News

POST TAGGED AS

ပါတီ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ဇွန်လ ၁၄ ရက်တွင် နေပြည်တော်၌တွေ့ဆုံရန် ကော်မရှင်မှ နိုင်ငံရေးပါတီများသို့ ဖိတ်စာပို့ထားကြောင်း ကော်မရှင်ပြောခွင့်ရပုဂ္ဂိုလ် ဦးမြင့်နိုင်က ပြောကြားသည်။
ပါတီက ရာထူးမှနုတ်ထွက်ခိုင်း၍ နုတ်ထွက်ရခြင်းဖြစ်ကြောင်း မွန်ပြည်နယ် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုလက်မှုဝန်ကြီး ဦးမင်းထင်အောင်ဟန်က ပြောကြားသည်။
မွန်လူမျိုးကို ကိုယ်စားပြုသည့် မွန်နိုင်ငံရေး ပါတီများဖြစ်သည့် မွန်အမျိုးသား ပါတီနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့ ၂၀၁၈ ကုန်သည့်အထိ ပေါင်းစည်းမှု မပြုပါက မွန်ပြည်သစ်ပါတီအနေနှင့် နောက်ထပ် နည်းလမ်းသစ် ရှာမည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ ဒုဥက္ကဋ္ဌ နိုင်ဟံသာက ပြောဆိုသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ လူငယ်ညီလာခံကို မေလ နောက်ဆုံးပတ်အတွင်း နေပြည်တော်ရှိ ပါတီဌာနချုပ်တွင် ကျင်းပမည်ဖြစ်ကြောင်း ယင်းပါတီ၏ ဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင်က ပြောကြားသည်။
နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား (NVC) ထုတ်ပေးကာ လွတ်လပ်စွာ သွားလာခွင့်ပြုမည့် အစိုးရ၏အစီအစဉ်ကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကန့်ကွက်သည့် သတင်းစာရှင်းလင်းပွဲကို ပြုလုပ်ခဲ့ပြီး လွှတ်တော်တွင် အဆိုတင်သွားမည်ဖြစ်ကြောင်း အဆိုပါ ပါတီထံမှ သိရသည်။
၈၈ မျိုးဆက် ကျောင်းသားဟောင်း အများစုဖြင့် ဖွဲ့စည်းထားသည့် ရှစ်လေးလုံးပါတီကို အမည်ပြောင်းလဲရန် မတ်လ ၃၁ ရက်က ကျင်းပခဲ့သော ပါတီဖြစ်မြောက်ရေး ဗဟိုကော်မတီ အစည်းအဝေးက အကြမ်းဖျင်း ဆုံးဖြတ်ခဲ့ကြောင်း ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ ကိုမင်းဇေယျက ပြောကြားသည်။
ရွေးကောက်ပွဲ ကော်မရှင်၏ ကမ်းလှမ်းချက်အရ ရှစ်လေးလုံးပါတီ ဖြစ်မြောက်ရေး ဗဟိုဦးဆောင်ကော်မတီနှင့် ရွေးကောက်ပွဲကော်မရှင်တို့ မတ်လ ၂၆ ရက် နေ့လယ်ပိုင်း၌ အလွတ်သဘော တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း ရှစ်လေးလုံးပါတီ ဖြစ်မြောက်ရေး ကော်မတီဝင် ဦးကျော်လင်းက ပြောကြားသည်။
စစ်တွေမြို့တွင် မတ်လ ၂၀ ရက်မှ စတင်ကာ ၂ ရက်ကြာ ပြုလုပ်မည့် ရခိုင်အမျိုးသားပါတီ (ANP) မှ အိန္ဒိယနိုင်ငံ၏ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ် သင်တန်းကို ပြည်နယ်အာဏာပိုင်များက မေးမြန်းမှုများရှိသောကြောင့် သင်တန်းရပ်ဆိုင်းလိုက်ကြောင်း ယင်းပါတီထံမှသိရသည်။
အီတလီနိုင်ငံတွင် ရွေးကောက်ပွဲနီးကပ်လာသည့်အတွက် နိုင်ငံတစ်လွှား မဲဆွယ်မှုများကို လူထုစည်းဝေးပွဲများဖြင့် အပြီးသတ်လိုက်ကြပြီဟု DW သတင်းတွင် ဖော်ပြထားသည်။
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးသည့် မွန်ပြည်သစ်ပါတီအား မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဖေဖော်ဝါရီ ၂၈ ရက်တွင် ဂုဏ်ပြုထောက်ခံပွဲ ကျင်းပပြုလုပ်သည်။