News

POST TAGGED AS

ပညာရေး

30-May-2018 tagged as ပညာရေး
တက္ကသိုလ်၊ ကောလိပ်များတွင် နိုင်ငံရေးနှင့်ပတ်သက်၍ ဟောပြောခြင်း၊ စာတမ်းဖတ်ခြင်းများ မပြုလုပ်ရန် ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနက တားမြစ်လိုက်သည်။
30-May-2018 tagged as ပညာရေး
မိဘတွေဆိုတာက အမျိုးမျိုးရှိပါတယ်။ ပညာအခြေခံ မတူကြဘူး။ အတန်းပညာတွေ ဘာတွေတတ်တယ်ဆိုဦးတော့ ကလေးတစ်ယောက်ကို ဘယ်လိုသွန်သင်ဆုံးမရမယ်ဆိုတဲ့ အသိပညာက ရှိချင်မှ ရှိမှာ။ နည်းနည်းပါးပါး ရှိတယ်ဆိုဦးတော့ ကလေးတစ်ယောက်ကို ဘယ်လိုပုံ ဘယ်လိုနည်းနဲ့ ချဉ်းကပ်ပြီး သွန်သင်ပေးရမလဲဆိုတဲ့ ပညာကတော့ ဆရာတွေလောက်ရှိမှာမဟုတ်ပါဘူး။
30-May-2018 tagged as ပညာရေး
အခက်အခဲတိုင်း၏နောက်ကွယ်တွင် အောင်မြင်မှုပန်းတိုင်သည် ဧကန်အမှန်ရှိနေသည်မှာ လောကနီတိ သစ္စာတရားတစ်ခု ဖြစ်ပါသည်။ သို့ဖြစ်ရာ လူငယ် ကျောင်းသား၊ ကျောင်းသူများအနေနှင့် မျက်စိကိုဖွင့်၊ နားကိုစွင့်ကာ မိမိတို့ လက်ရှိရောက်နေကြသည့် နယ်ပယ်များတွင် ရပ်တန့်ကာ ပျော်မွေ့မနေဘဲ ဆထက် ထမ်းပိုးကြိုးပမ်းကြပါစို့ဟု တိုက်တွန်းလိုက်ရပါသည်။
ဒုတိယအကြိမ်မြောက်ကျင်းပသည့် မန္တလေးတိုင်းလွှတ်တော်က ဖြတ်တောက်ခဲ့သော ဘဏ္ဍာငွေကျပ်သိန်းပေါင်း တစ်သိန်းကျော်ကို ပညာရေးနှင့် ကျန်းမာရေးအပါအဝင် အခြားကဏ္ဍများအတွက် ပြန်လည်ခွဲဝေပေးခဲ့သည်။
26-May-2018 tagged as ပညာရေး
အခုတော့ “COE” မရှိဘူး၊ ရှိတယ်။ ဝင်ခွင့် မရှိဘူး၊ ရှိတယ်။ အချိုးမပြေတဲ့ ဝန်ထမ်းတွေကို နယ်စွန်နယ်ဖျားတွေ ပို့ပစ်မယ်။ ကုစား ရှိတယ်၊ မရှိဘူး။ အဆင့် A, B, C ခွဲမယ်၊ မခွဲဘူး။ တက္ကသိုလ်ဝင်တန်း ရောက်လာတဲ့ ကျောင်းသားတွေထဲက သိပ္ပံတွဲကို လိုက်နိုင်တဲ့သူက ၃၀ ရာခိုင်နှုန်း မကျော်ဘူးဆိုတဲ့ စကားတွေနဲ့ ရှေ့ဆောင်ရှေ့ ရွက်ပြုနေသူကြီးရဲ့ ပညာရေး ပြုပြင်ပြောင်းလဲမှုကို ဘယ်လောက်များ မျှော်လင့်ချက်ထားရမလဲ မတွေးရဲစရာပါ။
တောင်ကိုရီးယားနိုင်ငံတွင် Hagwon ဆိုသည့် ပုဂ္ဂလိကပညာရေးစနစ်သည် အမြစ်တွယ် ခိုင်မာလျက်ရှိသည်။ ယခုအခါ တောင်ကိုရီးယား ပုဂ္ဂလိက ပညာရေးဌာနများသည် အာရှကို ထိုးဖောက်ရန် အားထုတ်နေသည်။ တောင်ကိုရီးယားသည် သူတို့ပညာရေးစနစ်ဖြစ်သည့် Hagwon ကို ပြည်ပပို့ကုန် တစ်ခုအနေနှင့် ဗီယက်သို့ တိုးဝင်နိုင်စေရန် ကြိုးစားလျက်ရှိသည်။
26-May-2018 tagged as ပညာရေး ဂျပန်
၂၀၁၈ ခုနှစ် ဧပြီလ ၂၈ ရက်နေ့က အီဂျစ်နိုင်ငံ ပညာရေးဝန်ကြီးဌာနသည် ဂျပန်နိုင်ငံမှ Tokkatsu ပညာရေးစနစ်ကို အီဂျစ်နိုင်ငံမှ ဆရာများအား သင်တန်းပေးရန် ဂျပန်နိုင်ငံသို့ စေလွှတ်မည် ဖြစ်ကြောင်းပြောကြားသည်။ အီဂျစ်နိုင်ငံတွင် လာမည့်စက်တင်ဘာလက စတင်ပြီး ကျောင်းပေါင်း ၄၅ ကျောင်း၌ Tokkatsu စနစ်ကို စတင်ကျင့်သုံးကာ သင်ကြားနိုင်ရန်ဖြစ်သည်။
တရုတ်နိုင်ငံမှ ထင်ရှားသည့် Alibaba Group ကုမ္ပဏီကြီးကို ထူထောင်သူ ဂျက်မာက ပညာရေးနှင့်ပတ်သက်ပြီး စဉ်းစားဆင်ခြင်စရာ မီးမောင်းထိုးပြလိုက်မှုတစ်ခုကို ပြုလုပ်လိုက်ပါသည်။ သူက အနာဂတ် တရုတ်ပညာရေးကို AI (artificial intelligence) ခေတ်တစ်ခေတ်အနေနှင့် ကျောင်းသားကျောင်းသူများတွင် လက်နက်ကောင်းတစ်ခုသဖွယ် တပ်ဆင်ပေးရန် တရုတ်နိုင်ငံ တီယန်ကျင်းမြို့တွင် ကျင်းပနေသည့် ဒုတိယအကြိမ်မြောက် World Intelligence Congress ၌ တိုက်တွန်းပြောကြားသွားသည်။
24-May-2018 tagged as ပညာရေး
ရန်ကုန်နှင့် မန္တလေးမှ တက္ကသိုလ် ၁၁ ခုကို ယခုနှစ်မှစ၍ တိုက်ရိုက်လျှောက်ထားခွင့်ပြုလိုက်ပြီဖြစ်သည်။ ထိုသို့ တိုက်ရိုက်လျှောက်ထားခွင့်ပြုလိုက်သည့်အပေါ် တက္ကသိုလ်ဆရာများ၏ သဘောထားအမြင်များကို ယခုတစ်ပတ် ဆရာများ၏ ရင်ဖွင့်သံကဏ္ဍမှတစ်ဆင့် The Voice က စုစည်းဖော်ပြလိုက်ပါသည်။
22-May-2018 tagged as ပညာရေး
တက္ကသိုလ်ဝင် (ဆယ်တန်း) စာမေးပွဲ အောင်စာရင်း ဇွန် ၂ ရက်ထွက်မည်ဟု လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့်သတင်းမှာ ကောလာဟလဖြစ်ပြီး ရက်မသတ်မှတ်ရသေးကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန ဒုညွှန်ကြားရေးမှူးချုပ် ဦးအောင်ထိုက်က မေလ ၂၂ ရက် နံနက်ပိုင်းတွင် The Voice သို့ ပြောကြားသည်။