News

POST TAGGED AS

ပညာရေး

09-Jun-2018 tagged as ပညာရေး အိန္ဒိယ
အိန္ဒိယနိုင်ငံဒေလီမြို့နှင့် အနီးမဝေး ကျေးလက်ဒေသများတွင် ပညာရေးအတွက် ဖွံ့ဖြိုးတိုးတက်စေရန် လှုပ်ရှားမှုများ လုပ်ဆောင်နေကြသည်။ အထူးသဖြင့် ခေတ်မီနည်းစနစ်များဖြင့် ပညာသင်ကြားရေးကို အထောက်အကူဖြစ်စေရန် ကြိုးပမ်းဆောင်ရွက်နေကြခြင်းဖြစ်သည်။ ထိုလှုပ်ရှားမှုကို ဦးဆောင်နေသူမှာ မစ္စတာဒီနန်ဒရာလိုမာဖြစ်သည်။ သူသည် ဘဏ်လုပ်ငန်းဆိုင်ရာနှင့် ငွေကြေးဆိုင်ရာ လုပ်ငန်းများတွင် အတွေ့အကြုံရှိသူတစ်ဦးဖြစ်သလို လုပ်ငန်းများကိုလည်း ရင်းနှီးမြှုပ်နှံထားသူတစ်ဦးဖြစ်သည်။
ကလေးအုပ်စုတစ်စု စုစုပေါင်း ၄၃ ဦးသည် သစ်တောထဲတွင် ပျော်ရွှင်စွာ ပြေးလွှားနေကြသည်။ သူတို့သည် ဒုတိယတန်းအဆင့် ကျောင်းသား၊ ကျောင်းသူလေးများဖြစ်ကြသည်။ ဖင်လန်နိုင်ငံ တောင်ပိုင်း ကန်ဂါဆာလာအရပ်ရှိ မူလတန်းကျောင်းက ကျောင်းသားများဖြစ်ကြပြီး ကျောင်းပြင်ပ သစ်တောထဲထွက်ကာ တစ်ရက်လျှင် ၂ နာရီမှ သုံးနာရီခန့် လေ့ကျင့်သင်ကြားကြရသည်။ သူတို့အားလုံး Sumino ကုမ္ပဏီမှ လန်စီကြာနှင့်ပူးပေါင်းပြီး လေ့ကျင့်နေကြခြင်းဖြစ်သည်။ ထိုကလေး ၄၃ ဦးကို Sumino သည် နောက်နှစ်တွင် တရုတ်နိုင်ငံသို့ လေ့လာရေးခရီးခေါ်သွားမည်။
ဖင်လန်နိုင်ငံတွင် Degree Programme in Kindergarten Teacher Education ဆိုသည့် ဘွဲ့ပေးသော အစီအစဉ်တစ်ခုရှိသည်။ ဆရာလုပ်ချင်သူ အထူးသဖြင့် Kindergarten တန်းကို သင်ချင်သူများအတွက် အထူးအစီအစဉ်တစ်ရပ်အနေနှင့် စီစဉ်ပေးထားသည့် ပရိုဂရမ်တစ်ခုဖြစ်သည်။ ရှေးဦးသင်ပညာရေးအတွက် အရေးကြီးသည်ဟု ယူဆသောကြောင့် အထူးလေ့ကျင့်သင်တန်းပေးနေသည့် သင်တန်းတစ်ခုလည်းဖြစ်သည်။
06-Jun-2018 tagged as ပညာရေး
ကျရှုံးကျောင်းသားများမှာလည်း သိန်းနှင့်ချီ များပြားလျက်ရှိနေသေးသည်။ နည်းပညာအထက်တန်းကျောင်း (GTHS) မှနေ၍ သတ်မှတ်ချက်များနှင့်ညီညွတ်ပါက အဆင့်မြင့်ပညာကို သင်ယူနိုင်မည့် အခွင့်အရေးရှိသည်။ ထို့ကြောင့် အခြေခံပညာ အထက်တန်း ကျောင်းသားများအား ကျရှုံးသည်အထိ စောင့်ဆိုင်းမနေဘဲ အဆင့်မြင့်ပညာရေး ဆက်လက် တက်ရောက်နိုင်အောင် ပေါင်းကူးနိုင်မည့် အခြားနည်းလမ်းများ များများဖန်တီးပေးနိုင်ပါစေဟု ဆုတောင်းလိုက်ပါသည်။
03-Jun-2018 tagged as ပညာရေး
ပညာရေးစနစ် အမျိုးမျိုးပြောင်းလဲနေသည့် အကြောင်းရင်းကို ချဉ်းကပ်လေ့လာမှုများ ပြုလုပ်ခဲ့ရာတွင် ပညာရေးစနစ် တစ်ခုပြောင်းလဲစေရန် အနည်းဆုံး ၁၀ နှစ် ခန့်လိုအပ်ကြောင်း တောင်ငူမြို့နယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သန်းက ပြောကြားသည်။
ပညာရေးဖွံ့ဖြိုးတိုးတက်အောင်မြင်စေရန် သင်ကြားရေးကို ဖိလုပ်ပြီး၊ အပြိုင်အဆိုင်ကို အားပေးကာ၊ စာမေးပွဲ အထပ်ထပ်စစ်နိုင်ရန် စာကိုအလွတ်ကျက်ခိုင်းမှ ဖြစ်မည်ဆိုသည့် အတွေးအမြင် ရှိသူများကို ဖင်လန်နိုင်ငံသို့ သွားရောက်လေ့လာရန် တိုက်တွန်းလိုပါသည်။ ဖင်လန်နိုင်ငံက ယနေ့နိုင်ငံတကာ လိုက်နာဆောင်ရွက်နေသည့် ပညာရေးစနစ်ကို ၁၉၇၁ ခုနှစ်တွင် ထားပစ်ခဲ့ပြီးဖြစ်သည်။
02-Jun-2018 tagged as ပညာရေး စင်္ကာပူ
ကမ္ဘာ့ပညာရေးစနစ်က AI (Artificial Intell- igence) ဆိုသည့် လမ်းကြောင်းဘက်ကို ဦးတည်နေချိန်တွင် စင်ကာပူကလည်း နောက်ကျမကျန်နေစေရန် အသည်းအသန်ပြင်ဆင်နေပြီး စင်ကာပူကို AI အတွက် သုတေသနနှင့် စွန့်ဦးလုပ်ငန်းများ စတင်လုပ်ဆောင်နိုင်မည့် ဗဟိုအချက်အချာကျသော နိုင်ငံဖြစ်စေရမည်ဟု ထုတ်ဖော်လိုက်သည်။ နိုင်ငံ့ခေါင်းဆောင်များကလည်း AI ဖြင့် အနာဂတ်စီးပွားရေးကို တည်ဆောက်ပြီး နိုင်ငံသားများ၏ အလုပ်အကိုင် အာမခံချက်ရှိရေးအတွက် AI ကို တိုးချဲ့လုပ်ဆောင်ရန် ကတိပေးထားသည်။
02-Jun-2018 tagged as ပညာရေး တရုတ်
၂၀၁၇ ခုနှစ်ကတည်းက တရုတ်ခေါင်းဆောင်များသည် လာမည့် ၂၀၃၀ ပြည့်နှစ်တွင် AI သုတေသနလုပ်ငန်းများ၌ ကမ္ဘာကို ဦးဆောင်နိုင်သည့် နိုင်ငံကြီးတစ်နိုင်ငံဖြစ်နေရမည်ဆိုသည် Masterplan ကို ချမှတ်ထားသည်။ ထိုလမ်းပြမြေပုံကို ရေးဆွဲထားပြီးနောက် တရုတ်လူ့ဘောင်အဖွဲ့အစည်းတွင် AI (Artificial Intelligence) ကို မည်သို့ထည့်သွင်းမည်နည်း၊ မြို့ပြစက်မှုလုပ်ငန်းများတွင် AI ကို မည်သို့ထည့်သွင်းအသုံးချမည်နည်း ဆိုသည်တို့ကိုလည်း လေ့လာဆန်းစစ်နေကြသည်။
ခေတ်မီစာသင်ခန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ကျောင်းသားများ ကွန်ပျူတာနည်းပညာကို ပညာရေးအတွက် အကျိုးရှိစွာအသုံးပြုနိုင်ရန် Apple ကုမ္ပဏီက တန်ဖိုးသင့် တက်ဘလက်များကို ထုတ်လုပ်လိုက်ပြီဖြစ်သည်။ တန်ဖိုးသင့်ဟု ပြောရခြင်းမှာ အကြောင်းရှိပါသည်။ Apple ကုမ္ပဏီ ထုတ်နည်းပညာပစ္စည်းများသည် ဈေးမပေါပါ။ ကလေးတစ်ယောက် တက်ဘလက်တစ်လုံးဆိုပြီး ကြံဆောင်နေသူတွေက ဒေါ်လာ ၁၀၀ တန် ပေါပေါများများ တက်ဘလက်တွေကို ထုတ်ရန် ကြိုးစားနေချိန်တွင် ယခု Apple က ထုတ်လိုက်သည့် ပညာရေးအတွက် iPad တက်ဘလက်များကလည်း ဒေါ်လာ ၃၀၀ ကျော်လောက်နှင့် ထုတ်ပေးမည်ဖြစ်သောကြောင့် တန်ဖိုးသင့်ဟူ၍ ပြောရမည်ထင်ပါသည်။