News

POST TAGGED AS

ပုသိမ်

ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့တွင် ဖွင့်လှစ်သော ညောင်ချောင်းသာ ကမ်းခြေ အပန်းဖြေနေရာကို ဒီဇင်ဘာ နောက်ဆုံးပတ်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း ယင်းမြို့နယ် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။
22-Nov-2017 tagged as ပုသိမ်
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးထိုးသည့် အသက် ၉ နှစ်အရွယ် မိန်းကလေးတစ်ဦးမှာ နိုဝင်ဘာလ ၂၁ ရက် ညနေ ၆ နာရီကျော်က ပုသိမ်ဆေးရုံကြီးတွင် သေဆုံးခဲ့ကြောင်း ၎င်း၏ မိဘများထံမှ သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၊ ကညင်ချောင်းကျေးရွာတွင် ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးထိုးခဲ့သော အသက် ၇ နှစ်အရွယ် ကျောင်းသားတစ်ဦး ဆေးထိုးပြီး ၃ ရက်အကြာ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် သေဆုံးခဲ့ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက ပြောကြားသည်။
12-Nov-2017 tagged as ပုသိမ်
ဧရာဝတီတိုင်း ပုသိမ်မြို့ ကမ်းနားလမ်းရှိ ရေပေါ် လဟာပြင်ဈေးရှိ ဆိုင်ခန်းနေရာများကို မဲပြန်နှိုက်ကာနေရာ ပြန်လည် ချထားပေးမည့် အစီအစဉ်ကို ဖျက်သိမ်း လိုက်ကြောင်း ပုသိမ်မြို့ စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။
ဧရာဝတီတိုင်းဒေသကြီး ညောင်းတုန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၂ ဦးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အရာရှိများ အပါအဝင် ၇ ဦးကို ပင်လုံရတနာ ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီက တရားစွဲဆိုထားမှု နိုဝင်ဘာ ၈ ရက်က ဆက်လက် စစ်ဆေးရာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အယောက် ၃၀ ခန့် လာရောက် နားထောင်ခဲ့ကြောင်း တရားပြိုင်များထံမှ သိရသည်။
ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ဂုံးချောင်းကျေးရွာတွင် အောက်တိုဘာလ ၂၀ ရက်နေ့ည ခေါင်းဖြတ်လူသတ်မှုမှ ကျူးလွန်သူသုံးဦးကို ဖမ်းမိထားပြီဖြစ်ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်သည်။
06-Nov-2017 tagged as ပုသိမ်
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ ခုံကြီးအုပ်စု၊ သရက်စမ်းကျေးရွာအနီး ကျောက်တောင်များကို မိုင်းခွဲကာ ကျောက်ကြီး (လမ်းခင်းကျောက်) ထုတ်လုပ်နေမှုကြောင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများ ရှိနေကြောင်း ယင်းဒေသခံများက ပြောကြားသည်။
03-Nov-2017 tagged as ပုသိမ်
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ ရွှေမုဌော မဟာစေတီတော်မြတ်ကြီး၏ ရင်ပြင်တွင် အကြိမ် ၃၀ မြောက် မသိုးသင်္ကန်း ယှဉ်ပြိုင် ရက်လုပ်ကပ်လှူ ပွဲတော်ကို နိုဝင်ဘာလ ၂ ရက်နေ့ တန်ဆောင်တိုင် မီးထွန်းပွဲတော် ပထမနေ့ ည ၆ နာရီက စတင် ကျင်းပခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းကမ်းခြေမြို့ရှိ ဂေါ်ရန်ဂျီကျွန်းဒေသတွင် လူထုအခြေပြု ခရီးသွားလုပ်ငန်း အကောင်အထည်ဖော်ရန် အဆိုပြုလွှာကို ငရုတ်ကောင်း အနောက်ဘက် ကမ်းခြေဒေသခံများက ဧရာဝတီ တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြထားကြောင်း ဧရာဝတီ တိုင်းဒေသကြီး၊ ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။
29-Oct-2017 tagged as ပုသိမ်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၏ အများပြည်သူ အနားယူ အပန်းဖြေရာ နေရာဖြစ်သည့် ကန်သာယာ ပန်းဥယျာဉ် (ကန်သုံးဆင့်)မှ အပိတ် ကာရန်ထားသော အုတ်တံတိုင်းများကို အပြင်မှအတွင်းသို့ မြင်နိုင်သည့် အုတ်တံတိုင်းများအဖြစ် ပြန်လည် ကာရံကာ အဆင့်မြှင့်မည်ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ပြောကြားသည်။