News

POST TAGGED AS

ပညာရေး

အခုတော့ဗျာ ...။ ၂၀၁၂-၂၀၁၃ ပညာသင်နှစ်ကစလို့ လက်ရှိ ၂ဝ၁၈-၂၀၁၉ ပညာသင်နှစ်အထိ ဆိုတော့ကာ ...။ ပြန်ရှာပေးရမယ့် ချလန်တွေက ဘယ်နည်းပါ့မလဲ။ ဒီကြားထဲ မှတ်ပုံတင်ကြေးနဲ့ နှစ်စဉ်ကြေးဆိုပြီး ငွေသွင်းချလန်က နှစ်မျိုးခွဲထားတာဆိုတော့ ပိုရှုပ်ကုန်တာပေါ့။ မှတ်ပုံတင်ကြေးဆိုတာက စလုပ်တဲ့နှစ်မှာ တစ်ကြိမ်တည်း သွင်းရတာ။ လွန်ခဲ့တဲ့ ခြောက်နှစ်လောက်က ချလန်စာရွက် အသိမ်းလွန်တော့ ရှာဖို့ခက်တော့တာပေါ့။
“ဆယ်တန်းလည်းအောင်ရမယ်၊ ဒီအကျဉ်းထောင်ကလည်း လွတ်မြောက်သွားမယ်ဆိုရင် အဆိုးထဲကအကောင်းလို့ ပြောလို့ရတယ်”
20-Aug-2018 tagged as ပညာရေး လိင်တူ
မူကြမ်းအဆင့်သာရှိသေးသည့် အခြေခံပညာရေးဥပဒေတွင် လိင်တူချစ်သူများ၏ (ကွဲပြားသောလိင်စိတ်ခံယူမှု- LGBT) ရှိသူများ၏ အခွင့်အရေးကိုလည်း ဖြည့်စွက်ပေးရန် အခြေခံပညာရေး ပညာရေးလုပ်သားများသမဂ္ဂများ ဖြစ်မြောက်ရေး ဗဟိုလုပ်ငန်းကော်မတီက တောင်းဆိုသည်။
18-Aug-2018 tagged as ပညာရေး
မိမိတို့နိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်ဖို့ အားယူနေတဲ့ နိုင်ငံတစ်နိုင်ငံပါ။ အဲဒီလို နိုင်ငံတစ်နိုင်ငံအနေနဲ့ လေ့လာစရာ သင်ယူစရာတွေ အများကြီးရှိနိုင်ပါတယ်။ အသွင်ကူးပြောင်းရေး ကာလတစ်ခုကို ဖြတ်သန်းနေတဲ့နေရာမှာ စိန်ခေါ်မှုတွေ မလွဲမသွေ ရှိပါတယ်။ မိမိနိုင်ငံအနေနဲ့ ကြုံတွေ့သင့်တဲ့ အနေအထားထက် ပိုမိုရင်ဆိုင်ကြုံတွေ့နေရတာလည်း အရှိတရားပါပဲ။
16-Aug-2018 tagged as ပညာရေး မကွေး
မကွေးပညာရေးကောလိပ်တည် ဆောက်စဉ်ကသိမ်းယူခဲ့သည့် လယ်ယာမြေများထဲမှ အသုံးမပြုဖြစ်ဘဲ ပိုလျှံမြေဧက ၄၀ ကျော်အတွက် ယာယီလုပ်ပိုင်ခွင့် ပုံစံ ၃ ပေးအပ်ပွဲကို ဩဂုတ် ၁၆ ရက်နေ့က မကြီးကန်ကျေးရွာရှိ အေးစေတီ ဘုန်းကြီးကျောင်းတွင် ကျင်းပခဲ့သည်။
ပညာရေးကောလိပ် လစ်လပ်ကျောင်းအုပ်နေရာများတွင် ဝိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်များမှ ပါရဂူဘွဲ့ရများခန့်ထားရေး အရည်အချင်းစစ်ဆေးမည်ကို အဆင့်မြင့်ပညာဦးစီးဌာနက ဩဂုတ် ၁၄ ရက်တွင် ပယ်ဖျက်လိုက်ပြီဖြစ်သည်။
15-Aug-2018 tagged as ပညာရေး
ဆယ်တန်းမေးခွန်းပုံစံသစ်ကြောင့် အောင်ချက်မကျစေရေး ကိုးတန်း (နဝမတန်း) ကိုလည်း မေးခွန်းပုံစံပြောင်း မေးရန် ရှိ၊ မရှိ ပညာရေးဒုဝန်ကြီး ဦးဝင်းမော်ထွန်းက တိုက်ရိုက်အဖြေမပေးခဲ့ကြောင်း မိုင်းတုံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဦးက ပြောကြားသည်။
ပြီးခဲ့တဲ့အစိုးရလက်ထက်မှာတော့ သမ္မတကြီးရဲ့ ပညာတော်သင်ဆုဆိုပြီး လုပ်လိုက်ပါသေးတယ်။ ဘယ်နှယောက်လောက် လွှတ်လိုက်လဲဆိုတာတော့ သေချာတော့ မသိလိုက်ပါဘူး။ ဒါပေမဲ့ အခုအစိုးရခေတ်မှာတော့ အစုလိုက် အပြုံလိုက် ပညာတော်သင်လွှတ်ဖို့ကိစ္စ ဆွေးနွေးတာလည်း မကြားမိသလို ပြောသံဆိုသံလည်း မကြားမိသေးပါဘူး။ ဒီတိုင်းသာဆိုရင်တော့ ပညာတတ်မရှိလို့ တိုင်းပြည် နိမ့်၊ တိုင်းပြည် နိမ့်လို့ ပညာတတ်မရှိ၊ အဲလိုနဲ့ လုံးလည်ချာလည် ရိုက်နေဦးမှာပါ။ အစိုးရအနေနဲ့ ဘတ်ဂျက်မရှိလို့ ပညာတော်သင် မလွှတ်နိုင်သေးသည့်တိုင် ပုဂ္ဂလိကဘဏ်တွေနဲ့ပူးပေါင်းပြီ အိမ်တွေ၊ ကားတွေ အရစ်ကျဝယ်ခွင့်ရသလို ထူးချွန်ပေမယ့် နိုင်ငံခြားမှာ ပညာသွားသင်ဖို့ ငွေမရှိတဲ့လူငယ်တွေကို အတိုးနည်းနည်း ငွေချေးပြီး ပညာတော်သင် လွှတ်ပေးသင့်ပါတယ်။
13-Aug-2018 tagged as ပညာရေး
အခြေခံပညာကျောင်းသား တစ်ဦးချင်း၏ ပညာရေး အသုံးစရိတ်ကုန်ကျငွေကို သိရှိ၊ သုံးသပ်နိုင်ရေးတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် စစ်တမ်းကောက်ယူနေကြောင်း ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) ထံမှ သိရှိရသည်။
ပညာရေးဝန်ကြီးဌာန အပါအဝင် နိုင်ငံပိုင် တည်ဆောက်ရေးလုပ်ငန်းများ၌ ကြန့်ကြာအားနည်းနေသော ဝန်ကြီးဌာနများကို ထိရောက်စွာ အရေးယူပေးရန် ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက ယနေ့( ဩဂုတ် ၉ ) ရက်က ကျင်းပသည့် လွှတ်တော်သို့တင်ပြလိုက်သည်။