News

POST TAGGED AS

ပါတီ

၈၈ မျိုးဆက် ကျောင်းသားဟောင်း အများစုဖြင့် ဖွဲ့စည်းထားသည့် ရှစ်လေးလုံးပါတီကို အမည်ပြောင်းလဲရန် မတ်လ ၃၁ ရက်က ကျင်းပခဲ့သော ပါတီဖြစ်မြောက်ရေး ဗဟိုကော်မတီ အစည်းအဝေးက အကြမ်းဖျင်း ဆုံးဖြတ်ခဲ့ကြောင်း ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ ကိုမင်းဇေယျက ပြောကြားသည်။
ရွေးကောက်ပွဲ ကော်မရှင်၏ ကမ်းလှမ်းချက်အရ ရှစ်လေးလုံးပါတီ ဖြစ်မြောက်ရေး ဗဟိုဦးဆောင်ကော်မတီနှင့် ရွေးကောက်ပွဲကော်မရှင်တို့ မတ်လ ၂၆ ရက် နေ့လယ်ပိုင်း၌ အလွတ်သဘော တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း ရှစ်လေးလုံးပါတီ ဖြစ်မြောက်ရေး ကော်မတီဝင် ဦးကျော်လင်းက ပြောကြားသည်။
စစ်တွေမြို့တွင် မတ်လ ၂၀ ရက်မှ စတင်ကာ ၂ ရက်ကြာ ပြုလုပ်မည့် ရခိုင်အမျိုးသားပါတီ (ANP) မှ အိန္ဒိယနိုင်ငံ၏ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ် သင်တန်းကို ပြည်နယ်အာဏာပိုင်များက မေးမြန်းမှုများရှိသောကြောင့် သင်တန်းရပ်ဆိုင်းလိုက်ကြောင်း ယင်းပါတီထံမှသိရသည်။
အီတလီနိုင်ငံတွင် ရွေးကောက်ပွဲနီးကပ်လာသည့်အတွက် နိုင်ငံတစ်လွှား မဲဆွယ်မှုများကို လူထုစည်းဝေးပွဲများဖြင့် အပြီးသတ်လိုက်ကြပြီဟု DW သတင်းတွင် ဖော်ပြထားသည်။
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးသည့် မွန်ပြည်သစ်ပါတီအား မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဖေဖော်ဝါရီ ၂၈ ရက်တွင် ဂုဏ်ပြုထောက်ခံပွဲ ကျင်းပပြုလုပ်သည်။
မွန်ပြည်နယ်ရေးမြို့နယ် ခေါ်ဇာမြို့နယ်ခွဲရှိ မာန်အောင်ကျေးရွာအနီးတွင် မွန်ပြည်သစ်ပါတီတပ်ဖွဲ့တို့နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်ဖွဲ့ဝင် တို့အကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း မွန်ပြည်သစ်ပါတီထံမှ သိရသည်။
တံတားဦးမြို့နယ်ရှိ လက်ဆောင်ယူကျေးရွာနှင့် ဥယျာဉ်ကျေးရွာတို့မှ ဒေသခံများ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသို့ ရွာလုံးကျွတ်ဝင်သည်မှာ မဟုတ်ကြောင်း ယင်းကျေးရွာများရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်များက ပြောကြားသည်။
ပါတီပုံရိပ်အား ထိခိုက်စွာပြောဆိုခဲ့သည့် မြိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင်အား ပါတီတာဝန်မှ ယာယီရပ်ဆိုင်းခဲ့ကြောင်း ယင်းမြို့နယ် NLD ပါတီ အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး ဦးငြိမ်းချမ်းဦးက ပြောကြားသည်။
“အဖ ရခိုင်ပါတီ” အမည်ဖြင့် ပါတီတည်ထောင်ခွင့် ဖေဖော်ဝါရီလ ၁၉ ရက်က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံသို့ လျှောက်ထားလိုက်ပြီဖြစ်ကြောင်း ယင်းပါတီကို ဦးဆောင်တည်ထောင်သူ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇောဦးက လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ထုတ်ပြန်ကြေညာလိုက်သည်။
ပါတီမှတ်ပုံတင်ထားသော ရှစ်လေးလုံးပါတီ တည်ထောင်သူများစာရင်းတွင် ပါဝင်သူများ၏ နောက်ကြောင်းရာဇဝင်များကို ပြည်ထဲရေးကစစ်ဆေးပြီးစီး၍ ရွေးကောက်ပွဲကော်မရှင်ထံ ပေးပို့လိုက်ပြီဖြစ်ကြောင်း ပါတီဦးဆောင်သူဖြစ်သူ ဦးကိုကိုကြီးက ပြောကြားသည်။