ် သင်္ကြန်ပွဲတော်ရက်အတွင်း လုံခြုံရေး ရဲတပ်ဖွဲ့ဝင်အင်အား ပြီးခဲ့သည့် နှစ်​ကထက်​ ပိုမိုချထားကာ တင်းတင်းကျပ်ကျပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တောင်ငူခရိုင်ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
ပဲခူးတိုင်း ဒိုက်ဦးမြို့နယ် ရှမ်းစု​ကျေးရွာအနီးရှိ အောင်ရေတမံကို ယခုနှစ် ဇန်​နဝါရီလက ဖျက်​ဆီးခဲ့သည့်အတွက်​ အနီးတစ်​ဝိုက်​ လယ်​​မြေဧက ၂၅၀ ကျော်​ နွေစပါးစိုက်ရန် ရေမရသည့် အခက်အခဲများနှင့် ကြုံ​တွေ့​နေရကြောင်း ဒေသခံလယ်​သမားများထံမှ သိရသည်။