News

POST TAGGED AS

ပညာရေး

09-Aug-2018 tagged as ပညာရေး
အခုတော့ဗျာ ...။ ပညာရေးဌာနက ဖြန့်ဝေထားတဲ့ ကျောင်းထွက်လက်မှတ်စာအုပ် တစ်အုပ်တည်းမှာပဲ အခေါ်အဝေါ်က နှစ်မျိုးဖြစ်နေလေမှတော့ မှတ်သားရတာက အတော့်ကို ဝေဝေ၀ါးဝါး ဖြစ်နိုင်စေတာကလား။ ကျောင်းထွက်လက်မှတ်ဆိုတဲ့ အသုံးအနှုန်းက မှန်သလား၊ ကျောင်းပြောင်း လက်မှတ်ဆိုတဲ့ အသုံးအနှုန်းက မှန်သလားဆိုတာ ငြင်းချက်ထုတ်စရာ မရှိပေမယ့် (TC) ဆိုတဲ့ စကားရပ်နဲ့ လိုက်လျောညီထွေဖြစ်ရင်တော့ ပိုကောင်းတာပေါ့။
09-Aug-2018 tagged as ပညာရေး
ပညာရေးကောလိပ်များတွင် လစ်လပ်နေသော ကျောင်းအုပ်နေရာအတွက် ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်များမှ ပါရဂူဘွဲ့ရများကို ခန့်ထားရန် အဆင့်မြင့်ပညာဦးစီးဌာနက စီစဉ်မှုအပေါ် ကန့်ကွက်သူများနှင့် ကြိုဆိုသူများကြား ပြိုင်ဆိုင်ဆန္ဒဖော်ထုတ်နေကြသည်။ ယင်းကိစ္စအပေါ် ပညာရေးကောလိပ်ဆရာ၊ ဆရာမများ၏ သဘောထားများကို ယခုတစ်ပတ်ဆရာများ၏ ရင်ဖွင့်သံကဏ္ဍမှတစ်ဆင့် The Voice က စုစည်းဖော်ပြလိုက်ပါသည်။
ပညာရေးကောလိပ်ကျောင်းအုပ်နေရာများအတွက် ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်များမှ ပါရဂူဘွဲ့ရဆရာ၊ ဆရာမများခန့် ထားရန်စီစဉ်မှုကို ကန့်ကွက်ကြောင်း ပညာရေးတက္ကသိုလ်၊ ပညာရေးကောလိပ် ကျောင်းသားများနှင့် အခြေခံပညာဆရာများအပါအဝင် ဦးရေ ၁၀၀၀ ခန့်က လူမှုကွန်ရက်တွင် ဖဲကြိုးစိမ်းလှုပ်ရှားမှု ပြုလုပ်နေကြသည်။
ပညာရေးဝန်ကြီးဌာနက ရေးဆွဲထားသော အဆင့်မြင့်ပညာရေး ဥပဒေမူကြမ်းကို ပြန်ပြင်ရန် အစိုးရ၊ လွှတ်တော်၊ အမျိုးသားပညာရေး မူဝါဒကော်မရှင်၊ ပါမောက္ခချုပ်များကော်မတီနှင့် ကျောင်းသားသမဂ္ဂများ သဘောတူခဲ့ကြောင်း ပါဝင်ဆွေးနွေးခဲ့သည့် ကျောင်းသားကိုယ်စားလှယ်များထံမှ သိရှိရသည်။
ရခိုင်ပြည်နယ် မောင်တောခရိုင်ရှိ ဘင်္ဂါလီလူမျိုးများ ပညာသင်နိုင်ရန် ဖွင့်လှစ်မည့် အဝေးသင်ဌာနတွင် တက်ရောက်ရန်အတွက် ကျောင်းသား ၂၀ ကျော်ကို လက်ခံထားကြောင်း စစ်တွေတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာဝင်းနိုင်ထံမှသိရသည်။
၂၀၂၁ ခုနှစ်အလွန်မှာ စာမေးပွဲမရှိတော့တဲ့အတွက် နဖူးတွေ့ ဒူးတွေ့ကြုံမှ လိုအပ်ချက်တွေ အားနည်းချက်တွေနဲ့ ပူပူညံညံတွေ ဖြစ်လာကြဦးမယ်။ ဘာကြောင့်ပြောရသလဲဆိုတော့ ခုလိုဆွေးနွေးနေတဲ့အချိန်မှာ သိပ်စိတ်မဝင်စားကြဘူး။ အားလုံးပါဝင်ဆွေးနွေးကြတာလည်း မတွေ့ရဘူး။ ဆွေးနွေးကြတဲ့ ကျောင်းအများစုကလည်း ကောင်းပါသည်ခင်ဗျာပဲ။ တချို့ အစည်းအဝေးသာတက်ပြီး ပြန်လာတယ်။ ဘာအစည်းအဝေးမှန်းတောင် မသိခဲ့ကြဘူး။
02-Aug-2018 tagged as ပညာရေး အစိုးရ
ဝန်ထမ်းက ပညာမပြနိုင်အောင် အစိုးရက ပညာပြည့်ဝနေဖို့လိုမည်။ အရည်အသွေးမြင့်သော အစိုးရအဖွဲ့ကို ဘယ်ဝန်ထမ်းမှ ပညာပြလို့မရ။ အစိုးရကိုယ်တိုင်ကလည်း အရည်အသွေး မြင့်နေသင့်သည်။ ဝန်ထမ်းတွေ ပညာပြတာ ခံရပြီဆိုကတည်းက သက်ဆိုင်ရာ အကြီးအကဲဖြစ်သူ၏ အရည်အသွေးပိုင်းကို အရင်ဆုံး မေးခွန်းထုတ်သင့်သည်။ ကိုယ့်ဌာနကိုယ် မနိုင်လို့ ထွက်လာသောအသံဖြစ်သည်။ ဘယ်လိုညှိနှိုင်းဆောင်ရွက်ရင် အဆင်ပြေနိုင်မလဲ ဆိုသောအဖြေကို ရှာကြစေချင်သည်။
ပညာရေးကဏ္ဍမြှင့်တင်ရေးနှင့် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရန် အခြေခံပညာမှ ဆရာ၊ ဆရာမများနှင့် အဆင့်မြင့်ပညာမှ ဆရာ၊ ဆရာမများပါဝင်သော အခြေခံနှင့်အဆင့်မြင့်ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကော်မတီကို ဖွဲ့စည်းလိုက်ကြောင်း ဆရာ၊ ဆရာမများထံမှ သိရှိရသည်။
02-Aug-2018 tagged as ပညာရေး မိဘမဲ့
“ဂရုစိုက်တာကိုလိုချင်တာလည်း ဖြစ်နိုင်တယ်။ နောက်တစ်ခုက အပြုသဘောနဲ့ ကြီးပြင်းမသွားဘဲနဲ့ အရာအားလုံးကို အဆိုးမြင်ပြီးနေတဲ့ပုံစံမျိုးတွေ အများဆုံးတွေ့ရတယ်။ လိုအင်ဆန္ဒပြည့်ဝတယ်လို့ ဘယ်ခါမှ မခံစားရဘဲနဲ့ တစ်ခုခုလိုနေသလိုမျိုးနဲ့ ကြီးပြင်းလာရတဲ့ပုံစံမျိုးပေါ့” ဟု နန်းမောက်ဆိုင်ကဆိုသည်။