POST TAGGED AS

ပဲခူးတိုင်း

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့တွင် သောက်သုံးရေကန် အငြင်းပွားမှု ဆန္ဒထုတ်ဖော်ပွဲတွင် ဆန္ဒပြခဲ့သည့် ဒေသခံများကို မြို့ခံသတင်းထောက်များက တရားစွဲဆိုထားခြင်းနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို ဩဂုတ်လ ၇ ရက်နေ့ နံနက်က ပြည်မြို့ရှိ မြေလတ် ဂျာနယ်လစ်ရုံးခန်းတွင် ပြုလုပ်ခဲ့သည်။
ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်းမြို့နယ်များတွင် ရေကြီးရေလျှံမှုများကြောင့် ယာယီပိတ်ထားရသော အခြေခံပညာ စာသင်ကျောင်း ၄၀၀ ကျော်ကို ယနေ့ (ဩဂုတ်လ ၆ ရက်)မှစ၍ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း ပဲခူးတိုင်းပညာရေးမှူးရုံးထံမှ သိရသည်။
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် အရှေ့ဘက်ခြမ်းရှိ မဒေါက်၊ ရွှေကျင်နှင့် ညောင်လေးပင်မြို့များရှိ ရေဘေးကယ်ဆယ်ရေး စခန်းများကို ဩဂုတ် ၃ ရက်နေ့မှစတင်ပိတ်သိမ်းလိုက် ပြီဖြစ်ကြောင်း ညောင်လေးပင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီထွေးက ပြောကြားသည်။
ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့နယ် အမှတ် (၁) ရပ်ကွက်ရှိ အများပြည်သူပိုင်သောက်သုံးရေကန်ကို မိမိပိုင်သည်ဟုဆိုကာ ခြံခတ်ထားသူက ယင်းရေကန်ဘောင်ပေါ်တက်သူ ဒေသခံ ၇ ဦးနှင့် သောက်ရေကန် လှူဒါန်းထားသော မိသားစုဝင်တစ်ဦးကို တရားစွဲထားမူကို မကျေနပ်၍ဒေသခံ အင်အား (၅၀၀) တို့က သြဂုတ်လ ၃ ရက်နေ့ မနက် ၉ နာရီအချိန်မှစတင်၍ အမှတ် (၁) ရပ်ကွက်မှစ၍ ဇီးကုန်မြို့နယ် မြေစာရင်းရုံးရှေ့နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေများတွင် ပြုလုပ်ကြကြောင်း ဦးဆောင်သူ ဦးမြင့်သိန်းက ပြောသည်။
ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ် စည်ပင်ဦးစီးမှူး၊ စည်ပင်ကော်မတီဥက္ကဌနှင့် စည်ပင်ဦးစီးမှူးတို့ကို ရာထူးက နုတ်ထွက်ပေးရန် သနပ်ပင်ဒေသခံ ၁၂၀ ကျော်ခန့်က ယနေ့နံနက် ၁၀ နာရီက လမ်းလျှောက်ချီတက် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
02-Aug-2018 tagged as ပဲခူးတိုင်း
ပဲခူးတိုင်း ကြို့ပင်ကောက်မြို့နယ်တွင် ငွေနှစ်သောင်းချေးယူရာမှ အိမ်နှင့်ခြံ ပေးလိုက်ရမှုအပေါ် တရားရုံး ဆုံးဖြတ်ချက်ကို မကျေနပ်သည့် ဒေသခံ ၂၀၀ ခန့်က ဩဂုတ်လ ၁ ရက်တွင် မြို့တွင်းလှည့်လည်ကာ ဆန္ဒပြခဲ့သည်။
ပဲခူးတိုင်း အရှေ့ခြမ်း ရေကြီးရေလျှံမှုများနှင့် ကြုံတွေ့နေရသည့် ရွှေကျင်နှင့် မဒေါက်မြို့များအနက် မဒေါက်မြို့ စစ်တောင်းမြစ်ရေကာတာသည် ထိုပိုကျေးရွာအနီး ကျိုးပေါက်ခဲ့သော်လည်း တာဝန်ရှိသူများက သတင်းကို ထိမ်ချန်ထားခဲ့ကြောင်း မဒေါက်မြို့နယ် NLD ပါတီမှ ဒေါက်တာ ခင်ယမင်းစုက ပြောကြားသည်။
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကြက်ခြံများ ရေကြီးနစ်မြုပ်မှုများကြောင့် ထွက်နှုန်းလျော့ကျကာ ကြက်သားဈေးများ မြင့်တက်လာကြောင်း အသားတိုး ကြက်ထုတ်လုပ် မွေးမြူရောင်းချသူများ အသင်းဥက္ကဋ္ဌဖြစ်သူ ဦးကျော်ဝင်းက ပြောကြားသည်။
ပဲခူးတိုင်း ပဲခူးမြို့နယ် ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုမှ အစာအဆိပ်သင့်ပြီး ပဲခူးဆေးရုံကြီး၌ တက်ရောက် ကုသမှုခံယူနေရသူ ကလေးငယ်များအပါအဝင် အမျိုးသား၊ အမျိုးသမီး ၂၃ ဦးသည် သက်သာသော်လည်း ဆက်လက်စောင့်ကြည့်ရန် ဆေးရုံပေးမဆင်းသေးကြောင်း ပဲခူးဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်အောင်က ပြောကြားသည်။
ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့နယ် အမှတ် (၁) ရပ်ကွက်ရှိ အများပြည်သူပိုင် သောက်သုံးရေကန်ကို မိမိပိုင်သည်ဟုဆိုကာ ခြံခတ်ထားမှုအပေါ် အများပြည်သူထံ ပြန်ပေးရန် ဒေသခံ ၉၀၀ ကျော်က ပဲခူးတိုင်းဝန်ကြီးချုပ်အပါအဝင် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများထံ လက်မှတ်ရေးထိုးကာ ဇူလိုင်လ ၂၆ ရက်က တိုင်ကြားခဲ့ကြောင်း ဦးဆောင်တိုင်ကြားသူ ဦးမြင့်သိန်းက ပြောသည်။