News

POST TAGGED AS

ပုဂံ

ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်းရှိ ဘုရားအမှတ်-၁၂၉၁ ပေါ်မှနေ၍ ဂျာမနီနိုင်ငံသူတစ်ဦး မတ်လ ၂၇ ရက် (တပ်မတော်နေ့) နံနက်ပိုင်းက ခြေချော်လိမ့်ကျခဲ့ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောကြားသည်။
ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်း ရှေးဟောင်းအထိမ်းအမှတ် အဆောက်အအုံများတည်ရှိရာဇုန် (MZ) အတွင်း မြတ်မင်းကုမ္ပဏီက ဟိုတယ်တည်ဆောက်ရေးလုပ်ငန်းများ လုပ်ဆောင်နေကြောင်း ပုဂံဒေသခံများထံမှ သိရသည်။
ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်း ရှုခင်းကြည့်တောင်ကုန်းများ ထပ်မလုပ်ရန်နှင့် လက်ရှိလုပ်ဆောင်နေမှုများကို အမြန်ဆုံးရပ်တန့်ပေးရန် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ အငြိမ်းစားအရာရှိကြီးများဖြင့် ဖွဲ့စည်းထားသော မြန်မာရှေးဟောင်း သုတေသနပညာအသင်းက တောင်းဆိုလိုက်သည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်းရှိပြီး ၁၉၆၆ ခုနှစ်နောက်ပိုင်း ပြန်လည်တည်ဆောက်ထားသည့် ဘုရား၊ စေတီများအနက် ပိုနေသည့်အစိတ်အပိုင်းများကို ဖယ်ရှားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ညွန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောကြားသည်။
12-Mar-2018 tagged as ပုဂံ ဘုရား
ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်း ယခုလဆန်းပိုင်းက ပြိုကျခဲ့သည့် ဘုရားအမှတ် ၁၀၆၆ ကို ပြန်လည်ပြုပြင်မည်မဟုတ်ဘဲ မျက်မြင်အတိုင်းသာ ထားရှိရန် ဆုံးဖြတ်ထားကြောင်း ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) ဒုတိယညွှန်ကြာရေးမှူး ဦးစိုးစိုးလင်းက ပြောကြားသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်းရှိပြီး တက်ရောက်ခွင့် ပိတ်ပင်ထားသော ရွှေဂူကြီးဘုရားပေါ်သို့ တရုတ်နိုင်ငံသူ အမျိုးသမီးတစ်ဦး မတ်လ ၃ ရက်နေ့က တက်ရောက်ခဲ့သဖြင့် သတိပေး တားမြစ်ခဲ့ရကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ဦးစီးအရာရှိ ဦးမင်းဇော်ထွေးက ပြောကြားသည်။
ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်းရှိ ရှေးဟောင်းဂူ ဘုရားတစ်ဆူ မတ်လ ၄ ရက်နေ့ မွန်းလွဲပိုင်းက ပြိုကျခဲ့ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ညွန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောကြားသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရေး ယူနက်စကိုသို့ တင်သွင်းထားသည်ကို ကြိုဆိုသည့်အနေနှင့် ပုဂံရှုခင်းများသာ သီးသန့်ပြသမည့်ဓာတ်ပုံပြပွဲကို မတ်လပထမပတ်အတွင်း ကျင်းပမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ထံမှ သိရသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ဘုရားအချို့ကို ပြုပြင်ထိန်းသိမ်းရန် ယူရိုတစ်သိန်းသုံးသောင်းကျော် ဂျာမနီနိုင်ငံကထောက်ပံ့ပေးထားကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနထံမှ သိရသည်။
ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ ပုဂံမြို့သစ်တွင် ကျပ်သိန်း ၅၀၀ ကုန်ကျမည့် မြို့ဝင်မုခ်ဦးအသစ်တစ်ခု စိုက်ထူနိုင်ရန် စီစဉ်နေကြောင်း ပုဂံဒေသ ဖွံ့ဖြိုးတိုးတက်ရေးအသင်းထံမှ သိရသည်။