News

POST TAGGED AS

ပဲခူးတိုင်း

ပဲခူးတိုင်း တောင်ငူမြို့နယ် အမှတ် ၁၁ ရပ်ကွက် ကျုံးဟောင်းအနီး ဆန်စက်တစ်ခုမှ အိမ်သာကို ဇွန်လ ၂၉ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်က ရွှေ့ပြောင်းရာမှ အမျိုးသားလေးဦး ၁၁ ကေဗီရှိ ဓာတ်အားလိုင်းကြိုးနှင့်ထိကာ ဓာတ်လိုက်ခဲ့၍ အမျိုးသားနှစ်ဦး သေဆုံးခဲ့ကြောင်း တောင်ငူ အမှတ် (၂) နယ်မြေရဲစခန်းထံမှ သိရသည်။
ပဲခူးတိုင်း​ဒေသကြီး ပဲခူးမြို့နယ်​ မြို့ သစ် ​(ခ) ရပ်​ကွက်​ ​ငွေ​တောင်​စားသောက်ဆိုင်တွင် ​ဇွန်​လ ၂၈ ရက်​​​နေ့ ညနေ ၄ နာရီခန့်​က တုတ်​ဓားလက်နက်​များကိုင်​ပြီး ယမ်းကား​နေသူ အမျိုးသားသုံးဦး ပြန်ခုခံ၍ ရဲတပ်​ဖွဲ့က ပစ်​ခတ်​ဖမ်းဆီးခဲ့သည်​ဟု ​မြို့သစ်​နယ်​​မြေအုပ်​ချုပ်​​ရေးမှူးရုံးမှ စုံစမ်းသိရှိရသည်​။
ပဲခူးတိုင်း တောင်ငူခရိုင်အတွင်း လေးခုမြောက် စစ်တောင်းမြစ်ကူးတံတားကို ကျောက်ကြီးမြို့နယ် မုန်းဒေသနှင့် ဖြူးမြို့နယ် အုတ်ဖြတ်ကျေးရွာအနီး ဇွန်လ တတိယအပတ်မှစတင်ပြီး ဆောက်လုပ်နေကြောင်း ကျောက်ကြီးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစည်သူလွင်က ပြောကြားသည်။
ပဲခူးတိုင်း ရေတာရှည်မြို့နယ် ဆတ်သေကျေးရွာရှိ နေအိမ်တစ်အိမ်တွင် ဇွန်လ ၂၁ ရက်နေ့ ည ၇ နာရီခွဲခန့်က အိမ်ပေါ်၌ အရက်သောက်စားနေသည့် ဘုန်းကြီးတစ်ပါးကို ယင်းအိမ်ရှင်၏ သားဖြစ်သူက ဓားနှင့်ထိုးသတ်ခဲ့ကြောင်း သာဂရ နယ်မြေရဲစခန်းထံမှ သိရသည်။
ပဲခူးတိုင်း ရေတာရှည်မြို့နယ် ပိတောက်ခင်ကျေးရွာအုပ်စု မဲဇလီတဲစုရှိ နေအိမ်တစ်အိမ်တွင် ဇွန်လ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲခန့်က အရက်သောက်စားပြီး ညီမဖြစ်သူကို နှိပ်စက်နေသည့် ယောက်ဖကို အစ်ကိုဖြစ်သူက ဓားဖြင့်ခုတ်သတ်ခဲ့ကြောင်း ရေတာရှည်မြို့မရဲစခန်းထံမှ သိရသည်။
18-Jun-2018 tagged as ပဲခူးတိုင်း
ပဲခူးတိုင်း ဖြူးမြို့နယ် ကညွတ်ကွင်းမြို့ ရေပြာကျေးရွာနေ အမျိုးသမီးတစ်ဦးက ကျေးရွာရာအိမ်မှူး၊ ဆယ်အိမ်မှူးနှင့် ရပ်မိရပ်ဖတို့ကို ဇွန်လ ၁၆ ရက်နေ့က ပုဒ်မနှစ်ခုဖြင့် အမှုဖွင့်တိုင်တန်းခဲ့ကြောင်း ကညွတ်ကွင်း နယ်မြေရဲစခန်းထံမှ သိရသည်။
ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် မေတ္တာရပ်ကွက် အလယ်တန်းကျောင်းခွဲ နှစ်ထပ်စာသင်ဆောင်တစ်ခုတွင် ဇွန်လ ၁၃ ရက်နေ့ ညနေ ၅ နာရီခွဲခန့်က ခိုတက်ဖမ်းသည့် တတိယတန်းကျောင်းသား ၃ ဦး အနက် တစ်ဦးပြုတ်ကျသေဆုံးခဲ့ကြောင်း ကျောက်ကြီးမြို့မရဲစခန်းထံမှ သိရသည်။
ပဲခူးတိုင်း အရှေ့ခြမ်းမြို့နယ်များရှိ ကျေးရွာများတွင် တာဝန်ယူလုပ်ကိုင်သူများနှင့် ဒေသခံများအကြားဖြစ်ပေါ်နေသော ပြဿနာများကို ဇွန်လ ၂၆ ရက်နေ့၌ ကျင်းပမည့် လွှတ်တော်အစည်းအဝေးတွင် ရှင်းလင်းမည်ဖြစ်ကြောင်း ယင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။
ပဲခူးတိုင်းစည်ပင်သာယာရေး ဝန်ကြီးဟောင်း၊ သာယာဝတီမြို့နယ် အမှတ် (၂) တိုင်းဒေသကြီး ကိုယ်စားလှယ် ဦးမောင်မောင်လွင်က လူမှုကွန်ရက်စာမျက်နှာတွင် ၎င်းကိုဝေဖန်သည့် ဖေ့စ်ဘွတ်ခ် အကောင့်ပိုင်ရှင်ကို ဆက်သွယ်ရေး ပုဒ်မဖြင့် အမှုဖွင့်ထားရာ ဇွန်လ ၈ ရက်က သာယာဝတီမြို့နယ်တရားရုံးတွင် စတင်စစ်ဆေးသည်။
ပဲခူးတိုင်း တောင်ငူခရိုင် ထန်းတပင်မြို့နယ် နတ်ရွာတွင် ဇွန်လ ၇ ရက်နေ့ ညနေ ၆ နာရီခန့်က သားအဖနှစ်ယောက် အရက်အတူသောက်စားကြရာမှ ဖခင်ဖြစ်သူကို သားက ဓားဖြင့်ထိုးသတ်ခဲ့ကြောင်း ထန်းတပင် မြို့မရဲစခန်းထံမှ သိရသည်။